အီရန် နိုဘယ်ဆုရှင် အင်အားသုံး ဖမ်းဆီးခံရတာကြောင့် ဆေးရုံတင်ထားရ
တီဟီရန်၊ ဒီဇင်ဘာ ၁၆ ပြီးခဲ့တဲ့ သီတင်းပတ်က အီရန် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမန်ဒီ ဖမ်းဆီးခံရချိန် ရိုက်နှက်ခံခဲ့ရတာကြောင့် ဆေးရုံတင်ထားရကြောင်း သူ့ရဲ့မိသားစုက ပြောပါတယ်။ အရပ်ဝတ် အေးဂျင့်တွေက နံပါတ်တုတ်တွေနဲ့ ဦးခေါင်းနဲ့ လည်ပင်းကို အကြိမ်ကြိမ် ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကြောင့် အရေးပေါ်ဌာနကို နှစ်ကြိမ်တိုင် တက်ရောက်ခဲ့ရတယ်လို့ အသက် ၅၃ နှစ်အရွယ် လူ့အခွင့်အရေး…
