ဟောင်ကောင်၊ ဒီဇင်ဘာ ၁၅

ဟောင်ကောင်ရဲ့ သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ လိုလားတဲ့ ပါတီအဖွဲ့ဝင်တွေက ပါတီ ဖျက်သိမ်းပြီး ပါတီ ပိုင်ဆိုင်မှုတွေကို ရောင်းချမှာ ဖြစ်ကြောင်း တရားဝင် မဲခွဲဆုံးဖြတ်ပြီးနောက် ပါတီ ဖျက်သိမ်းကြောင်း ဒီဇင်ဘာ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။

ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှု အဆုံးသတ်ခါနီး ဟောင်ကောင်ရဲ့ ထိပ်သီး လစ်ဘရယ်အဖွဲ့တွေ ထွက်ပေါ်လာချိန် ၁၉၉၄ ခုနှစ်မှာ ဒီမိုကရက်တစ်ပါတီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း ဟောင်ကောင် လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြောင်းလဲမှုတွေကို မိမိတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသလို ကိုယ်တိုင်လည်း ပါဝင်ကူညီခဲ့ကြောင်း အဲဒီပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအချိန်တွေဟာ ပြောင်းလဲသွားပြီး ဖြစ်ပြီး အခုအချိန်မှာ အဲဒီ အခန်းကဏ္ဍကို အဆုံးသတ်ဖို့ မိမိတို့ စိတ်မကောင်းစွာနဲ့ ဆုံးဖြတ်လိုက်ရကြောင်း ကြေညာချက်မှာ ရေးပါတယ်။

ဒီဇင်ဘာ ၁၄ ရက်က မဲခွဲဆုံးဖြတ်ချိန်မှာ ပါတီပိုင် ပိုင်ဆိုင်မှုတွေကို ငွေသားအဖြစ် ပြောင်းလဲရေး ပါတီဝင် ၁၁၇ ဦးက ထောက်ခံပြီး ၁၂၁ ဦးက ကန့်ကွက်ခဲ့ကြောင်း ကြာနေမဲ ပေးခဲ့သူ လေဦး ရှိကြောင်း ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ လိုကင်းဟိုင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါဟာ ပါတီ အဖွဲ့ဝင်တွေရဲ့ တစ်စုတစ်စည်းတည်း ဆုံးဖြတ်ချက် ဖြစ်ကြောင်းနဲ့ ပါတီအဖွဲ့ဝင်တွေ ရှေ့ဆက်ဖို့ အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်ကြောင်းလည်း လိုကင်းဟိုင်က ဆိုတာပါ။

လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော်အတွင်း ဒီမိုကရက်တစ် ပါတီနဲ့ လက်တွဲ လျှောက်လှမ်းခဲ့ကြတဲ့ ဟောင်ကောင် ပြည်သူတွေကို မိမိတို့က ကျေးဇူးတင်ကြောင်းလည်း သူက ဖြည့်စွက် ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက် အစည်းအဝေးက ထွက်ခွာချိန်မှာ ပါတီခေါင်းဆောင်ဟောင်း အမ်မလီလော်က ဒီမိုကရက်တစ်ပါတီအနေနဲ့ အခုလို ဘာကြောင့် အဆုံးသတ်သွားရသလဲ ဆိုတာကို နားမလည်နိုင် ဖြစ်ရကြောင်းနဲ့ ဘေဂျင်းအစိုးရ ရှင်းပြဖို့ လိုအပ်မှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်ရဲ့ နိုင်ငံရေး အခြေအနေကြောင့် ပါတီ ဖျက်သိမ်းဖို့ ဆုံးဖြတ်လိုက်ရတာ ဖြစ်ကြောင်း လိုကင်းဟိုင်က ပြောကြားပေမယ့် ပါတီ ရင်ဆိုင်နေရတဲ့ အကျပ်အတည်း ဒါမှမဟုတ် စိတ်ခေါ်မှု အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆိုသွားခဲ့ပါတယ်။

တရုတ်ရဲ့ တပြည်ထောင် စနစ်နှစ်ခု မူအရ နိုင်ငံတကာ ရွေးကောက်ပွဲစနစ်အတိုင်း ဟောင်ကောင်အနေနဲ့ သူတို့ရဲ့ ခေါင်းဆောင်နဲ့ လွှတ်တော်အမတ်တွေကို ဘယ်လို ရွေးချယ်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆုံးဖြတ်ဖို့ ဒီမိုကရက်တစ်ပါတီက အဓိက စိုးရိမ်နေခဲ့တယ်လို့ သိရ ပါတယ်။

တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ မိမိတို့ဟာ တရုတ်အရေးကိစ္စတွေမှာ ပါဝင်ခွင့် မှတ်ချက်ပြုခွင့် ရှိနေတယ်လို့ ပါတီရဲ့ ကြေညာစာတမ်းမှာ ဖော်ပြပါတယ်။

၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်သို့ ပြန်လွှဲအပ်ပြီးနောက်ပိုင်း အဲဒီ ပါတီဟာ လွှတ်တော်အတွင်း သြဇာအကြီးမားဆုံး အတိုက်အခံတို့ရဲ့အသံ ဖြစ်လာခဲ့ပြီး လမ်းမတွေပေါ်က ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေကိုလည်း ဦးဆောင်ခဲ့ပါတယ်။

အဲဒီ ပါတီကို ဖျက်သိမ်းဖို့ ဆုံးဖြတ်မှုက ဟောင်ကောင်ကို သဘောထား အလယ်အလတ်ရှိတဲ့ လူမှု အသိုင်းအဝိုင်းကနေ အာဏာရှင်ဆန်တဲ့ လူမှု အသိုင်းအဝိုင်းဆီ အဆင့်လျှော့ကျသွားစေမှာ ဖြစ်ကြောင်း ဖော်ပြနေတယ်လို့ ထောင်ဒဏ် ချမှတ်ခံခဲ့ရဖူးတဲ့ ပါတီ ခေါင်းဆောင်ဟောင်း ယီအန်ဆွမ်က ပြောပါတယ်။

ဟောင်ကောင်ရဲ့ဒီမိုကရေစီ လိုလားတဲ့ ထိပ်တန်းအကျဆုံး ပါတီတွေ ပျောက်ကွယ်သွားမှု နဲ့အတူ အခုလ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဘယ်ကိုယ်စားလှယ်လောင်းကမှ ဒီမိုကရေစီ လိုလားတဲ့ လမ်းကြောင်းကို ရှေ့တန်းတင်ထားတာ မရှိသေးပါဘူး။

ဒါဟာ ဟောင်ကောင်အနေနဲ့ အာဏာရှင်စနစ်ဖက်ကို တိမ်းညွတ်နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာ တစ်ခု ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

နိုင်ငံရေးစနစ် နောက်ပြန် ဆုတ်သွားရင် လူငယ် မျိုးဆက်နေတွေ စိတ်ပျက်ကြရလိမ့်မယ်လို့ ယီအန်ဆွမ်က ပြောပါတယ်။

ဟောင်ကောင်အပေါ် တရုတ်ရဲ့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားမှုကို ဆန့်ကျင်ခဲ့တဲ့ ၂၀၁၉ လူထု ဒီမိုကရေစီ လှုပ်ရှားမှုကြောင့် ဘေဂျင်းက ဆန့်ကျင်သူတွေကို နှိမ်နှင်းရေး ကျယ်ပြန့်တဲ့ အမျိုးသား လုံခြုံရေးဥပဒေကို ပြဌာန်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ဟောင်ကောင်မှာ ဒီမိုကရေစီ ခေါင်းဆောင်တွေ လျော့ကျသွားခဲ့ပြီး ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေလည်း ထောင်ချခံရသူတွေ ပြည်ပသို့ တိမ်းရှောင်သွားသူတွေ အများကြီး ရှိခဲ့ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.