December 15, 2025

ဂျူးလူမျိုးတွေ အစုလိုက် သတ်ဖြတ်ခံရပြီးနောက် သေနတ်ဥပဒေ ပိုမိုတင်းကြပ်ရေး သြစတြေးလျ ဝန်ကြီးချုပ် အဆိုပြု

ဆစ္စဒနီ၊ ဒီဇင်ဘာ ၁၅ ဆစ်ဒနီမြို့ ကမ်းခြေတစ်ခုမှာ ဂျူးလူမျိုးတို့ရဲ့ ပွဲတော် တစ်ခုကို ပစ်မှတ်ထားပြီး သားအဖ နှစ်ဦးက သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပြီးနောက် ပိုမို တင်းကြပ်တဲ့ သေနတ်ဥပဒေတွေ ပြဌာန်းရေး သြစတြေးလျဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၅ ရက်မှာ အဆိုပြုလိုက်ပါတယ်။ အသက် ၅၀ အရွယ် ဖခင်ဖြစ်သူဟာ…

မှတ်ပုံတင်ရေး စီမံကိန်းအသစ်ကြောင့် မလေးရှားရှိ ဒုက္ခသည်တွေရဲ့ အနာဂတ် မသေချာ ဖြစ်လာ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၁၅ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ လက်ရှိ အချက်အလက်တွေ နေရာမှာ အစားထိုး အသုံးပြုမယ့် DPP လို့ခေါ်တဲ့ နိုင်ငံတော် မှတ်ပုံတင်ရေး အစီအစဉ်စတင်ဖို့ မလေးရှား အစိုးရက ဆောင်ရွက်နေတာကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် မလေးရှားရောက် ဒုက္ခသည်တွေရဲ့ အနာဂတ် မသေမချာ ဖြစ်နေပါတယ်။ ဒုက္ခသည် အချက်အလက်…

ဘီးလင်းမှာ စစ်ကြောင်းက ရွာသား ၆ ဦးကို ဖမ်းဆီးသွား

ဘီးလင်း၊ ဒီဇင်ဘာ ၁၅ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ရွာသား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်း နှစ်ကြောင်းဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ကစလို့ ဘီးလင်းမြို့နယ်ရှိ ဖိုးဝသိမ်၊ အလူးကြီးနဲ့အလူးလေးကျေးရွာတို့ကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာပါ။ အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ…

ပုလော ဆင်ထိုးကြီးရွာမှာ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၁ ဦး သေဆုံး

ပုလော ဒီဇင်ဘာ ၁၅ တနင်္သာရီတိုင်း ပုလောမြို့နယ် ဆင်ထိုးကြီးရွာမှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ရက်ပိုင်းအတွင်း အရပ်သား ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က ဆင်ထိုးကြီးရွာမှာ ကွမ်းသီးခြံကို လာတဲ့ ဘုရင့်တောင် ရွာသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၇…

ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦး သေဆုံး

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းထားတဲ့ လေးနှစ်ကျော်ကာလအတွင်း အကျဉ်းထောင်တွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေအဖွဲ့ Myanmar Prison Witness က ထုတ်ပြန်ပါတယ်။ အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ အများဆုံး သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာမရရှိမှုတွေကြောင့် မသေဆုံးသင့်ဘဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။…

မြန်မာနိုင်ငံရှိ အဖွဲ့အားလုံး တိုက်ခိုက်မှု ချက်ချင်းရပ်တန့်ကြဖို့ အာဆီယံ တိုက်တွန်း

ဂျကာတာ၊ ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ဆေးရုံ တစ်ခု လေကြောင်း တိုက်ခိုက်ခံရပြီးနောက် မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအနေနဲ့ အရပ်သားတွေ အရပ်ဖက် အဆောက်အဦတွေကို တိုက်ခိုက်မှု အဆုံးသတ်ရေး၊ မဆင်မခြင် အကြမ်းဖက် တိုက်ခိုက်မှုအဆုံးသတ်ရေး ခိုင်မာတဲ့ ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ကြဖို့ အာဆီယံက တိုက်တွန်းထားပါတယ်။ ဒီဇင်ဘာ…

ဟောင်ကောင်ရဲ့ သက်တမ်း အရင့်ဆုံး ဒီမိုကရေစီပါတီ ဖျက်သိမ်း

ဟောင်ကောင်၊ ဒီဇင်ဘာ ၁၅ ဟောင်ကောင်ရဲ့ သက်တမ်းအရင့်ဆုံး ဒီမိုကရေစီ လိုလားတဲ့ ပါတီအဖွဲ့ဝင်တွေက ပါတီ ဖျက်သိမ်းပြီး ပါတီ ပိုင်ဆိုင်မှုတွေကို ရောင်းချမှာ ဖြစ်ကြောင်း တရားဝင် မဲခွဲဆုံးဖြတ်ပြီးနောက် ပါတီ ဖျက်သိမ်းကြောင်း ဒီဇင်ဘာ ၁၄ ရက်မှာ ကြေညာလိုက်ပါတယ်။ ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှု အဆုံးသတ်ခါနီး ဟောင်ကောင်ရဲ့ ထိပ်သီး လစ်ဘရယ်အဖွဲ့တွေ ထွက်ပေါ်လာချိန်…