December 2025

ဘီးလင်းမှာ စစ်ကြောင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၅ ဦး သေဆုံး

ဘီးလင်း၊ ဒီဇင်ဘာ ၁၄ မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဖိုးဝသိမ်းကျေးရွာထဲ စစ်ကော်မရှင်တပ် စစ်ကြောင်းလက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၅ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်လောက်မှာ ဖိုးဝသိမ်ကျေးရွာထဲကို လက်နက်ကြီး ၁၂၀ မမ…

မြန်မာစစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက ကန့်ကွက်ရေး ဆော်သြပေးဖို့ ကုလကျွမ်းကျင်သူ တိုက်တွန်း

လန်ဒန်၊ ဒီဇင်ဘာ ၁၃ မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ထိန်းချုပ် ခြယ်လှယ်ပြီး ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဗြိတိန်အစိုးရက ပြစ်တင် ရှုတ်ချပြီး ဒေသတွင်း လူ့အခွင့်အရေး ဆက်လက် ထောက်ခံပေးဖို့ ဒီဇင်ဘာ ၁၂ ရက် အစီရင်ခံစာမှာ ကုလသမဂ္ဂ အထူးစုံစမ်း စစ်ဆေးရေးမှူး တွမ် အန်ဒရူးက တိုက်တွန်းထားပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလ…

နှစ်နိုင်ငံ အပစ်ရပ်ဖို့ သဘောတူပြီလို့ ထရန့် ပြောပေမယ့် ကမ္ဘောဒီးယားကို ဆက်လက် တိုက်ခိုက်မယ်လို့ ထိုင်း ကြွေးကြော်

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နှစ်နိုင်ငံ အပစ်ရပ်ဖို့ မိမိကြားဝင် ညှိနှိုင်းပေးပြီးပြီ ဖြစ်ကြောင်း ပြောဆိုလိုက်ပြီးနောက် နာရီပိုင်းအကြာ ဒီဇင်ဘာ ၁၃ ရက်က တိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုတွေ ဆက်ရှိခဲ့ပြီး ထိုင်းခေါင်းဆောင်က ကမ္ဘောဒီးယားနဲ့ အငြင်းပွားနေတဲ့ နယ်စပ်တလျှောက် ဆက်လက် တိုက်ခိုက်သွားမှာ ဖြစ်ကြောင်း ကြွေးကြော်လိုက်ပါတယ်။ မိမိတို့ နယ်မြေတွေနဲ့ ပြည်သူတွေ…

ကျောက်ကြီးမှာ လေကြောင်းဗုံးကြဲခံရလို့ သံဃာတစ်ပါးအပါအဝင် အရပ်သားလေးဦးသေဆုံး

ကျောက်ကြီး၊ ဒီဇင်ဘာ ၁၃ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါးအပါအဝင် အရပ်သား လေးဦး သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိဘဲ ကျောက်ကြီးမြို့နယ် လိန်ပင်ကျေးရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံး တစ်လုံး လာရောက်ကြဲချသွားတာပါ။…

ကျားဖြန့်အဆောက်အဦ အားလုံး ဖျက်ဆီးပိတ်သိမ်းပစ်မယ်လို့ စစ်ကော်မရှင် ကြွေးကြော်

မြဝတီ၊ ဒီဇင်ဘာ ၁၃ ကျားဖြန့်လုပ်ငန်းတွေ ပြန်လည်အခြေမချနိုင်ဖို့အတွက် နယ်စပ်ဒေသတွေမှာရှိတဲ့ အဆောက်အဦးတွေကို ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးပိတ်သိမ်းသွားမယ်လို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ပြောပါတယ်။ စစ်ကော်မရှင်က အသစ်ဖွဲ့စည်းလိုက်တဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေး ကြီးကြပ်မှု ဗဟိုကော်မတီရဲ့ ပထမအကြိမ်အစည်းအဝေးကို ဒီဇင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ရဲတပ်ဖွဲ့ဌာနချုပ်မှာ ကျင်းပခဲ့ရာ အဲဒီဗဟိုကော်မတီရဲ့ ဥက္ကဌ…

ရေဖြူမြို့မရဲစခန်းနဲ့ ထွေအုပ်ရုံး ဝင်ရောက်စီးနင်းခံရ

ရေဖြူ ၊ ဒီဇင်ဘာ ၁၃ တနင်္သာရီတိုင်း ရေဖြူမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ရေဖြူမြို့မရဲစခန်းနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့ကို ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ကစလို့ စစ်ကော်မရှင်တပ်ဖွဲ့တွေ တပ်စွဲထားတဲ့ အဲဒီနေရာ နှစ်ခုကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီစီးနင်းမှုကြောင့် အချိန် ၃…

ကမ္ဘောဒီးယားစစ်တပ် ခါမေကာဇီ ဒရုန်းတွေရဲ့ အကူအညီ ရရှိနေတယ်လို့ ထိုင်း ပြော

ဘန်ကောက်၊ ဒီဇင်ဘာ ၁၃ ထိုင်းမြေပေါ်မှာ တွေ့ရှိရတဲ့ ဒရုန်း အပျက်အစီးတွေကို လေ့လာရာမှာ ရုရှား-ယူကရိန်း စစ်ပွဲအတွင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ FPV ခေါ် ခါမေကာဇီ ဒရုန်းတွေနဲ့ ဆင်တူတဲ့ ဒရုန်းတွေကို ကမ္ဘောဒီးယားစစ်တပ်က အသုံးပြုနေပုံရကြောင်း တွေ့ရှိရတယ်လို့ အမှတ်၂ စစ်ဒေသရှိ သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။ နောက်ဆုံး တိုက်ပွဲတွေအတွင်း ကမ္ဘောဒီးယားက ဒရုန်း…

ကပွဲခန်းမ တည်ဆောက်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အိမ်ဖြူတော် တရားစွဲခံရ

ဝါရှင်တန်၊ ဒီဇင်ဘာ ၁၃ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ကပွဲခန်းမသစ် တည်ဆောက်မယ့် အစီအစဉ်ကို တားဆီးရေးအတွက် သမိုင်းဝင်နေရာတွေ ထိန်းသိမ်းရေး ကူညီပေးဖို့ အမေရိကန်လွှတ်တော်က တာဝန်ပေးထားတဲ့ အမြတ်မယူတဲ့ အဖွဲ့အစည်း တစ်ခုက အိမ်ဖြူတော်ကို တရားစွဲဆိုလိုက်ပါတယ်။ သမိုင်းဝင် အရှေ့ဆောင်ကို အောက်တိုဘာလက ဖြိုဖျက်မှုမတိုင်ခင် အိမ်ဖြူတော်အနေနဲ့ လိုအပ်တဲ့ သုံးသပ်မှုတွေ ပြုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ သမိုင်းဝင်နေရာ ထိန်းသိမ်းရေး အမျိုးသား…

စစ်အာဏာသိမ်း (၁၇၇၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၅၆၇) ဦးအထိရှိလာ

မော်လမြိုင်၊ ဒီဇင်ဘာ၁၃ AAPP ရဲ့ ဒီဇင်ဘာ၁၂ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၇၇၆) ရက်အတွင်း ပြည်သူ (၇၅၆၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၁၂၁) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၄၃၃) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး…

မွန်ပြည်နယ်မှာ စစ်တပ်အရာရှိတွေ မှောင်ခိုလုပ်ငန်း အကြီးအကျယ်လုပ်ကိုင်လာ

မော်လမြိုင် ၊ ဒီဇင်ဘာ ၁၃ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေဟာ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာတဲ့ ကုန်ပစ္စည်းတွေကို မှောင်ခိုသယ်ယူပို့ဆောင်တာတွေ အကြီးအကျယ် လုပ်ကိုင်နေတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ရဲ့ အရာရှိတွေဟာ ထိုင်းနိုင်ငံနယ်စပ်ကနေ ဝင်ရောက်လာတဲ့ တရားမဝင် တန်ဖိုးကြီး ကုန်ပစ္စည်းတွေကို သူတို့ရဲ့ ရာထူး အာဏာအသုံးပြုကာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော်ပြီး…