အဖမ်းခံထားရတဲ့ အမေရိကန် စီးပွားရေးသမားကို မြန်မာ ပြည်နှင်ဒဏ်ပေး
နေပြည်တော် စက်တင်ဘာ ၁၇ လုပ်ငန်းဆိုင်ရာ အငြင်းပွားမှု တစ်ခု ဖြစ်ပွားပြီးနောက် ဇွန်လကတည်းက ထိန်းသိမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား အဒမ် ကက်စ်တီလိုကို မြန်မာနိုင်ငံရဲ့ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရက စက်တင်ဘာ ၁၆ ရက်မှာ လွှတ်ပေးလိုက်ပါတယ်။ ကက်စ်တီလို ပြန်လည် လွတ်မြောက်ရေး ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့ အဖွဲ့က ထရန့် အစိုးရဲ့ ကြိုးပမ်းမှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။…
မင်းအောင်လှိုင်ကို မလေးရှားလာဖို့ ဖိတ်မယ်လို့ ဝန်ကြီးချုပ် အန်ဝါ ပြော
ကွာလာလမ်ပူ စက်တင်ဘာ ၁၇ မလေးရှားနိုင်ငံက မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို မြန်မာစစ်အစိုးရဘက်က သဘောတူမယ်ဆိုရင် စစ်ခေါင်းဆောင်ဟောင်း၊ လက်ရှိသမ္မတ မင်းအောင်လှိုင်ကို တရားဝင်ခရီးစဉ်အဖြစ် မလေးရှားနိုင်ငံကို ဖိတ်ခေါ်သွားမယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က စက်တင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။ ဝန်ကြီးချုပ် အန်ဝါက မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် ဧပြီလအတွင်း သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်အစိုးရကို မလေးရှားနဲ့…
စစ်အာဏာသိမ်း (၂၀၅၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၉၃)ဦးထိရှိလာ
မော်လမြိုင်၊ စက်တင်ဘာ ၁၇ AAPP ရဲ့ စက်တင်ဘာ ၁၆ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၅၄) ရက်အတွင်း ပြည်သူ (၈၃၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၉၃၂) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၃၉)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…
တွေ့ဆုံဆွေးနွေးဖို့ NLD ဘာကြောင့် ထပ်တလဲလဲ တိုက်တွန်းနေတာလဲ
နေပြည်တော်၊ စက်တင်ဘာ ၁၇ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်ကို ဖော်ဆောင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက ထပ်တလဲလဲ တိုက်တွန်းလာနေပါတယ်။ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မှာ မဟုတ်ဘူးလို့ ပါတီဘက်က အရင်ကတည်းက ထုတ်ပြောထားတာပါ။…
မွန်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေကအစ မူးယစ်ဆေးဝါး သုံးစွဲမှုများလာ
မော်လမြိုင်၊ စက်တင်ဘာ ၁၇ စစ်တပ် အသွင်ပြောင်း အစိုးရ အုပ်ချုပ်နေတဲ့ မွန်ပြည်နယ်မှာ အရွယ်ရောက်ပြီးတဲ့သူတွေအပြင် အသက်မပြည့်သေးတဲ့ လူငယ်တွေကအစ မူးယစ်ဆေးဝါး သုံးစွဲမှု များလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲမှု များလာတာဟာ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ဝယ်ယူလို့ရတာ၊ ပြည်နယ်အတွင်းမှာ ဘီလီယံနဲ့ချီ မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေတာ၊ ဖြန့်ဖြူးရောင်းချသူ ပိုများလာတာကြောင့်လို့ ဆိုပါတယ်။…
အားကစားပြိုင်ပွဲ များများလုပ်ဖို့ မင်းအောင်လှိုင် ညွှန်ကြား
နေပြည်တော်၊ စက်တင်ဘာ ၁၇ တိုင်းနဲ့ပြည်နယ်တွေမှာ အားကစားပြိုင်ပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားဖို့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ညွှန်ကြားလာပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ညွှန်ကြားလာပါတယ်။ ဦးမင်းအောင်လှိုင်က အားကစားမြှင့်တင်ခြင်းဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတဲ့ မူဝါဒနဲ့အညီ…
ရန်လို ရန်စတဲ့ လုပ်ရပ်တွေ အဆုံးသတ်ကြဖို့ တရုတ် ကာကွယ်ရေးဝန်ကြီး တိုက်တွန်း
ဘေဂျင်း၊ စက်တင်ဘာ ၁၆ နိုင်ငံတွေအနေနဲ့ ရန်လို ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားကြဖို့နဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ ရာဇဝင်ဆိုင်ရာ လမ်းကြောင်း ပုံစံတွေ ပြန်ပေါ်လာမှုကို တားဆီးရေး တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင် ဂျန်က စက်တင်ဘာ ၁၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဘေဂျင်း ရှန်ချန်း လုံခြုံရေး ညီလာခံမှာ ပြောဆိုခဲ့တဲ့ သူ့ရဲ့ မှတ်ချက်တွေက ထိုင်ဝမ်ကို…
ဂျပန်မှာ ပထမဆုံး မောင်းသူမဲ့ တက္ကစီတွေ ၂၀၂၇ ခုနှစ်အတွင်း စတင်ပြေးဆွဲမယ်
တိုကျို၊ စက်တင်ဘာ ၁၆ အွန်လိုင်းကနေ တက္ကစီ ခေါ်ယူလို့ရတဲ့ အက်ပလီကေးရှင်း ပိုင်ဆိုင်ထားတဲ့ GO ကုမ္ပဏီ၊ Waymo LLC နဲ့ တိုကျိုမြို့ တက္ကစီလုပ်ငန်း Nihon Kotsu တို့နဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံရဲ့ ပထမဆုံး မောင်းသူမဲ့ စီးပွားဖြစ် တက္ကစီဝန်ဆောင်မှုကို ၂၀၂၇ ခုနှစ်အတွင်း တိုကျိုမြို့မှာ အသုံးပြုလို့ရတော့မှာ ဖြစ်ပါတယ်။ မောင်းသူမဲ့…
မြဝတီမှာ လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းအတွက် ဖမ်းဆီးချုပ်နှောင်ထား
မြဝတီ၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ် မြဝတီမြို့မှာ ရပ်ဝေးဒေသကနေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့သူတွေအပါအဝင် ဒေသခံ လူငယ် ၁၀၀ ကျော်ကို စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲပြီး ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ပေါ်မှာ စစ်အုပ်စုက ည ၉ နာရီနောက်ပိုင်း ကားနဲ့လှည့်ပတ်ပြီး လမ်းပေါ်မှာတွေ့နေတဲ့ လူငယ်တွေ၊ ရပ်ဝေးအလုပ်သမားတွေနေထိုင်တဲ့ တန်းလျားတွေနဲ့ လုပ်ငန်းခွင်တွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေ…
လိင်တူစုံမက်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို တူရကီ ဖမ်းဆီး
အစ္စတန်ဘူလ်၊ စက်တင်ဘာ ၁၆ လိင်တူစုံမက်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နေရာတွေကို တူရကီ အစိုးရရဲ့ မကြာသေးခင်က နှိမ်နှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တူရကီ ရဲတပ်ဖွဲ့က လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထားပါတယ်။ အစ္စတန်ဘူလ်မြို့ရဲ့ အဓိက တရားရုံး အပြင်ဖက်မှာ စက်တင်ဘာ ၁၅ ရက်က ဆန္ဒပြသူတွေ စုဝေးချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ လိင်တူစုံမက်သူတွေရဲ့ ဘားဆိုင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့…
