ဆော်ဒီရဲ့ပန်ကြားမှုကြောင့် ဟူသီအဖွဲ့ကို ထိန်းချုပ်ရေး ကူညီပေးဖို့ အီရန်ကို တရုတ် တောင်းဆို
ဒူဘိုင်း၊ စက်တင်ဘာ ၁၈ ဆော်ဒီအာရေးဗီးယားက ဘေဂျင်းအစိုးရထံ ပန်ကြားခဲ့ပြီးနောက် ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ကို ထိန်းချုပ်ရေး ကူညီပေးဖို့ အီရန်ကို တရုတ်က သိုသိုသိပ်သိပ် တောင်းဆိုထားတယ်လို့ အဲဒီ ကိစ္စနဲ့ နီးစပ်တဲ့ အီရန် သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။ အီရန် ထောက်ပံ့ထားတဲ့ ဟူသီအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဆော်ဒီကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဆော်ဒီဘက်က…
စစ်အာဏာသိမ်း (၂၀၅၅)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၉၃)ဦးထိရှိလာ
မော်လမြိုင်၊ စက်တင်ဘာ ၁၈ AAPP ရဲ့ စက်တင်ဘာ ၁၇ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၅၅) ရက်အတွင်း ပြည်သူ (၈၃၉၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၉၃၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၄၀)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…
တပ်ချုပ်သစ်လက်ထက်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၅၀၀ ကျော်အထိ ရှိလာ
နေပြည်တော် ၊ စက်တင်ဘာ ၁၈ အာဏာသိမ်း စစ်တပ်ရဲ့ တပ်ချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရရှိခဲ့ပြီးနောက် ငါးလတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁၅၈၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးအင်စတီကျူ ISP-Myanmar က ထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးလက်ထက်မှာ စစ်ရေးဆိုင်ရာ နည်းဗျူဟာအပြောင်းအလဲတွေ ရှိခဲ့ပြီး ရန်ကုန်တိုင်းနဲ့ နေပြည်တော်ကလွဲရင် ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ…
မွန်ပြည်နယ် စက်သုံးဆီခွဲတမ်း ထက်ဝက်နီးပါး လျှော့ချခံရ
မော်လမြိုင် ၊ စက်တင်ဘာ ၁၇ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ စက်သုံးဆီ ခြိုးခြံချွေတာရေးမူဝါဒအရ မွန်ပြည်နယ်က လစဉ် ရရှိနေတဲ့ စက်သုံးဆီ ခွဲတမ်းကို ထက်ဝက်နီးပါး လျှော့ချလိုက်တယ်လို့ သံလွင်တိုင်းမ်က လက်ခံရရှိထားတဲ့ စစ်အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။ ပြည်နယ်အတွင်းမှာ အရင်က တစ်လလျှင် စက်သုံးဆီ မက်ထရစ်တန် ၄၀၀၀၀ ခွဲတမ်း ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့…
စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါပတ်သက်မှုအတွက် တယ်လီနောကို နော်ဝေရဲတပ်ဖွဲ့က တရားစွဲ
နေပြည်တော် ၊ စက်တင်ဘာ ၁၈ မြန်မာနိုင်ငံအတွင်း စစ်အုပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါစွဲချက်နဲ့ တယ်လီနောကုမ္မဏီကို မိခင်နိုင်ငံဖြစ်တဲ့ နော်ဝေရဲတပ်ဖွဲ့က အမှုဖွင့်တရားစွဲလိုက်တယ်လို့ Justice For Myanmar JFM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ တယ်လီနော်အနေနဲ့ မိုးဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို စစ်အုပ်ထံ ပေးအပ်ခဲ့မှုကနေတဆင့် မြန်မာပြည်သူတွေအပေါ်…
ဘင်္ဂလားဒေ့ချ်မှာ ဝက်သက်ရောဂါ ပျံ့နှံ့မှုကြောင့် ကလေးငယ် သေဆုံးမှု ၁၀၀၀ ကျော်ရှိလာ
ဒါကာ၊ စက်တင်ဘာ ၁၇ ဘင်္ဂလားဒေ့ချ်မှာ အရေးပေါ် ကာကွယ်ဆေးထိုးပေးနေပေမယ့် ဝက်သက်ရောဂါ ကူးစက်မှု ထပ်မံ မြင့်တက်လာနေပြီး ရေဂါပျံ့နှံ့မှုကြောင့် သေဆုံးရတဲ့ ကလေး အရေအတွက် ၁၀၀၀ ကျော် ရှိလာပြီ ဖြစ်ပါတယ်။ နိုင်ငံတွင်းရှိ ကလေးငယ် ၁၉ ဒသမ ၈ သန်းကျော်ကို ကာကွယ်ဆေး ထိုးပေးထားပြီး ဖြစ်ပေမယ့် နေ့တိုင်း ရောဂါ ကူးစက်မှု…
အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း တိုးမြှင့်လိုက်ပြီးနောက် စတော့ရှယ်ယာ အများစု ဈေးတက်
ဟောင်ကောင်၊ စက်တင်ဘာ ၁၇ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းတိုးမြှင့်လိုက်ပြီးနောက် စက်တင်ဘာ ၁၇ ရက်က စတော့ရှယ်ယာ အများစု ဈေးနှုန်း မြင့်တက်သွားခဲ့ပါတယ်။ အရာရှိတွေ အချင်းချင်း တိုက်ခိုက်မှုကြောင့် ငွေဖောင်းပွမှု မြင့်တက်လာချိန် ဗဟိုဘဏ် အကြီးအကဲ ကီဗင် ဝက်ရှ်က နောက်တစ်ကြိမ် တိုးမြှင့်ဦးမယ့် သဘော ပြောဆိုထားပါတယ်။ တညီတညွတ်တည်း ဆုံးဖြတ်ချက်အတွင်း…
ကျိုက်မရောမှာ ဖမ်းဆီးထားတဲ့ ထိုင်းကုန်ကား ၂၅ စီး စာရင်းပျောက်
ကျိုက်မရော ၊ စက်တင်ဘာ ၁၇ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကျိုက်မရော-မော်လမြိုင်လမ်းပိုင်းမှာ ဖမ်းဆီးခဲ့တဲ့ ထိုင်းကုန်ပစ္စည်းတင်ဆောင်လာတဲ့ ကုန်ကားတွေအနက် ၂၅ စီးဟာ လုံးဝစာရင်းပျောက်သွားတယ်လို့ စစ်အစိုးရနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့က ကျိုက်မရော-မော်လမြိုင်လမ်းပိုင်း ကြက်သွန်ကုန်းနဲ့ နတ်စမ်းကျေးရွာအကြားမှာ ထိုင်းကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်ကား ၆၅ စီးကို စစ်တပ် အသွင်းပြောင်း…
ဂျပန်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ ကျားဖြန့်လုပ်ငန်းကို ထိုင်း ဖမ်းဆီး
ဘန်ကောက်၊ စက်တင်ဘာ ၁၇ ဘန်ကောက်မြို့ ဘန်ဘွန်းဒေသရှိ တန်ဖိုးကြီး နေအိမ် တစ်လုံးကို ထိုင်း လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက် ညက ဝင်ရောက်စီးနင်းပြီး ဂျပန်နိုင်ငံသားတွေကို ပစ်မှတ်ထားနေတဲ့ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ ၁၅ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဘန်ဘွန်း နူအာဒေသခွဲ ဧကချိုင် ၁၁၂လမ်းရှိ အိမ်ကြီးရခိုင် တစ်လုံးကို စက်တင်ဘာ…
အရေးပေါ် ဆေးကုသခွင့်မရလို့ ၈၈ မျိုးဆက် အကျဉ်းသား တစ်ဦး သေဆုံး
မြင်းခြံ၊ စက်တင်ဘာ ၁၇ မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသားတစ်ဦးဟာ ထောင်တွင်း အချိန်မီ ဆေးဝါးကုသခွင့် မရရှိတာကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။ အာဏာသိမ်းစစ်တပ်ရဲ့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ဦးမိုးနိုင် (ခ) ဦးဒိန်းဒေါင်ဟာ အကျဉ်းထောင်အာဏာပိုင်တွေရဲ့ အရေးပေါ် ဆေးဝါးကုသခွင့် ပျက်ကွက်မှုကြောင့် စက်တင်ဘာ…
