သတင်း

ကွန်ဂိုမှာ စာသင်ကျောင်း မီးလောင်မှုကြောင့် ကလေးငယ် ၂၀ ကျော် သေဆုံး

ဘူကာဗူ၊ စက်တင်ဘာ ၁၁ ကွန်ဂို ဒီမိုကရက်တစ်နိုင်ငံ အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဘူကာဗူ ဒေသရှိ စာသင်ကျောင်း နှစ်ကျောင်း မီးလောင်ကျွမ်းမှုကြောင့် ကျောင်းသားတွေထွက်ပြေးချိန် လူအုပ် တက်နင်းမိပြီး ကျောင်းသား အနည်းဆုံး ၂၄ ဦး သေဆုံးခဲ့ကြောင်း အရာရှိတွေက ပြောပါတယ်။ အဲဒီ မီးလောင်မှုအတွင်း အရွယ်ရောက်ပြီးသူတွေလည်း သေဆုံးကြောင်း သိထားရပြီး လူနေထူထပ်တဲ့ ကာဒူတူဒေသမှာ…

အရှေ့အလယ်ပိုင်းက လက်နက်ကိုင် အဖွဲ့တွေကို ကူညီနေတဲ့ ကွန်ရက်တွေအပေါ်အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှု ထပ်မံပြုလုပ်

ဝါရှင်တန် ၊ စက်တင်ဘာ ၁၁ ဟစ်ဇဘိုလာအဖွဲ့နဲ့ အရှေ့အလယ်ပိုင်းဒေသရှိ အီရန် ကိုယ်စားပြု တခြား လက်နက်ကိုင်အဖွဲ့တွေကို ကူညီပေးနေတဲ့ လုပ်ငန်းတွေ၊ လူပုဂ္ဂိုလ်တွေကို ဒဏ်ခတ် ပိတ်ဆို့မှုတွေ ထပ်မံ ပြုလုပ်ကြောင်း အမေရိကန် အစိုးရက စက်တင်ဘာ ၁၀ ရက်မှာ ကြေညာပါတယ်။ အမေရိကန်က အီရန်ကို စီးပွားရေးအရ အထီးကျန်အောင် အရှိန်မြင့် ကြိုးပမ်းနေချိန်မှာ အခုလို…

ပိုးမွှားအသေကောင်တွေ တွေ့ရှိလို့ မြန်မာဆန် တန်ချိန် ၂၅၀ ကို ပိုလန် ပိတ်ပင်

ဝါဆော စက်တင်ဘာ ၁၁ ပိုလန်နိုင်ငံ ဒနက်ရှ်မြို့မှာ အစားအသောက်အရည်အသွေး စစ်ဆေးရေးအာဏာပိုင်တွေက မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ဆန်ဖြူ တန်ချိန် ၂၅၀ ကို ဈေးကွက်အတွင်း ဖြန့်ချိရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။ စက်တင်ဘာ ၁၀ ရက်က ဆန်တင်ပို့မှုကို စစ်ဆေးရာမှာ ပိုးမွှားသေကောင်တွေနဲ့ ပိုးမွှားတွေရဲ့ အကြွင်းအကျန်တွေကို တွေ့ရှိခဲ့တာကြောင့် အခုလို တားမြစ်လိုက်တာဖြစ်ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို ပိုလန်နိုင်ငံ…

စစ်အာဏာသိမ်း (၂၀၄၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၃၆၇) ဦးထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၁၁ AAPP ရဲ့ စက်တင်ဘာ ၁၀ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၈) ရက်အတွင်း ပြည်သူ (၈၃၆၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၉၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၈)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

CRPH နဲ့အပြိုင် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ MPU ကို စစ်လွှတ်တော် ဖွဲ့စည်း

နေပြည်တော် ၊ စက်တင်ဘာ ၁၁ အာဏာသိမ်းမှုကို အရင်းခံပြီး စစ်တပ်ဦးဆောင်ကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ (Myanmar Parliamentary Union) MPU ကို ဖွဲ့စည်းထားတယ်လို့ မြန်မာနိုင်ငံပြန်တမ်းကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ မြန်မာနိုင်ငံပြန်တမ်းမှာ ပြည်ထောင်စုလွှတ်တော်ရုံးရဲ့ အမိန့်ကြော်ငြာစာအရ MPU ကို…

မွန်မှာ ထိုင်းကုန်ပစ္စည်းအများစု ပြတ်လပ်ပြီ

မော်လမြိုင် ၊ စက်တင်ဘာ ၁၁ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးမှုကြောင့် ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းအများစု ပြတ်လပ်လာတယ်လို့ ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းကုန်ပစ္စည်းတွေကို စစ်အစိုးရ လက်အောက်ခံတွေက တရားမဝင် ကုန်ပစ္စည်း အကြောင်းပြချက်နဲ့ မြို့ဝင်၊ မြို့ထွက်တွေမှာ ဖမ်းဆီးတာ၊ ကုန်သွယ်လမ်းကြောင်းတွေမှာ ဖမ်းဆီးတာအပြင် ဂိုဒေါင်တွေနဲ့ဈေးတွေအထိ ရှောင်တခင်…

လောင်းလုံးမှာ စစ်ကြောင်းက အရပ်သား ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်

လောင်းလုံး၊ စက်တင်ဘာ ၁၁ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်း စစ်တပ် စစ်ကြောင်းက အရပ်သားပြည်သူ ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ အင်အား ၁၂၀ ကျော်ပါတဲ့ အာဏာသိမ်း စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့ကစလို့ လောင်းလုံးမြို့ပေါ်ကနေတဆင့် ဝေဒီ၊ ကူးဇရပ်၊ မဂျောမော်နဲ့…

ဖူဂျီတောင် တောင်တက်ရာသီ နောက်ဆုံးနေ့မှာ မြေပြိုမှုဖြစ်

တိုကျို စက်တင်ဘာ ၁၀ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် ဖူဂျီတောင်မှာ နွေရာသီတောင်တက်ရာသီ နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာ ၁၀ ရက်မှာ မိုးသည်းထန်ပြီး မြူထူထပ်နေချိန် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာ ၉ ရက်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် တောင်ပေါ်ရှိ ကားရပ်နားရာနေရာတစ်ခုမှာ တောင်ပေါ်မှာအလုပ်လုပ်နေသူတွေရဲ့ မော်တော်ယာဉ် ၃ စီး မြေကြီးအောက် တစ်စိတ်တစ်ပိုင်း မြုပ်သွားခဲ့ပါတယ်။…

ရွေးကောက်ပွဲနိုင်ရင် အသက်ပြည့် အမေရိကန်နိုင်ငံသားတိုင်းကို ဒေါ်လာ ၅၀၀၀ ပေးမယ်လို့ ထရန့် ပြော

ဝါရှင်တန် စက်တင်ဘာ ၁၀ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လာမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ဆက်လက်ထိန်းချုပ်နိုင်ခဲ့ရင် အသက် ၁၈ နှစ်အထက် အမေရိကန်နိုင်ငံသားတစ်ဦးချင်းစီကို ဒေါ်လာ ၅,၀၀၀ စီ ပေးသွားမယ်လို့ ပြောလိုက်ပါတယ်။ သမ္မတ ထရန့်ဟာ တက္ကဆက်ပြည်နယ် ဒဲလက်စ်မြို့မှာ ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ အမျိုးသားညီလာခံမှာ မိန့်ခွန်းပြောရင်း…

မွန်စစ်အစိုးရ အဖမ်းဆီးကြောင့် ထိုင်းကုန်ပစ္စည်း ဈေးနှုန်း ထိုးတက်

မော်လမြိုင်၊ စက်တင်ဘာ ၁၀ မွန်ပြည်နယ်မှာ စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က ထိုင်းကုန်ပစ္စည်းတွေကို ကုန်သွယ်ရေး လမ်းကြောင်းတစ်လျှောက် ပိတ်ဆို့ဖမ်းဆီးနေတဲ့အတွက် ထိုင်းကုန်ပစ္စည်းဈေးနှုန်း ထိုးတက်လာတယ်လို့ ကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်တပ် အသွင်းပြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ စက်တင်ဘာလဆန်ပိုင်းကစလို့ နယ်စပ်က ဝင်ရောက်လာတဲ့ ထိုင်းကုန်ပစ္စည်းတွေကို တရားမဝင် ကုန်ပစ္စည်းအကြောင်းပြချက်နဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေအပါအဝင် စစ်ဆေးရေးဂိတ်မှာ…