မော်လမြိုင်၊ စက်တင်ဘာ ၁၁

AAPP ရဲ့ စက်တင်ဘာ ၁၀ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၄၈) ရက်အတွင်း ပြည်သူ (၈၃၆၇) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၉၀၇) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။

ပြန်လည်လွတ်မြောက်လာသူကတော့ (၉၂၂၈)ဦး ဖြစ်ပါတယ်။

အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၈၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀) ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ကိုးကား – AAPP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.