သတင်း

ခြောက်လအတွင်း တနင်္သာရီတိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှု ၆၀ ခု နီးပါး ဖြစ်ပွား

တနင်္သာရီ၊ အောက်တိုဘာ ၂ ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လတာ ကာလအတွင်း တနင်္သာရီတိုင်းမှာ အာဏာသိမ်းစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၅၇ ခုနဲ့ အများဆုံး ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ND-Burma က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ခြောက်လတာကာအတွင်း နိုင်ငံတဝန်းမှာ အမှု ၃၀၅ ခုနဲ့ ဖြစ်ရပ် ၅၃၆ ခုကို…

ထားဝယ်ဒေသ ရေကြီးမြေပြိုမှုမှာ သေဆုံးသူ ၄၁ ဦး ရှိလာ

ထားဝယ် အောက်တိုဘာ ၂ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံး၊ ထားဝယ်၊ သရက်ချောင်းမြို့နယ်အတွင်းက ရေကြီးမြေပြိုမှုအတွင်း သေဆုံးသူ ၄၁ ဦးရှိလာပြီး အိုးအိမ်ပျက်စီးမှု ရာချီရှိတယ်လို့တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF ထံကနေ သိရပါတယ်။ TNF အဖွဲ့ရဲ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်းအထိ ကောက်ယူထားတဲ့စာရင်းအရ သေဆုံးသူ ၄၁ ဦးနဲ့ အဆောက်အဦ ၄၀၀…

Flydubai လေယာဉ် တိုက်ခိုက်မှုနဲ့ ပတ်သက်ရင် အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မယ်လို့ ထရန့် ခြိမ်းခြောက်

ဝါရှင်တန်၊ အောက်တိုဘာ ၂ အစ္စရေးသို့ ပျံသန်းလာတဲ့ Flydubai လေကြောင်းလိုင်း လေယာဉ်ပေါ်မှာ လေယာဉ်မှူး တစ်ဦးက တိုက်ခိုက်မှုအတွင်း အီရန် ပါဝင်ဖွယ်ရှိတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားလိုက်ပြီး တကယ်လို့ ပါဝင်ခဲ့မယ်ဆိုရင် အလွန် ပြင်းပြင်းထန်ထန် တိုက်ခိုက်မှာ ဖြစ်ကြောင်း ခြိမ်းခြောက်ထားပါတယ်။ တွဲဖက် လေယာဉ်မှူးက ဦးဆောင် လေယာဉ်မှူးကို ဓားနဲ့ထိုးပြီး…

ထိုင်းနိုင်ငံမှာ မိုးထပ်များလာနိုင်လို့ ကျောက်ဖရားဆည် ရေလွှတ်နှုန်း တိုးမြှင့်

ဘန်ကောက် အောက်တိုဘာ ၂ ထိုင်းနိုင်ငံမှာ လာမယ့်ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုတွေ ပြန်လည်များပြားလာနိုင်တာကြောင့် ရေကြီးရေလျှံနေတဲ့ ဒေသတွေက ရေတွေကို ထိုင်းပင်လယ်ကွေ့ဘက် အမြန်ဆုံးစီးဆင်းသွားနိုင်အောင် အာဏာပိုင်တွေက ရေထုတ်စနစ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။ ဒီအခြေအနေကြောင့် ကျောက်ဖရားဆည် ရဲ့ ရေလွှတ်နှုန်းကိုလည်း တစ်စက္ကန့်ကို ရေ ၂,၅၀၀ ကုဗမီတာအထိ တိုးမြှင့်လိုက်ပါတယ်။ ထိုင်းအမျိုးသားရေအရင်းအမြစ်ရုံး အတွင်းရေးမှူးချုပ် ချာယန့် မူအန်ဆွမ်က လက်ရှိ မိုးရွာသွန်းမှု…

ငြိမ်းချမ်းရေးမှာ EAO တွေ အားလုံး ပြန်လည်ပါဝင်လာရေး ကြိုးပမ်းမယ်လို့ စစ်အစိုးရပြော

နေပြည်တော် ၊ အောက်တိုဘာ ၂ စစ်အစိုးရကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး ပြန်လည်ပါဝင်လာစေရေး ဆက်လက် အကောင်အထည်ဖော်သွားမယ်လို့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာကနေ ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ နဲ့ ၃၀ ရက်တို့မှာ စစ်အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နဲ့ အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့တို့ ရန်ကုန်မှာရှိတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့…

မော်လမြိုင်မှာ ရဲတပ်ဖွဲ့နေ့ အကြောင်းပြပြီး စတိုးဆိုင်တွေမှာ ငွေကြေးနဲ့ အရက်၊ဘီယာတွေ လိုက်လံတောင်းခံခဲ့

မော်လမြိုင် ၊ အောက်တိုဘာ ၂ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့နေ့ကို အကြောင်းပြပြီး စစ်တပ် အသွင်ပြောင်း အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက စတိုးဆိုင်တွေမှာ ငွေကြေးနဲ့ အရက်၊ ဘီယာတွေ လိုက်လံ တောင်းခံခဲ့တယ်လို့ စတိုးဆိုင်ပိုင်ရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်အစိုးရ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့…

ကမမောင်း-ဖာပွန်လမ်းပိုင်းက ဆင်စွယ်ရွာကို စစ်တပ် ပြန်လည်ထိန်းချုပ်

ဖာပွန်၊ အောက်တိုဘာ ၂ ကရင်ပြည်နယ် ဖာပွန်မြို့နယ် ကမမောင်း-ဖာပွန်သွားလမ်းပိုင်းရှိ ဆင်စွယ်ကျေးရွာကို စစ်တပ်စစ်ကြောင်းတွေက စက်တင်ဘာလကုန်ပိုင်းမှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်စစ်ကြောင်းတွေဟာ အခုနှစ် မေလ ၅ ရက်နေ့ကစလို့ စစ်ရေးဝင်ရောက်လှုပ်ရှားခဲ့ရာ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ဆင်စွယ်ကျေးရွာအထိ ထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။…

မြန်မာ မိုဘိုင်းလဲဂျန့် အသင်း အာရှအားကစားပြိုင်ပွဲမှာ ရွှေတံဆိပ် ဆွတ်ခူး

တိုကျို အောက်တိုဘာ ၁ ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၂၀ မြောက် Asian Games Aichi-Nagoya 2026 ရဲ့ Esports အားကစားနည်း Mobile Legends: Bang Bang (MLBB) ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဇနက အသင်းဟာ ချန်ပီယံဖြစ်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့…

ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် စက်တင်ဘာလမှာ သေဆုံးသူ ၁၄၈ ဦးရှိ

ဒါကာ အောက်တိုဘာ ၁ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးမှုအများဆုံးလဖြစ်ခဲ့တဲ့ စက်တင်ဘာလကို ဖြတ်သန်းပြီးနောက် အောက်တိုဘာလအတွင်း ရောဂါကူးစက်မှု ပိုမိုဆိုးရွားလာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။ မကြာသေးခင်က မိုးရွာသွန်းမှုတွေနဲ့ ရာသီဥတုပုံစံ ပြောင်းလဲလာမှုတွေဟာ သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်တဲ့ အေးဒိစ်ခြင်တွေ ပေါက်ဖွားမှုအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးနိုင်တာကြောင့် အောက်တိုဘာလအထိ ကူးစက်မှုတွေ ဆက်လက်မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။ ဂျာဟန်ဂရင်နာဂါ တက္ကသိုလ်က…

သဘာဝဘေးဒဏ်ကြုံနေရတဲ့ ထားဝယ်ဒေသကို စစ်တပ် ဗုံးကြဲ

ထားဝယ်၊ အောက်တိုဘာ ၁ ရေကြီးရေလျှံမှုကြောင့် သဘာဝဘေးဒဏ်ကြုံနေတဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ ရေဝိုင်းကျေးရွာကို အာဏာသိမ်း စစ်တပ် လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ စက်တင်ဘာ ၃၀ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ မြိတ်လေတပ်ကနေတက်လာတဲ့ ဂျက်ဖိုက်တာ တိုက်ခိုက်လေယာဉ် တစ်စီးဟာ ရေဝိုင်းကျေးရွာကို ဗုံး နှစ်လုံး…