သတင်း

ကတိုင်တိ-ကမမောင်း တိုက်ပွဲမှာ စစ်တပ်ထံမှ သေနတ် ၁၃ လက် သိမ်းဆည်းရမိ

ဖာပွန်၊ အောက်တိုဘာ ၁ ကရင်ပြည်နယ် ဖာပွန်ခရိုင် ကတိုင်တိ-ကမမောင်းဒေသမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ထံကနေ သေနတ် ၁၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ကတိုင်တိ-ကမမောင်းဒေသ ဘုရားကုန်းအကြား စစ်ရေးလှုပ်ရှားနေတဲ့ အာဏာသိမ်း စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့…

အမြဲတမ်း နေထိုင်ခွင့် ရရှိလိုတဲ့ နိုင်ငံခြားသားတွေအတွက် စည်းကမ်း ဥပဒေ ဂျပန် တင်းကြပ်

တိုကျို၊ အောက်တိုဘာ ၁ လူဝင်မှု ကြီးကြပ်ရေး တင်းကြပ်ဖို့ ဝန်ကြီးချုပ် ဆာနေး တာကာအိချီရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ အမြဲတမ်း နေထိုင်ခွင့် ရရှိလိုတဲ့ နိုင်ငံခြားသားတွေအတွက် လိုအပ်ချက်ကို ဂျပန် အစိုးရက အောက်တိုဘာ ၁ ရက်မှာ တင်းကြပ်လိုက်ပါတယ်။ အဆင့်လိုက် အသက်ဝင်လာမယ့် စည်းကမ်း ဥပဒေသစ်တွေအရ ဂျပန်မှာ အမြဲတမ်း နေထိုင်လိုတဲ့ နိုင်ငံခြားသားတွေအနေနဲ့…

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် မလေးရှားသို့ အောက်တိုဘာလအတွင်း သွားမယ်

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁ စစ်ခေါင်းဆောင် ရာထူးကနေ မြန်မာ သမ္မတ ရာထူး ရယူထားတဲ့ မင်းအောင်လှိုင် အောက်တိုဘာလအတွင်း မလေးရှားသို့ လာရောက်မှာ ဖြစ်ကြောင်း မလေးရှား နိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေနဲ့ ပဋိပက္ခကြောင့် ထွက်ပြေးလာရသူတွေ ပြန်လည် ပို့ဆောင်ရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေချိန်မှာ…

စစ်အာဏာသိမ်း (၂၀၆၈)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၄၇၂)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၁ AAPP ရဲ့ စက်တင်ဘာ ၃၀ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၆၈)ရက်အတွင်း ပြည်သူ (၈၄၇၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၀၂၄) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၂၇)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂)…

ဝေဖန်မှုတွေကြောင့် သမ္မတအမိန့်နဲ့ ခန့်ထားတဲ့ ပြည်ထဲရေးဝန်ကြီးကို လွှတ်တော်ဆုံးဖြတ်ယူ

နေပြည်တော် ၊ အောက်တိုဘာ ၁ ဝေဖန်မှုတွေကြောင့် ကိုယ်တိုင်ခန့် သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်နဲ့ အစားထိုးခန့်အပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးကို အတည်ပြုပေးနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်သွင်းလာတယ်လို့ စစ်အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့မှာ သမ္မတဆီက ပေးပို့ထားတဲ့ ပြည်ထဲရေးဝန်ကြီးကိစ္စနဲ့ပတ်သက်ပြီး သမ္မတရုံးဝန်ကြီး…

တပ်ပြေးတွေကြောင့် လေကြောင်းဗုံးကြဲခံရတာလို့ NUG အထူးတိုင်းစစ်ဌာနချုပ် ထုတ်ပြန်

မော်လမြိုင်၊ အောက်တိုဘာ ၁ လေကြောင်းဗုံးကြဲခံမှုဟာ တပ်ပြေးတွေနဲ့ ရန်သူဘက်ထံ ဘက်ပြောင်းခိုလှုံသူတွေရဲ့ သတင်းပေးထွက်ဆိုချက်တွေကြောင့် ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်းစစ်ဌာနချုပ်က သတင်းထုတ်ပြန်လာပါတယ်။ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာရှိတဲ့ NUG အထူးတိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့မှာ အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးလေးလုံး လာရောက်ကြဲချသွားတာပါ။ လေကြောင်းဗုံးကြဲခံရမှုကြောင့် CDM…

ထားဝယ်ဒေသမှာ တောင်မြေပြိုမှု ဆက်လက်ဖြစ်ပွားနေ

ထားဝယ်၊ အောက်တိုဘာ ၁ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ တောင်မြေပြိုမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး အရေးပေါ် ကယ်ဆယ်ရေး အကူအညီတွေ လိုအပ်နေတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ် TNF က ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းအထိ အချက်အလက်တွေအရ ထားဝယ်ခရိုင်မှာ ရေကြီးတောင်မြေပြိုမှုကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီး နေအိမ် ၃၀၀ ထက်မနည်း ပျက်စီးထားပါတယ်။…

စစ်ပွဲအဆုံးသတ်ရေး အီရန်ရဲ့ အဆိုပြုချက်ကို အမေရိကန် တရားဝင် တုံ့ပြန်

တီဟီရန် စက်တင်ဘာ ၃၀ အရှေ့အလယ်ပိုင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အီရန်ဘက်က တင်ပြထားတဲ့ အဆိုပြုချက်အပေါ် အမေရိကန်ရဲ့ တရားဝင် တုံ့ပြန်ချက်ကို လက်ခံရရှိပြီလို့ အီရန်အစိုးရက စက်တင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး အာဘတ်အာရက်ချီက အမေရိကန်ရဲ့ တုံ့ပြန်ချက်ကို သမ္မတ မာဆောက် ပီဇက်ခီယန်ထံ တင်ပြခဲ့ပေမယ့် အသေးစိတ်အကြောင်းအရာကိုတော့ ထုတ်ဖော်မပြောသေးပါဘူး။ ခုနစ်လခန့် ကြာမြင့်လာပြီဖြစ်တဲ့ ပဋိပက္ခကို…

ကာလင်နင်ဂရတ်ဒေသကို ပိတ်ဆို့ဖို့ကြိုးပမ်းရင် နျူကလီးယားနဲ့ တုံ့ပြန်မယ်လို့ ရုရှားက NATO ကို သတိပေး

မော်စကို စက်တင်ဘာ ၃၀ ဘောလ်တစ်ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေချိန် ရုရှားပိုင် ကာလင်နင်ဂရတ် ဒေသကို ကျန်ရုရှားဒေသတွေနဲ့ အဆက်အသွယ်ပြတ်တောက်အောင် NATO အဖွဲ့ဝင်နိုင်ငံတွေက ကြိုးပမ်းလာရင် နျူကလီးယားလက်နက်အပါအဝင် လက်နက်အင်အားအားလုံး အသုံးပြု တုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ရုရှားက NATO ကို သတိပေးလိုက်ပါတယ်။ ရုရှားက NATO ဆီ ပေးပို့ခဲ့တဲ့ အလွတ်သဘော သံတမန်ရေးစာတမ်းတစ်စောင်မှာ NATO…

ပိုင်းလော့နှစ်ဦး ရန်ဖြစ်လို့ အစ္စရေးသွားမယ့် လေယာဉ် ဆော်ဒီမှာ အရေးပေါ်ဆင်းသက်

ဂျေရုစလင် စက်တင်ဘာ ၃၀ ဒူဘိုင်းကနေ အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကို ပျံသန်းနေတဲ့ flydubai FZ1073 လေယာဉ်ဟာ ပုံမှန်ခရီးစဉ်တစ်ခုအဖြစ် စတင်ခဲ့ပေမယ့် လေယာဉ်ပေါ်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခု ဖြစ်ပွားပြီးနောက် ဆော်ဒီအာရေးဘီးယားနိုင်ငံ တာဘွတ် လေဆိပ် ကို လမ်းကြောင်းပြောင်း အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ လေယာဉ်မောင်းနှစ်ဦးကြား ကိုယ်ထိလက်ရောက် ရန်ဖြစ်မှု ဖြစ်ပွားခဲ့ပြီးနောက် အရေးပေါ် အချက်ပြမှုတွေ ပေးပို့ခဲ့တာလို့ အစ္စရေး အရာရှိ…