ကွာလာလမ်ပူ၊ အောက်တိုဘာ ၁

စစ်ခေါင်းဆောင် ရာထူးကနေ မြန်မာ သမ္မတ ရာထူး ရယူထားတဲ့ မင်းအောင်လှိုင် အောက်တိုဘာလအတွင်း မလေးရှားသို့ လာရောက်မှာ ဖြစ်ကြောင်း မလေးရှား နိုင်ငံပိုင် သတင်းဌာနက စက်တင်ဘာ ၃၀ ရက်မှာ ဖော်ပြပါတယ်။

နှစ်နိုင်ငံအနေနဲ့ ဒုက္ခသည်တွေနဲ့ ပဋိပက္ခကြောင့် ထွက်ပြေးလာရသူတွေ ပြန်လည် ပို့ဆောင်ရေး ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်နေချိန်မှာ အခုလို သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စေလွှတ်လိုက်တဲ့ သင်္ဘော သုံးစီးနဲ့ မလေးရှားက စက်တင်ဘာ ၂၉ ရက်မှာ မြန်မာနိုင်ငံသား ၁၅၀၀ နီးပါး ပြန်ပို့လိုက်ကြောင်း သိရပါတယ်။

ပြည်တွင်းစစ် ဖြစ်နေတဲ့ နိုင်ငံကို ပြန်ရောက်လာသူတွေအတွက် ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်ကြောင်း ပြောထားပေမယ့် မလေးရှားက မူလ စီစဉ်ထားတဲ့အတိုင်း ဒုက္ခသည်တွေကို ပြန်လည် ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ အခြေအနေတွေ ဝရုန်းသုန်းကား ဖြစ်နေပြီး ပြန်တွင်းစစ် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

စစ်တပ် ထောက်ခံတဲ့ ပါတီ တစ်ခု ကြီးစိုးထားတဲ့ ဧပြီလ ရွေးကောက်ပွဲပြီး နောက် သမ္မတ ရာထူးကို ရယူထားသူ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟာ အောက်တိုဘာလ အတွင်း ကွာလာလမ်ပူကို လာရောက်မယ်လို့ မျှော်လင့်ရတဲ့ နိုင်ငံခြားခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ မလေးရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဖက်ဇီလ်ကို ကိုးကားပြီး Bernama သတင်းဌာနက စက်တင်ဘာ ၃၀ ရက်မှာ ဖော်ပြထားပါတယ်။

မလေးရှားက မိမိတို့ရဲ့ ဒုက္ခသည်တွေ ပြန်လည် ပို့ဆောင်ရေး စီမံကိန်း ဒုတိယ အသုတ်အနေနဲ့ မြန်မာနိုင်ငံသို့ လူပေါင်း ၃၅၂၄ ဦး ပြန်ပို့ဖို့ စီစဉ်ထားကြောင်း ဝန်ကြီး ဖာမီက ပြောပါတယ်။

ဒုက္ခသည်တွေကို မြန်မာနိုင်ငံဆီ ထပ်မံ ပို့ဆောင်ရေး မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်အနေနဲ့ မဝေးတဲ့ အနာဂတ်မှာ မြန်မာနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ဝန်ကြီး ဖာမီက ဖြည့်စွက် ပြောဆိုပါတယ်။

မလေးရှားက ဒုက္ခသည်တွေရဲ့ ဘေးကင်း လုံခြုံမှုကို စိုးရိမ်ကြောင့်ကြမှု မရှိဘဲ မြန်မာနိုင်ငံဆီ ပြန်လည် ပို့ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဝန်ကြီးချုပ် အန်ဝါက ပယ်ချထားပြီး ကာလကြာရှည် ရှိနေတဲ့ ပြဿနာတွေကို ဖြေရှင်းရေး လိုအပ်တဲ့ စေ့စပ်မှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ပြောထားပါတယ်။

မလေးရှားက မြန်မာနိုင်ငံမှာ စစ် အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ အရင်က တင်းမာတဲ့ သဘောထား ရှိကြောင်း ဖော်ပြခဲ့ပေမဲ့ နောက်ပိုင်း ဒုက္ခသည်တွေ ပြန်လည် ပို့ဆောင်ရေးနဲ့ ပတ်သက်လို့ သဘောထား အနည်းငယ် ပျော့ပျောင်းလာတာ တွေ့ရပါတယ်။

ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ဖို့ ပျက်ကွက်မှုနဲ့ ပတ်သက်လို့ အာဆီယံက မြန်မာ စစ်ခေါင်းဆောင်တွေကို အစည်းအဝေး တက်ခွင့် ပိတ်ထားဆဲ အခြေအနေမှာ မင်းအောင်လှိုင်က အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံချင်းစီကို လှည့်ပတ် စည်းရုံးနေပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.