သတင်း

အားကစားပြိုင်ပွဲ များများလုပ်ဖို့ မင်းအောင်လှိုင် ညွှန်ကြား

နေပြည်တော်၊ စက်တင်ဘာ ၁၇ တိုင်းနဲ့ပြည်နယ်တွေမှာ အားကစားပြိုင်ပွဲတွေကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်သွားဖို့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က ညွှန်ကြားလာပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ ညွှန်ကြားလာပါတယ်။ ဦးမင်းအောင်လှိုင်က အားကစားမြှင့်တင်ခြင်းဟာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေတယ်ဆိုတဲ့ မူဝါဒနဲ့အညီ…

ရန်လို ရန်စတဲ့ လုပ်ရပ်တွေ အဆုံးသတ်ကြဖို့ တရုတ် ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

ဘေဂျင်း၊ စက်တင်ဘာ ၁၆ နိုင်ငံတွေအနေနဲ့ ရန်လို ရန်စတဲ့ လုပ်ရပ်တွေကို ရှောင်ရှားကြဖို့နဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ ရာဇဝင်ဆိုင်ရာ လမ်းကြောင်း ပုံစံတွေ ပြန်ပေါ်လာမှုကို တားဆီးရေး တရုတ် ကာကွယ်ရေးဝန်ကြီး ဒေါင် ဂျန်က စက်တင်ဘာ ၁၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ ဘေဂျင်း ရှန်ချန်း လုံခြုံရေး ညီလာခံမှာ ပြောဆိုခဲ့တဲ့ သူ့ရဲ့ မှတ်ချက်တွေက ထိုင်ဝမ်ကို…

ဂျပန်မှာ ပထမဆုံး မောင်းသူမဲ့ တက္ကစီတွေ ၂၀၂၇ ခုနှစ်အတွင်း စတင်ပြေးဆွဲမယ်

တိုကျို၊ စက်တင်ဘာ ၁၆ အွန်လိုင်းကနေ တက္ကစီ ခေါ်ယူလို့ရတဲ့ အက်ပလီကေးရှင်း ပိုင်ဆိုင်ထားတဲ့ GO ကုမ္ပဏီ၊ Waymo LLC နဲ့ တိုကျိုမြို့ တက္ကစီလုပ်ငန်း Nihon Kotsu တို့နဲ့ ပူးပေါင်းပြီး ဂျပန်နိုင်ငံရဲ့ ပထမဆုံး မောင်းသူမဲ့ စီးပွားဖြစ် တက္ကစီဝန်ဆောင်မှုကို ၂၀၂၇ ခုနှစ်အတွင်း တိုကျိုမြို့မှာ အသုံးပြုလို့ရတော့မှာ ဖြစ်ပါတယ်။ မောင်းသူမဲ့…

မြဝတီမှာ လူငယ် ၁၀၀ ကျော်ကို စစ်မှုထမ်းအတွက် ဖမ်းဆီးချုပ်နှောင်ထား

မြဝတီ၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ် မြဝတီမြို့မှာ ရပ်ဝေးဒေသကနေ လာရောက်အလုပ်လုပ်ကိုင်နေတဲ့သူတွေအပါအဝင် ဒေသခံ လူငယ် ၁၀၀ ကျော်ကို စစ်အုပ်စုက စစ်မှုထမ်းအတွက် ပေါ်တာဆွဲပြီး ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့ပေါ်မှာ စစ်အုပ်စုက ည ၉ နာရီနောက်ပိုင်း ကားနဲ့လှည့်ပတ်ပြီး လမ်းပေါ်မှာတွေ့နေတဲ့ လူငယ်တွေ၊ ရပ်ဝေးအလုပ်သမားတွေနေထိုင်တဲ့ တန်းလျားတွေနဲ့ လုပ်ငန်းခွင်တွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေ…

လိင်တူစုံမက်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဒါဇင်ပေါင်းများစွာကို တူရကီ ဖမ်းဆီး

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၁၆ လိင်တူစုံမက်သူများ အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နေရာတွေကို တူရကီ အစိုးရရဲ့ မကြာသေးခင်က နှိမ်နှင်းမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တူရကီ ရဲတပ်ဖွဲ့က လူဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထားပါတယ်။ အစ္စတန်ဘူလ်မြို့ရဲ့ အဓိက တရားရုံး အပြင်ဖက်မှာ စက်တင်ဘာ ၁၅ ရက်က ဆန္ဒပြသူတွေ စုဝေးချိန်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ လိင်တူစုံမက်သူတွေရဲ့ ဘားဆိုင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့…

ပင်လယ်နီမှာ လွတ်လပ်စွာ သွားလာနိုင်ဖို့ ဆော်ဒီနဲ့ အီဂျစ် တောင်းဆို

ဆာနား၊ စက်တင်ဘာ ၁၆ အီရန် ထောက်ခံပေးထားတဲ့ ဟူသီအဖွဲ့က ထိန်းချုပ်မှုတွေ လုပ်ဆောင်နေတဲ့ပင်လယ်နီမှာ လွတ်လပ်စွာ သွားလာနိုင်ဖို့ ဆော်ဒီအာရေးဗီးယားနဲ့ အီဂျစ်ခေါင်းဆောင်တို့က စက်တင်ဘာ ၁၅ ရက်မှာ တောင်းဆိုလိုက်ပါတယ်။ ပင်လယ်နီရှိ အရေးပါတဲ့ ရေလမ်းကြောင်း တောင်ဖက်ဝင်ပေါက်ကို ထိန်းချုပ်ထားတဲ့ ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်သွားမယ်လို့ ဆော်ဒီအစိုးရက ကြွေးကြော်ပြီးနောက် အခုလို တောင်းဆိုချက် ထွက်ပေါ်လာတာ…

ဖာပွန်တိုက်ပွဲမှာ စစ်သား တစ်ဦး လက်နက်ချပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိ

ဖာပွန်၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ် ဖာပွန်ခရိုင်ထဲမှာ စစ်ဆင်ရေးဝင်ရောက်နေတဲ့ ခမရ ၃၅၇ တပ်ရင်းက တပ်သားအဆင့်ရှိသူတစ်ဦးဟာ လက်နက်ခဲယမ်းဗုံးသီးတွေနဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ် ၅ တပ်မဟာထံ လက်နက်ချလာခဲ့တယ်လို့ KNU ဖာပွန်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ဖာပွန်ခရိုင် ဖားလုံးလေးရွာမှာ ရှိနေတဲ့ စစ်တပ်ရဲ့ စကခ ၁၂ ၊ ခမရ ၃၅၇ လက်အောက်ရှိစစ်ကြောင်းက…

အလင်းဝင်သူ ၅၆၀၀ ကျော်ရှိတယ်လို့ စစ်အစိုးရ ဝါဒဖြန့်ပြန်

နေပြည်တော် ၊ စက်တင်ဘာာ ၁၆ အာဏာသိမ်းမှုအတွင်း စစ်တပ်ရဲ့ သမိုင်းဝင် ကျရှုံးခဲ့ရတဲ့ တိုင်းစစ်ဌာနချုပ် နှစ်ခုအပါအဝင် တိုင်းစစ်ဌာနချုပ် အားလုံးမှာ လက်နက်ချအလင်းဝင်လာသူ ၅၆၀၀ ကျော် ရှိလာတယ်လို့ စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။ နိုင်ငံတော်နဲ့ စစ်တပ်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို နားလည်သဘောပေါက်လာလို့ PDF အဖွဲ့ဝင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေ လက်နက်ခဲယမ်းနဲ့အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတယ်လို့…

မွန်မှာ စစ်အစိုးရ စက်သုံးဆီ မရောင်းပေးလို့ ငါးဈေး ထိုးတက်လာ

မော်လမြိုင် ၊ စက်တင်ဘာ ၁၆ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်တပ် အသွင်းပြောင်း အစိုးရက ကမ်းနီးကမ်းဝေး ငါးဖမ်းလှေတွေကို စက်သုံးဆီ မရောင်းပေးတာကြောင့် ငါးဈေးနှုန်း ထိုးတက်လာတယ်လို့ အိမ်ရှင်မတွေနဲ့ ငါးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ငါးဈေးနှုန်း အဆမတန် မြင့်တက်လာရတာဟာ စက်သုံးဆီ မရောင်းပေးတာ၊ မှောင်ခိုးဈေးကွက်တွေမှာ စက်သုံးဆီတွေကို ဈေးနှုန်း အဆမတန်ပေးပြီး ဝယ်ယူသုံးစွဲနေရတာ၊ ငါးသယံဇာတတွေ…

ကရင်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပါတီဥက္ကဋ္ဌနေရာပါ ရယူ

ဘားအံ၊ စက်တင်ဘာ ၁၆ ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးလည်း ဖြစ်တဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌအဖြစ် ထပ်မံရွေးချယ်ခံခဲ့ရတယ်လို့ ပါတီဘက်က ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ဘားအံမြို့ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ကျင်းပခဲ့တဲ့ ကရင်ပြည်နယ်ပါတီကော်မတီရွေးချယ်ဖွဲ့စည်းရေး အစည်းအဝေးမှာ ရွေးချယ်ခံခဲ့တာပါ။ ကရင်ပြည်နယ်…