သဘာဝပတ်ဝန်းကျင်

မိုးခေါင်ရေရှားမှုကြောင့် ဇင်ဘာဘွေနိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာ

ဟာရေးရေး၊ဧပြီ ၅ ဇင်ဘာဘွေနိုင်ငံမှာ မိုးခေါင်ရေရှားမှု အကျပ်အတည်း ကိုင်တွယ်ဖြေရှင်းဖို့ အမျိုးသားအဆင့် သဘာဝဘေးအဖြစ် သမ္မတ အီမာဆင် အမ်နမ်ဂါဝါက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါ တယ်။ ပြောင်းစိုက်ပျိုးမှု ထက်ဝက်လောက် ပျက်စီးသွားခဲ့တဲ့မိုးခေါင်ရေရှားဖြစ်စဉ်ကြောင့် ဖြစ်ပေါ် လာတဲ့ အစာရေစာ ရှားပါးမှုကို တိုက်ဖျက်ရေး မိမိတို့နိုင်ငံအနေနဲ့ ဒေါ်လာ ၂ ဘီလျံလိုအပ်နေ တယ်လို့ သမ္မတက ဆိုထားပါတယ်။ ပဲ၊ပြောင်းနဲ့ဆန်ရှားပါးမှုကြောင့်…

အမေရိကန်မှာ ဆောင်းရာသီ မုန်တိုင်းတွေကြောင့် လူ ၉၀ နီးပါးသေဆုံး

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃ အမေရိကန်နိုင်ငံမှာ ပြင်းထန်တဲ့ဆောင်းရာသီ မုန်တိုင်းတွေကြောင့် နိုင်ငံတဝှမ်း လူ ၉၀ နီးပါးသေဆုံးပြီးနောက် အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ ဆောင်းမုန်တိုင်းကြောင့် တန်နက်စီပြည်နယ်မှာ ၂၅ ဦးနဲ့အော်ရီဂွန် ပြည်နယ်မှာ ၁၆ ဦးသေဆုံး ထားသလို နိုင်ငံတဝှမ်းက ဒေသတော်တော်များများမှာလည်း လျှပ်စစ်မီးပြတ်တောက်နေတယ် လို့ သိရပါတယ် ပြီးခဲ့တဲ့သီတင်းပတ်က ရာသီဥတုအခြေအနေကြောင့် သေဆုံးသူ ၈၉…

ဂျပန်မှာ ငလျင်ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာ

တိုကျို၊ ဇန်နဝါရီ ၄ ဂျပန်နိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၆၃ ဦးအထိရှိလာပြီး မြေပြိုမှုနဲ့ မိုးသည်းထန်မှု အန္တရာယ်တွေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်သူတွေကို ရှာဖွေဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က အီရှီကာဝါဒေသမှာ ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တစ်မီတာကျော်မြင့်တဲ့ ဆူနာမီလှိုင်းကြီးတွေဖြစ်ပေါ်ခဲ့သလို မီးလောင်ကျွမ်းမှုကြောင့်…

ဂျပန်မှာ အင်အားပြင်းငလျင်ကြောင့် လူဦးရေ တစ်သိန်း ရွှေ့ပြောင်း၊ သေဆုံးသူ ၁၃ ဦး တွေ့ရှိထား

တိုကျို ၊ ဇန်နဝါရီ ၃ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ နှစ်သစ်ကူးနေ့က အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတစ်သိန်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပြီး သေဆုံးသူ ၁၃ ဦး တွေ့ရှိထားတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့က ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့သလို လူနေအိမ် သောင်းနဲ့ချီပြီး…

မလေးရှားမှာ ရေလွှမ်းမိုးမှုကြောင့် လူ ၂၆၀၀၀  နီးပါး ဘေးလွတ်ရာရှောင်တိမ်းနေရ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ ၂၈ မလေးရှားနိုင်ငံရဲ့ ပြည်နယ်လေးခုက လူဦးရေ ၂၆၀၀၀ နီးပါးဟာ ဆိုးရွားတဲ့ ရေလွှမ်းမိုးမှု အခြေအနေတွေကြောင့် နေရပ်စွန့်ခွာနေရပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့ လူမှုဖူလှုံရေးဦးစီးဌာနက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ ညပိုင်းအထိ ကီလန်တန်၊တီရန်ဂါနူ၊ပန်ဟန်နဲ့ ဆီလန်ဂေါမှာရှိတဲ့ ကယ်ဆယ်ရေးစခန်း ၂၁၁ ခုမှာ ရေဘေးသင့်ပြည်သူ ၂၅၉၀၀ အထိရှိတယ်လို့ ရေကြီးသတင်းတွေဖော်ပြနေတဲ့…

အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံး

ဂျာကာတာ၊ ဒီဇင်ဘာ ၅ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်မှာရှိတဲ့ မီးတောင်ပေါက်ကွဲခဲ့တာကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ကာ ပျောက်ဆုံးနေသူတွေကို လည်း ရှာဖွေနေတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ဒီဇင်ဘာ ၃ရက်နေ့က ဆူမားတြားကျွန်းရဲ့ မာရာပီမီးတောင်ပေါက်ကွဲခဲ့တာဖြစ်ပြီးအဲဒီမီးတောင် ဟာ အမြင့်ပေ ၂၈၉၁ ကီလိုမီတာ အထိရှိကာ မီးတောင်ပြာတွေဟာ ကောင်းကင်အထက် ၃၀၀၀…

ကမ္ဘာ့ဘဏ်က ရာသီဥတုဆိုင်ရာ ရန်ပုံငွေ စတင်

ဒူဘိုင်း၊ ဒီဇင်ဘာ ၃ ကမ္ဘာ့ဘဏ်ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရန်ပုံငွေလည်ပိတ်နိုင်ဖို့ လုပ်ဆောင်မှာဖြစ်ပြီး ငွေကြေး အမှန်တကယ်သုံးစွဲမှုကို အလှူရှင်တွေနဲ့ လက်ခံမယ့်သူတွေက ထိန်းချုပ်ဖွယ်ရှိတယ်လို့ ဖွံ့ဖြိုးတိုးတက်ရေးချေးငွေအဖွဲ့ အကြီးအကဲက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ဒူဘိုင်းမှာကျင်းပတဲ့ ကုလသမဂ္ဂရဲ့ COP28 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ နိုင်ငံတွေအတည်ပြုပေးခဲ့တဲ့ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံခဲ့ရတဲ့ နိုင်ငံတွေအတွက်…

ဖိလစ်ပိုင်မှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံးလူ ၆ ဦးသေဆုံး

မနီလာ၊ နိုဝင်ဘာ ၁၉ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူလူဦးရေ ၆ ဦးအထိ မြင့်တက်လာပြီး ပျောက်ဆုံးနေသူ ၂ ဦးကိုလည်း အာဏာပိုင်တွေက ရှာဖွေနေကြောင်း ဒေသဆိုင် ရာ အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။ မင်ဒါနာအိုကျွန်းအနီး ကမ်းလွန်ပင်လယ်ပြင်မှာ နိုဝင်ဘာ၁၇…

လေထုညစ်ညမ်းမှုကြောင့် နယူးဒေလီမှာ တိမ်အတုနဲ့ မိုးရွာသွန်းအောင်လုပ်ဖို့ စီစဉ်

နယူးဒေလီ၊နိုဝင်ဘာ ၁၀ အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ အန္တရာယ်ရှိတဲ့ မီးခိုးတွေဖုံးလွှမ်းနေတာကြောင့် လေထုအရည် အသွေး ကောင်းမွန်အောင် ဆောင်ရွက်ဖို့ တိမ်အတုနဲ့ မိုးရွာသွားအောင်လုပ်ဆောင်သွားမယ်လို့ ဒေသန္တရအစိုးရက ပြောပါတယ်။ ရာသီဥတုဆိုင်ရာ အခြေအနေတွေအရ လာမယ့်နိုဝင်ဘာ ၂၀ ရက်နေ့မှာ အာဏာပိုင်တွေက မြို့တော်အတွင်း မိုးရွာသွန်းအောင် ပြုလုပ်ဖို့ ကြိုးစားမယ်လို့ ဒေလီရဲ့ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးက ပြောထားပြီး ဥပဒေရပ်ဝန်းအတည်ပြုချက်လည်း ရရှိထားတယ်လို့ ဆိုထားတာပါ။…

လေထုညစ်ညမ်းမှုထိန်းချုပ်ဖို့ နယူးဒေလီမှာ မော်တော်ယာဉ်အသုံးပြုမှု ကန့်သတ်မယ်

နယူးဒေလီ၊ နိုဝင်ဘာ ၈ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှုတွေ မြင့်တက်နေတာကြောင့် မော်တော်ယာဉ်အသုံးပြုမှုကို တစ်ပတ်ကြာ ကန့်သတ်သွားမယ်လို့ ဒေသန္တရအစိုးရ သဘာဝပတ်ဝန်းကျင် ဝန်ကြီးက ပြောပါတယ်။ လာမယ့် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀ ရက်နေ့အထိ တစ်ပတ်ကြာ မော်တော်ယာဉ်အသုံးပြုမှုတွေ ကန့်သတ်သွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။ စည်းကမ်းချက်တွေထဲမှာ ဂဏန်းနံပါတ်ပြားပါတဲ့ ယာဉ်တွေကို ထူးခြားရက်စွဲတွေနဲ့ ပြေးဆွဲခွင့် ပေးသွားမှာဖြစ်ပေမယ့်…