လေထုညစ်ညမ်းမှုကြောင့် နယူးဒေလီမှာ တိမ်အတုနဲ့ မိုးရွာသွန်းအောင်လုပ်ဖို့ စီစဉ်

0
259

နယူးဒေလီ၊နိုဝင်ဘာ ၁၀

အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ အန္တရာယ်ရှိတဲ့ မီးခိုးတွေဖုံးလွှမ်းနေတာကြောင့် လေထုအရည် အသွေး ကောင်းမွန်အောင် ဆောင်ရွက်ဖို့ တိမ်အတုနဲ့ မိုးရွာသွားအောင်လုပ်ဆောင်သွားမယ်လို့ ဒေသန္တရအစိုးရက ပြောပါတယ်။

ရာသီဥတုဆိုင်ရာ အခြေအနေတွေအရ လာမယ့်နိုဝင်ဘာ ၂၀ ရက်နေ့မှာ အာဏာပိုင်တွေက မြို့တော်အတွင်း မိုးရွာသွန်းအောင် ပြုလုပ်ဖို့ ကြိုးစားမယ်လို့ ဒေလီရဲ့ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးက ပြောထားပြီး ဥပဒေရပ်ဝန်းအတည်ပြုချက်လည်း ရရှိထားတယ်လို့ ဆိုထားတာပါ။

မော်တော်ယာဉ်တွေ၊စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းထွက် အမှုန့်တွေနဲ့ စိုက်ပျိုးရေး စွန့်ပစ် ပစ္စည်းတွေကို မီးရှို့ချိန်မှာ ထွက်ရှိတဲ့ အမှုန်အမွှားတွေဟာ လေထုအတွင်း ပိတ်မိနေတာကြောင့် ဆောင်းရာသီမတိုင်ခင် လေထုအရည်အသွေးကျဆင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

“လက်ရှိရာသီဥတုအခြေအနေက ဒီအတိုင်း ဆက်ရှိနေမယ်ဆိုရင် ဒီတစ်ပတ် ဒါမှမဟုတ် အနာ ဂတ်ကာလတစ်ခုအထိ ဒီ လေထုညစ်ညမ်းမှုအခြေအနေဟာလည်း ဒီအတိုင်းဆက်ဖြစ်ဖို့ ရှိပါ တယ်” လို့ နယူးဒေလီမြို့ ပတ်ဝန်းကျင်ရေးရာဝန်ကြီးက သတင်းထောက်တွေကိုပြောခဲ့ ပါတယ်။

ဒါ့အပြင် ကျွမ်းကျင်ပညာရှင်တွေ တင်ပြတဲ့ မိုးရွာအောင်ပြုလုပ်မယ်ဆိုတဲ့ အဆိုပြုလွှာကိုလည်း အမြင့်ဆုံးရုံးတော်ကို တင်ပြထားပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

“ကျွန်တော်တို့မှာ ရှိတဲ့ စဉ်းစားချက်တွေကို လူတိုင်းဆီက ပံ့ပိုးမှုတွေ ရမယ်ဆိုရင် အနည်းဆုံး တော့ စမ်းသပ်စီမံကိန်းလေး ကနဦး လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီးက ပြောပါသေးတယ်။

အဲဒီလို လေထုညစ်ညမ်းမှုတွေအမြင့်ဆုံးဖြစ်ပေါ်ခဲ့တဲ့ တရုတ်၊အင်ဒိုနီးရှားနဲ့ မလေးရှားတို့ဟာ လည်း မိုးအတုရွာသွန်းမှုတွေ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

ဒေလီသဘာဝပတ်ဝန်းကျင်ဦးစီးဌာနက ငွေ့ရည်ဖွဲ့မှုကို ဖြစ်စေနိုင်တဲ့ ဆေးဗားအိုင်အိုဒင်းတွေလို ဓာတ်ကူပစ္စည်းအသုံးပြုတဲ့ နည်းလမ်းနဲ့ တိမ်တွေဖြစ်လာအောင်လုပ်ဖို့ စီစဉ်ထားတာပါ။

မြို့တော်အတွင်း လေထုအရည်အသွေးအညွှန်းကိန်းဟာ နိုဝင်ဘာ ၈ ရက်အစောပိုင်းမှာ ၃၂၀ ကျော် အထိရှိခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံရဲ့ အတိုင်းအတာတစ်ခုဖြစ်တဲ့ IQAir နဲ့ နှိုင်းယှဉ်ချိန်မှာတော့ အန္တရာယ် အဆင့်ဖြစ်ပြီး အဲဒီနေ့နောက်ပိုင်းမှာ ၂၉၄ အထိကျဆင်းသွားတယ်လို့ သိရပါတယ်။

အရင်က ဆောင်းရာသီအားလပ်ရက်ကို ဇန်နဝါရီလမှာ သတ်မှတ်ထားပေမယ့် လေထုညစ်ညမ်းမှု ကြောင့် အဲဒီသတ်မှတ်ချက်ကို နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိဖြစ်တယ်လို့ အစိုးရက သတ်မှတ်ခဲ့သလို ပုဂ္ဂလိက ကျောင်းတွေအားလုံးကို ပိတ်ဖို့လည်း ဒေသဆိုင်ရာအစိုးရတွေက သတိပေးချက်ထုတ်ပြန်ထားပါတယ်။

နယူးဒေလီရဲ့ လေထုအရည်အသွေးဆိုးရွားလာတာကြောင့် လယ်သမားတွေရဲ့ သီးနှံအကြွင်း အကျန်တွေကို မီးရှို့တာတွေမလုပ်ဖို့ မြို့တော်ဧရိယာအနီးက ပြည်နယ်တွေကို အိန္ဒိယရဲ့ အမြင့်ဆုံးရုံးတော်က အမိန့်ထုတ်ထားတယ်လို့ သိရပါတယ်။

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.