အမေရိကန်မှာ ဆောင်းရာသီ မုန်တိုင်းတွေကြောင့် လူ ၉၀ နီးပါးသေဆုံး

0
56

ဝါရှင်တန်၊ ဇန်နဝါရီ ၂၃

အမေရိကန်နိုင်ငံမှာ ပြင်းထန်တဲ့ဆောင်းရာသီ မုန်တိုင်းတွေကြောင့် နိုင်ငံတဝှမ်း လူ ၉၀ နီးပါးသေဆုံးပြီးနောက် အရေးပေါ်အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။

ဆောင်းမုန်တိုင်းကြောင့် တန်နက်စီပြည်နယ်မှာ ၂၅ ဦးနဲ့အော်ရီဂွန် ပြည်နယ်မှာ ၁၆ ဦးသေဆုံး ထားသလို နိုင်ငံတဝှမ်းက ဒေသတော်တော်များများမှာလည်း လျှပ်စစ်မီးပြတ်တောက်နေတယ် လို့ သိရပါတယ်

ပြီးခဲ့တဲ့သီတင်းပတ်က ရာသီဥတုအခြေအနေကြောင့် သေဆုံးသူ ၈၉ ဦးအထိရှိတယ်လို့ CBS သတင်းဌာနမှာ ဖော်ပြထားပြီး ရေခဲမှတ်ထိရောက်ရှိနေတဲ့အပူချိန်ဟာလည်း ဒီသီတင်းပတ် ထက်ဝက်လောက်အထိ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ ဆိုထားပါတယ်။

တန်နက်စီနဲ့အော်ရီဂွန်မှာ လူသေဆုံးမှု အများဆုံးဖြစ်ပွားခဲ့သလို အီလီနွိုက်စ်၊ပန်ဆယ်ဗေးနီး ယား၊မစ္စစပီ၊ဝါရှင်တန်၊ကန်တက်ကီ၊ဝင်ကွန်ဆင်၊နယူးယောက်နဲ့ နယူးဂျာစီပြည်နယ်အပြင် တခြားဒေသတွေမှာလည်း လူသေဆုံးမှုတွေ ရှိခဲ့တာပါ။

အော်ရီဂွန်ပြည်နယ် ပေါ့ပ်လန်းမြို့မှာ ဇန်နဝါရီလ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှာ လေတိုက်နှုန်းပြင်းထန်တာကြောင့် ဓာတ်ကြိုးတွေ ကားတစ်စီးအပေါ်ပြုတ်ကျခဲ့တဲ့အတွက် လိုက်ပါလာသူ ၃ ဦး ဓာတ်လိုက်သေဆုံးခဲ့ပေမယ့် အဲဒီကားပေါ်မှာလိုက်ပါလာတဲ့ ကလေးငယ် တစ်ဦးကတော့ အသက်ရှင်ခဲ့တယ်လို့ သိရပါတယ်။

ရာသီဥတုအခြေအနေပြင်းထန်လွန်းနေလို့ သေဆုံးသူတွေထဲမှာ အိမ်ခြေယာမဲ့တွေလည်း ပါဝင်နေသလို ရေပေးဝေရေးပိုက်တွေလည်း ပျက်စီးသွားတဲ့အတွက် တချို့ဒေသတွေမှာ ရေပြတ်တောက်မှုတွေလည်း ရှိနေပါတယ်။

လက်ရှိမှာတော့ အာဏာပိုင်တွေဟာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုအများစုကို ပြန်လည် ပြုပြင်ထားပေမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့အထိ အော်ရီဂွန်မှာ လူ ၁ သောင်း၊မြောက်ကယ်ရို လိုင်းနားမှာ လူ ၈ ထောင်၊ကယ်လီဖိုးနီးယားမှာ လူ ၇ ထောင်နဲ့ ကန်တက်စီမှာ လူ ၄၃၀၀ ကျော် လျှပ်စစ်မီးမရသေးဘူးလို့ သိရပါတယ်။

အပူချိန်ကျဆင်းမှုတွေဆက်လက်ဖြစ်ပွားနေဦးမှာဖြစ်သလို မကြာခင်မှာတော့ လေပူတွေ ဝင်ရောက်ပြီး မိုးရွာနိုင်တာကြောင့် နိုင်ငံအနောက်အလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ ရေကြီး ရေလျှံမှုတွေဖြစ်နိုင်တယ်လို့ မိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.