အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲမှုကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံး

0
155

ဂျာကာတာ၊ ဒီဇင်ဘာ ၅

အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်မှာရှိတဲ့ မီးတောင်ပေါက်ကွဲခဲ့တာကြောင့် တောင်တက်သမား ၁၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ကာ ပျောက်ဆုံးနေသူတွေကို လည်း ရှာဖွေနေတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဒီဇင်ဘာ  ၃ရက်နေ့က ဆူမားတြားကျွန်းရဲ့ မာရာပီမီးတောင်ပေါက်ကွဲခဲ့တာဖြစ်ပြီးအဲဒီမီးတောင် ဟာ အမြင့်ပေ ၂၈၉၁ ကီလိုမီတာ အထိရှိကာ မီးတောင်ပြာတွေဟာ ကောင်းကင်အထက် ၃၀၀၀ မီတာကို ရောက်ရှိခဲ့ပြီး အနီးဝန်းကျင်က ကျေးရွာတွေကိုလည်း မီတောင်အပိုင်းအစတွေ လွှမ်းမိုး သွားတယ်လို့ သိရပါတယ်။  

အားလပ်ရက်မှာ အဲဒီတောင်ပေါ်သွားရောက်ခဲ့တဲ့ တောင်တက်သမား ၇၅ ဦးရှိပြီး ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းအထိ ကယ်ဆယ်ရေးအဖွဲ့တွေဟာ မီးတောင်အဝနားမှာ သေဆုံးသူ ၁၁ ဦးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

“လူ ၂၆ ယောက်ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နိုင်ခြင်းမရှိသေးပါဘူး။ သူတို့အထဲက ၁၄ ဦးကို တွေ့ရှိခဲ့တယ်၊ ၃ ဦးတော့ အသက်ရှင်တယ်၊ ၁၁ ဦး‌တော့ သေဆုံးခဲ့တယ်” လို့ မီးတောင် ပေါက်ကွဲပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကယ်ဆယ်ရေးအသင်းက ပြောခဲ့ပါတယ်။

လက်ရှိမှာ လူ ၁၂ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး ၄၉ ဦးကို တောင်ပေါ်ကပြန်လည်ကယ်တင်နိုင်ခဲ့ ကာအဲဒီထဲက တချို့ကိုဆေးရုံပို့ဆောင်ထားသလို မီးတောင်ဝအနီးမှာတွေ့ရှိခဲ့တဲ့ အသက်ရှင် ကျန်ရစ်သူ သုံးဦးဟာ ကျန်းမာရေးအခြေအနေအားနည်းမှုတွေရှိနေပြီး မီးလောင်ဒဏ်ရာတွေ လည်းရရှိထားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆိုထားပါတယ်။  

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေကို လေကြောင်းကတဆင့် ကယ်ထုတ်နေချိန်မှာလည်း မီးတောင် ပေါက်ကွဲမှုတွေဆက်ရှိနေသေးတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။

အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်အေဂျင်စီက မီးတောင်ပေါက်ကွဲမှုနဲ့ နီးစပ်တဲ့ ကျေးရွာတွေ မှာ Mask တပ်ဆင်ဖို့၊အိမ်အတွင်းမှာ နေထိုင်ကြဖို့အပါအဝင် မီးတောင်အဝနဲ့ ၃ ကီလိုမီတာ အကွာကို မဝင်ရောက်ရဇုန်အဖြစ်လည်း သတ်မှတ်ထားပါတယ်။

ပေါက်ကွဲခဲ့တဲ့ မာရာပီမီးတောင်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အန္တရာယ်အရှိဆုံး အဆင့် ၄ ဆင့် သတ်မှတ်ထားတဲ့အထဲမှာ ဒုတိယအဆင့်မှာပါဝင်တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားကျွန်းဆွယ်ဟာ ပစိဖိတ်မီးတောင်စက်ဝန်းမှာ တည်ရှိနေပြီး မီးတောင်ရှင်ပေါင်း ၁၃၀ နီးပါး အထိရှိတယ်လို့ သိရပါတယ်။

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.