လေထုညစ်ညမ်းမှုထိန်းချုပ်ဖို့ နယူးဒေလီမှာ မော်တော်ယာဉ်အသုံးပြုမှု ကန့်သတ်မယ်

0
277

နယူးဒေလီ၊ နိုဝင်ဘာ ၈

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှုတွေ မြင့်တက်နေတာကြောင့် မော်တော်ယာဉ်အသုံးပြုမှုကို တစ်ပတ်ကြာ ကန့်သတ်သွားမယ်လို့ ဒေသန္တရအစိုးရ သဘာဝပတ်ဝန်းကျင် ဝန်ကြီးက ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၁၃ ရက်ကနေ ၂၀ ရက်နေ့အထိ တစ်ပတ်ကြာ မော်တော်ယာဉ်အသုံးပြုမှုတွေ ကန့်သတ်သွားမှာဖြစ်တယ်လို့ ဆိုထားတာပါ။

စည်းကမ်းချက်တွေထဲမှာ ဂဏန်းနံပါတ်ပြားပါတဲ့ ယာဉ်တွေကို ထူးခြားရက်စွဲတွေနဲ့ ပြေးဆွဲခွင့် ပေးသွားမှာဖြစ်ပေမယ့် တခြားယာဉ်တွေကိုတော့ အလှည့်ကျသွားလာခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။

နယူးဒေလီမြို့ဟာ ဆောင်းရာသီမစခင် ကမ္ဘာ့လေထုညစ်ညမ်းမှု ထိပ်တန်းမြို့ စာရင်းမှာ ပါဝင်လေ့ရှိပြီး မကြာခဏဆိုသလို ငြိမ်သက်နေတဲ့ လေပြင်းတွေ၊ အပူချိန်နိမ့်ကျတဲ့ နေရာတွေက ထုတ်လွှတ်တဲ့ လေထုညစ်ညမ်းမှုတွေနဲ့ ရုန်းမထွက်နိုင်ဖြစ်နေတာပါ။

လေထုအရည်အသွေးဟာ သုံးရက်ဆက်တိုက် ပြင်းထန်နေတယ်လို့ ဖက်ဒရယ် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအဖွဲ့က ဆိုထားပြီး မူလတန်းကျောင်းတွေကိုလည်း နိုဝင်ဘာ ၁၀ ရက်နေ့အထိ ပိတ်ထားဖို့ အစိုးရကို တောင်းဆိုနေပါတယ်။

“ဒီဝါလီပြီးနောက် လေထုညစ်ညမ်းမှု မြင့်တက်လာနိုင်ချေရှိပါတယ်” လို့ သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဂိုပယ်ဝိုင်က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြုလုပ်မယ့် ဟိန္ဒူပွဲတော်ကို ရည်ရွယ်ပြောဆိုထားသလို အဲဒီပွဲတော်မှာ ပစ်ဖောက်ကြမယ့် မီးရှူးမီးပန်းတွေကြောင့် လေထုညစ်ညမ်းမှုပိုမို ဆိုးရွားစေနိုင်တယ်လို့ သတိပေးထားပါတယ်။  

ဒါပေမယ့် သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှိတို့ရဲ့ ခရစ်ကတ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ကစားသမားတွေရဲ့ အဝတ်လဲခန်းတွေမှာ လေသန့်စင်စက်တွေ တပ်ဆင်ပြီး လေထုညစ်ညမ်းမှုကို လျှော့ချဖို့အတွက် ရေဖြန်းစက်တွေ အသုံးပြုကာ နိုဝင်ဘာ ၆ ရက်နေ့က နယူးဒေလီမြို့တော်မှာပဲ ကျင်းပထားပါတယ်။

Ref: Reuters/ec

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.