ကမ္ဘာ့ဘဏ်က ရာသီဥတုဆိုင်ရာ ရန်ပုံငွေ စတင်

0
159

ဒူဘိုင်း၊ ဒီဇင်ဘာ ၃

ကမ္ဘာ့ဘဏ်ဟာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ရန်ပုံငွေလည်ပိတ်နိုင်ဖို့ လုပ်ဆောင်မှာဖြစ်ပြီး ငွေကြေး အမှန်တကယ်သုံးစွဲမှုကို အလှူရှင်တွေနဲ့ လက်ခံမယ့်သူတွေက ထိန်းချုပ်ဖွယ်ရှိတယ်လို့ ဖွံ့ဖြိုးတိုးတက်ရေးချေးငွေအဖွဲ့ အကြီးအကဲက ပြောခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ဒူဘိုင်းမှာကျင်းပတဲ့ ကုလသမဂ္ဂရဲ့ COP28 ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ နိုင်ငံတွေအတည်ပြုပေးခဲ့တဲ့ ရာသီဥတုပြောင်းလဲမှု ဒဏ်ကို ခံခဲ့ရတဲ့ နိုင်ငံတွေအတွက် ဆုံးရှုံးမှုနဲ့ ပျက်စီးမှု ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော်ကို ကနဦးကတိပြုခဲ့တာပါ။ 

ရာသီဥတုပြောင်းလဲမှုဒဏ်အတွက် ကုန်ကျစရိတ်ပြည့်မီဖို့ လိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အတွက် အဲဒီပမာဏဟာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံထက် နည်းပါးနေပေမယ့် လာမယ့် ရက်တွေအတွင်း ကတိကဝတ်တွေ ပိုမိုရရှိဖို့ မျှော်လင့်ထားတာဖြစ်ပါတယ်။ 

“အမှန်တကယ်ကတော့ ဘဏ်ဟာ လက်ရှိမှာ ငွေကြေးခွဲဝေပေးမယ့် အခန်းကဏ္ဍမှာ ပါဝင်ဖို့ အစီအစဉ်မရှိသေးပါဘူး” လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ အေဂျဘန်ဂါက ဒူဘိုင်းမှာ ကျင်းပတဲ့ ထိပ်သီး အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ 

ဒါ့အပြင် အလှူရှင်နိုင်ငံတွေနဲ့ လက်ခံတဲ့နိုင်ငံတွေက ကိုယ်စားလှယ်တွေပါဝင်တဲ့ အုပ်ချုပ်ရေး ဘုတ်အဖွဲ့ကို ဖွဲ့နိုင်ဖို့လိုတယ်လို့ သူက ပြောပါသေးတယ်။ 

ကမ္ဘာ့ဘဏ်အနေနဲ့ ရန်ပုံငွေရဲ့ နေ့စဉ်လုပ်ငန်းတွေကို စီမံခန့်ခွဲရာမှာ ပိုမိုအကန့်အသတ်ရှိတဲ့ အခန်းကဏ္ဍမှာ ပါဝင်မှာဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ 

“ကျွန်ုပ်တို့ရဲ့အလုပ်က သဘာပတိအဖွဲ့လိုပါပဲ၊ ကျွန်တော်တို့က လည်ပတ်တယ်၊ အဲဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ သိတဲ့အတွက်ကြောင့် ပိုက်ဆံတွေ မှန်ကန်တဲ့နေရာတွေကို ရောက်အောင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌက ပြောခဲ့ပါတယ်။ 

ကမ္ဘာ့ခေါင်းဆောင် ၁၄၀ ကျော်နဲ့ ဒီဇင်ဘာလ ၁ရက်နဲ့ ၂ရက်နေ့တို့မှာ စီစဉ်ထားတဲ့ အကြီးမားဆုံး ထိပ်သီးအစည်းအဝေးအဖြစ် ယူအေအီးမှာ ဒီနှစ် COP အတွက် ဆုံးရှုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှု ရန်ပုံ ငွေကို အပြုသဘောဆောင်တဲ့ စတင်မှုလို့လည်း ချီးကျူးတာတွေရှိနေပါတယ်။ 

ရာသီဥတုဆိုင်ရာ ရန်ပုံငွေဟာ ချမ်းသာတဲ့ နိုင်ငံတွေက ကမ္ဘာကြီးပူနွေးလာမှုအတွက် တာဝန်ရှိမှု အနည်းဆုံးဖြစ်တဲ့ နိုင်ငံတွေကို ထောက်ပံ့ဖို့ဓာတ်ငွေထုတ်လွှတ်မှုမှာ ကတိကဝတ် ပျက်ကွက်တာ ကြောင့် အတားအဆီးဖြစ်တယ်လို့ သိရပါတယ်။ 

ဒီရန်ပုံငွေဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ခံရတဲ့ နိုင်ငံတွေအတွက် နည်းပညာဆိုင်ရာ အကူအညီနဲ့ ခွဲခြမ်းစိတ်ဖြာမှုကို ကနဦးစီစဉ်ထားမှာဖြစ်တယ်လို့လည်း ဘန်ဂါက ပြောပါသေးတယ်။ 

“အကယ်၍ ဒီအစီအစဉ်က ကောင်းသွားရင်တော့ နောင်နှစ် တစ်ချိန်ချိန်မှာ နိုင်ငံတွေကို မြေပြင် မှာကူညီဖို့ ငွေတွေ အမှန်တကယ် အသုံးပြုသွားမှာ တွေ့ရလိမ့်မယ်” လို့သူက ဆိုထား ပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.