စီးပွားရေး

အီရန်ကို ဗြိတိန်နဲ့ အမေရိကန်တို့ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်

ဝါရှင်တန်၊ဧပြီ ၂၁ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ အစ္စရေးကိုဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်နိုင်ငံကို အရေးယူ ပိတ်ဆို့မှုတွေပြုလုပ်မှာဖြစ်တယ်လို့ ဧပြီလ ၁၈ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအခြေစိုက် အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရတဲ့အတွက် အစ္စရေးကို ဧပြီလ ၁၃ ရက်နေ့က ပထမဆုံးအကြိမ်တိုက်ရိုက်တိုက်ခိုက်ခဲ့တာပါ။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရန်ကိုအရေးယူပိတ်ဆို့မှုအသစ်အဖြစ် ပို့ကုန်ထိန်းချုပ်မှု တွေပြုလုပ်ပြီး တာဝန်ခံခိုင်းလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အီရန်ရဲ့ အစ္စရေးကိုတိုက်ခိုက်မှုအတွင်း ဒရုန်းနဲ့…

MPT လုပ်ငန်းမှာ အရှုံးပေါ်ခဲ့တယ်လို့ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီတွေ ကြေညာ

ရန်ကုန်၊ဧပြီ ၁၂ မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ သူ့ရဲ့ဌားရမ်းစရိတ်နဲ့ပတ်သက်တဲ့ သံသယဖြစ်ဖွယ် အကြွေးကျန်တွေအတွက် ငွေကြေးဈေးကွက် ကန့်သတ်မှုတွေကြောင့် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ KDDI က ဒေါ်လာ သန်း ၆၉၀ ဆုံးရှုံးမှုရှိတယ်လို့ ကြေညာခဲ့ပါတယ်။ KDDI ရဲ့ မတ်လမှာ အဆုံးသတ်တဲ့ ဘဏ္ဍာရေးကာလအတွက် အသားတင်အမြတ်ခန့်မှန်းချက် ကို ယန်း ၄၅ ဘီလျံလျှော့ပြီး ပြန်ပြောင်းခန့်မှန်းထားတာပါ။…

သုံးလအတွင်း ဗီယက်နမ်စီးပွားရေး ၆ ရာခိုင်နှုန်းနီးပါး တိုးတက်

ဟနွိုင်း၊ မတ် ၃၀ ဗီယက်နမ်နိုင်ငံရဲ့ အသားတင်ပြည်တွင်းထုတ်ကုန်တန်ဖိုးဟာ ပြည်ပသို့ ကုန်တင်ပို့မှုအားကောင်း လာတာကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ဒီနှစ်ပထမ သုံးလပတ်အတွင်း ၅ ဒသမ ၆၆ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၃ ဒသမ ၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဒီနှစ်မှာတော့ ဖွံ့ဖြိုးတိုးတက်မှုပိုမိုမြန်ဆန်ခဲ့တယ်လို့ ဆိုထားတာပါ။ ဒါပေမယ့်…

တိုက်လေယာဉ်တွေ ရောင်းချဖို့ ဂျပန်အစိုးရ ခွင့်ပြု

တိုကျို၊ မတ် ၂၇ ဗြိတိန်၊အီတလီတို့နဲ့ ပူးပေါင်းထုတ်လုပ်နေတဲ့ မျိုးဆက်သစ်တိုက်လေယာဉ်တွေကို တခြားနိုင်ငံတွေဆီ ရောင်းချဖို့ ဂျပန်အစိုးရအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ ဂျပန်ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလက်နက်တင်ပို့မှုကို တားမြစ်ထား တာကြာပြီဖြစ်ပေမယ့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အရင်မူဝါဒတွေကို ပြောင်းလဲခဲ့တာပါ။ သူတို့ရဲ့ သက်တမ်းရင့်နေပြီဖြစ်တဲ့ အမေရိကန်ထုတ် F-2 တိုက်လေယာဉ်အုပ်စုနေရာမှာ အစား ထိုးအသုံးပြုဖို့…

ပြည်တွင်းရွှေဈေး ၄၂ သိန်းအထိ စံချိန်တင် မြင့်တက်

မော်လမြိုင်၊ မတ် ၂၂ တရိပ်ရိပ်မြင့်တက်လာတဲ့ ပြည်တွင်းမီးလင်းအခေါက်ရွှေဈေးနှုန်းဟာ မတ် ၂၂ ရက်နေ့မှာတော့ တစ်ကျပ်သားကို ကျပ် ၄၂ သိန်းအထိ စံချိန်တင်ဈေးနှုန်း မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုနှစ်ဆန်းပိုင်းက တစ်ကျပ်သား ကျပ် ၃၇ သိန်းကျော်သာရှိခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ မတ်လအတွင်း ကျပ် ၄၂ သိန်းအထိ စံချိန်တင်မြင့်တက်လာပြီး ဈေးနှုန်းအတက်ကြမ်းနေတဲ့ အခြေအနေ…

တရုတ်မှာ ကလေးမွေးဖွားနှုန်း လျှော့ကျနေတာကြောင့် ဆရာ/ဆရာမ သန်းနဲ့ချီ အလုပ်အကိုင် ဆုံးရှုံးနိုင်

ဘေကျင်း – ဖေဖော်ဝါရီ ၁၅ တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနှုန်း လျှော့ကျနေတာကြောင့် မူလတန်း ဆရာ/ဆရာမ ၁ ဒသမ ၅ သန်းကျော် နဲ့ အလယ်တန်းပြ ဆရာ/ဆရာမ ၃၇၀၀၀၀ လောက်ဟာ ၂၀၃၅ ခုနှစ်မှာ အလုပ် အကိုင် ဆုံးရှုံးရနိုင်တယ်လို့ လေ့လာမှုတစ်ခုအရ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်တည်းက ကလေးမွေးဖွားနှုန်းလျှော့ကျခဲ့တာဖြစ်ပြီး မူလတန်း…

စစ်ကောင်စီတပ်မ ၂ ခုနဲ့ သတ္တုတွင်းလုပ်ငန်းတွေကို ဗြိတိန် ပိတ်ဆို့အရေးယူ

လန်ဒန် ၊ ဖေဖော်ဝါရီ ၃ အရပ်သားပြည်သူတွေကိုဖိနှိပ်မှုတွေအပြင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာပါဝင်တဲ့ စစ်ကောင်စီခြေမြန်တပ်မ ၇၇ နဲ့ တပ်မ ၁၀၁ တို့အပါအဝင်သတ္တုတွင်းလုပ်ငန်းတွေကို ဗြိတိန်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ ဗြိတိန်ပိတ်ဆို့အရေးယူမှုပြုလုပ်လိုက်တဲ့ လုပ်ငန်းတွေဟာ စစ်ကောင်စီကိုဝင်ငွေရှာပေးနေတဲ့ နိုင်ငံပိုင် သတ္တုတွင်းလုပ်ငန်း ၁ နဲ့ ၂ တို့ဖြစ်တယ်လို့ သိရပါတယ်။ ဒီလုပ်ငန်းတွေဟာ စစ်ကောင်စီအတွက်…

ကမ်းခြေစောင့်ကြပ်ရေး ဖိလစ်ပိုင်နဲ့ ဗီယက်နမ် သဘောတူလက်မှတ်ရေးထိုးမယ်

ဟနွိုင်း ၊ ဇန်နဝါရီ ၂၇ ဖိလစ်ပိုင်သမ္မတ မားကိုစ့်ဂျူနီယာရဲ့ ဗီယက်နမ်ခရီးစဉ်မှာ နှစ်နိုင်ငံကြား ကမ်းခြေစောင့် ကြပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။ ဒီလိုလက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က မကျေမနပ်ဖြစ်လာစေနိုင်တယ် လို့ လေ့လာသူတွေက ဆိုထားပြီး ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ရဲ့ ဒေသတချို့ကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ပိုင်ဆိုင်တယ်လို့…

ဆော်ဒီနိုင်ငံမှာ ပထမဆုံးအရက်ဆိုင် ဖွင့်လှစ်မယ်

ရီးယာ့ဒ်၊ ဇန်နဝါရီ ၂၆ ရှေးရိုးဆန်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အရက်သေစာနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပဒေ တွေပြဌာန်းထားပေမယ့် ပထမဆုံးအကြိမ်အဖြစ် မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက် အရက်ရောင်းချခွင့်ပြုဖို့ အစိုးရကစီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP မှာ ဖော်ပြထားပါတယ်။ ဆော်ဒီနိုင်ငံထဲ အရက်ကိုသံတမန်ရေးလမ်းကြောင်းက တဆင့် ဒါမှမဟုတ် အလုံပိတ်ထားတဲ့ တရားဝင် အထုပ်အပိုးတွေနဲ့ တင်သွင်းရတဲ့ မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက် အရက်ရောင်းချပေးတော့မယ်လို့…

ကုန်တင်သင်္ဘောတွေ တိုက်ခိုက်မှုမှာ အီရန်ပါဝင်နေတယ်လို့ ကန်အစိုးရ ပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၂၄ ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့ရဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုမှာ အီရန်ပါဝင် နေတယ်လို့ အမေရိကန်ရေတပ် အရှေ့အလယ်ပိုင်းတပ်မှူးက AP သတင်းဌာနကိုပြောပါတယ်။ ပင်လယ်နီနဲ့ ဧဒင် ပင်လယ်ကွေ့မှာ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတစ်ခုချင်းစီအတွက် အီရန်က ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ရေတပ်ရဲ့ ပဉ္စမမြောက် ရေယာဉ်အုပ်စုတပ်မှူး ရေတပ်ဒုဗိုလ်ချုပ် ဘရဒ်ကူးပါးက ဆိုခဲ့တာပါ။ ဟူသီအဖွဲ့က ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေဟာ မိမိတို့မျိုးဆက်နှစ်ခုအတွင်း…