ကမ်းခြေစောင့်ကြပ်ရေး ဖိလစ်ပိုင်နဲ့ ဗီယက်နမ် သဘောတူလက်မှတ်ရေးထိုးမယ်

0
53

ဟနွိုင်း ၊ ဇန်နဝါရီ ၂၇

ဖိလစ်ပိုင်သမ္မတ မားကိုစ့်ဂျူနီယာရဲ့ ဗီယက်နမ်ခရီးစဉ်မှာ နှစ်နိုင်ငံကြား ကမ်းခြေစောင့် ကြပ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီမှု လက်မှတ်ရေးထိုးဖို့ရှိတယ်လို့ အရာရှိတွေက ပြောပါတယ်။

ဒီလိုလက်မှတ်ရေးထိုးတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က မကျေမနပ်ဖြစ်လာစေနိုင်တယ် လို့ လေ့လာသူတွေက ဆိုထားပြီး ကမ္ဘာ့ကုန်သွယ်ရေးအတွက် အရေးပါတဲ့ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ရဲ့ ဒေသတချို့ကို ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့က ပိုင်ဆိုင်တယ်လို့ ဆိုထားသလို တရုတ်ကလည်း သူတို့ပိုင်တယ်လို့ ငြင်းခုန်မှုတွေရှိနေတာပါ။

နှစ်နိုင်ငံကမ်းခြေစောင့်တပ်တွေပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေး ထိုးသွားမှာဖြစ်တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်က ဇန်နဝါရီလ ၂၅ ရက်နေ့က ပြောထားပါ တယ်။

သဘောတူညီချက်ရဲ့ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ကမ်းခြေစောင့် တပ်တွေ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဟာ နိုင်ငံခြား ရေပိုင်နက်ထဲ ဝင်ရောက်ပြီး ငါးဖမ်း သင်္ဘောတွေကြား ပဋိပက္ခဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို လျှော့ချရေးအတွက် အရေးပါပြီး နှစ်ဘက်နယ်နိမိတ်ဆိုင်ရာအငြင်းပွားမှုတွေ ပြေလည်စေရေး အထောက်အကူဖြစ်စေနိုင်တဲ့ သဘောတူညီမှုဖြစ်တယ်လို့ ဆိုကြပါတယ်။

ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့က ၂၀၀၂ ခုနှစ် ဒီဇင်ဘာလမှာ တောင်တရုတ်ပင်လယ်ထဲက သူတို့ရဲ့ အထူးစီးပွားရေးဇုန်နယ်နိမိတ်သတ်မှတ်မှုတွေကို အပြန်အလှန်အသိအမှတ်ပြုပြီးနောက် တရုတ်ကမ်းခြေစောင့်တပ်က အဲဒီဧရိယာအနီးမှာ သင်္ဘောတွေခုတ်မောင်းသွားလာခဲ့တာကြောင့် ပဋိပက္ခတွေ ဖြစ်ပွားဖူးပါသေးတယ်။

လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ စတင်မယ့် နှစ်ရက်ကြာ ခရီးစဉ်အတွင်း မားကိုစ့်ဟာ ဗီယက်နမ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ဗီယက်နမ်အပြင် တခြားသက်ဆိုင်ရာ နိုင်ငံတွေကိုချဉ်းကပ်ပြီး တောင်တရုတ် ပင်လယ်မှာ လိုက်နာရမယ့် သီးခြားစည်းကမ်းသတ်မှတ်ချက်တွေ ချမှတ်နိုင်ဖို့အတွက် ကြိုးပမ်းနေတာကြောင့် တရုတ်ရဲ့ မကျေမနပ်မှု ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.