MPT လုပ်ငန်းမှာ အရှုံးပေါ်ခဲ့တယ်လို့ ဂျပန်ဆက်သွယ်ရေးကုမ္ပဏီတွေ ကြေညာ

0
42

ရန်ကုန်၊ဧပြီ ၁၂

မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT နဲ့ သူ့ရဲ့ဌားရမ်းစရိတ်နဲ့ပတ်သက်တဲ့ သံသယဖြစ်ဖွယ် အကြွေးကျန်တွေအတွက် ငွေကြေးဈေးကွက် ကန့်သတ်မှုတွေကြောင့် ဂျပန်ဆက်သွယ်ရေး ကုမ္ပဏီ KDDI က ဒေါ်လာ သန်း ၆၉၀ ဆုံးရှုံးမှုရှိတယ်လို့ ကြေညာခဲ့ပါတယ်။

KDDI ရဲ့ မတ်လမှာ အဆုံးသတ်တဲ့ ဘဏ္ဍာရေးကာလအတွက် အသားတင်အမြတ်ခန့်မှန်းချက် ကို ယန်း ၄၅ ဘီလျံလျှော့ပြီး ပြန်ပြောင်းခန့်မှန်းထားတာပါ။

ကုမ္ပဏီရဲ့အမြတ်ပမာဏဟာ ပြီးခဲ့တဲ့ တစ်နှစ်ကထက် ၆ ရာခိုင်နှုန်း လျှော့ကျမယ်လို့ မျှော်လင့်နေကြပါတယ်။

KDDI နဲ့ ဂျပန်ကုန်သွယ်ရေးလုပ်ငန်း Sumitomo Corp တို့ရဲ့ပူးပေါင်းလုပ်ငန်းဖြစ်တဲ့ KDDI Summit Global Myanmar ဟာ လုပ်ငန်းပိုင်းပူးပေါင်းရေး သဘောတူညီမှုအရ ၂၀၁၄ ခုနှစ် တည်းက MPT ကို ထောက်ပံ့ကူညီနေခဲ့တာပါ။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ဧပြီလက စစ်ကောင်စီပြဌာန်းလိုက်တဲ့ ဒေါ်လာလဲလှယ်မှုဆိုင်ရာ စည်းကမ်း တွေကြောင့် ဒေါ်လာကိုအခြေခံတဲ့ အငှားရဖို့ငွေတွေ လက်ခံရယူဖို့ ကြန့်ကြာမှုတွေရှိနေတယ်လို့ KDDIနဲ့ Sumitomo Corp တို့က ဖော်ပြထားပါတယ်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာတော့ နော်ဝေဗဟိုဘဏ်က KDDI နဲ့ Sumitomo Corp တို့ကိုသူတို့ရဲ့ စောင့်ကြည့်စာရင်းမှာ ထည့်သွင်းလိုက်ပြီး စစ်ကောင်စီနဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေကို ရှောင်ရှားရေး နော်ဝေက ကနဦးဆောင်ရွက်တာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဒေါ်လာလဲလှယ်မှုဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်ပြန်ခဲ့ပြီးနောက် ကုမ္ပဏီတွေရဲ့ ဒေါ်လာဝင်ငွေတွေကို ကျပ်ငွေအဖြစ် ပြောင်းလဲရမယ်လို့ဆိုခဲ့တဲ့အတွက် နိုင်ငံခြား ကုမ္ပဏီတချို့ အခက်ကြုံနေရပါတယ်။

Ref:Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.