တိုက်လေယာဉ်တွေ ရောင်းချဖို့ ဂျပန်အစိုးရ ခွင့်ပြု

0
42
Japan Air Self Defense Forces (JASDF) fighter jets fly during a review at Japan Ground Self-Defense Force (JGSDF) Camp Asaka in Asaka, Japan, on Sunday, Oct. 14, 2018. Efforts by leaders to heal the rift between China and Japan over history are working, although improvement in how the countries' citizens view each other is largely one-sided. Photographer: Keith Bedford/Bloomberg

တိုကျို၊ မတ် ၂၇

ဗြိတိန်၊အီတလီတို့နဲ့ ပူးပေါင်းထုတ်လုပ်နေတဲ့ မျိုးဆက်သစ်တိုက်လေယာဉ်တွေကို တခြားနိုင်ငံတွေဆီ ရောင်းချဖို့ ဂျပန်အစိုးရအဖွဲ့က ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။

ဂျပန်ရဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရလက်နက်တင်ပို့မှုကို တားမြစ်ထား တာကြာပြီဖြစ်ပေမယ့် ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အရင်မူဝါဒတွေကို ပြောင်းလဲခဲ့တာပါ။

သူတို့ရဲ့ သက်တမ်းရင့်နေပြီဖြစ်တဲ့ အမေရိကန်ထုတ် F-2 တိုက်လေယာဉ်အုပ်စုနေရာမှာ အစား ထိုးအသုံးပြုဖို့ ဂျပန်ဟာ ဗြိတိန်၊ အီတလီတို့နဲ့ ပူးပေါင်းပြီး အဆင့်မြင့်တိုက်လေယာဉ်တွေ ထုတ်လုပ်နေတာပါ။

ဂျပန်ဟာ ဗြိတိန်နဲ့ အီတလီစစ်တပ်အသုံးပြုနေတဲ့ ဥရောပ တိုက်လေယာဉ် တိုင်ဖွန်း အမျိုးအစားတွေကိုလည်း အသုံးပြုနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဂျပန်ပြည်တွင်းဖြစ်တိုက်လေယာဉ် စီမံကိန်းကို ဗြိတိန်-အီတလီတို့နဲ့ ပူးပေါင်းပြီး အဆင့်မြင့်တိုက်လေယာဉ်တွေ ထုတ်လုပ်ဖို့ သဘောတူညီခဲ့ကြတာပါ။

သုံးနိုင်ငံပူးပေါင်း စီမံကိန်းအရ လာမယ့် ၂၀၃၅ ခုနှစ်မှာ မျိုးဆက်သစ် တိုက်လေယာဉ်တွေ ထုတ်လုပ်သွားမှာဖြစ်ပြီး ဒီစီမံကိန်းကို ဗြိတိန်မှာ အခြေစိုက်မှာဖြစ်တယ်လို့ သိရပါတယ်။

တိုက်လေယာဉ်အသစ်တွေကြောင့် ဂျပန်လေတပ်ရဲ့ စွမ်းအားဟာ တရုတ်နဲ့ရုရှားတို့ထက် သာလွန်နိုင်မယ်လို့လည်း ဂျပန်က ရည်မှန်းထားပါတယ်။

စစ်မက်ကာလ ရန်လိုပြီး ဒုတိယကမ္ဘာစစ်မှာ မရှုမလှရှုံးနိမ့်ခဲ့ပြီးနောက် ဂျပန်ဖွဲ့စည်းပုံအရ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်ပဲ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။

ဝန်ကြီးချုပ် ကီရှီဒါ အစိုးရက သဘောတူခွင့်ပြုလိုက်တဲ့ အစီအစဉ်ကို အများပြည်သူထံ ရှင်းလင်းမှုမရှိသလို အဓိက မူဝါဒ အပြောင်းအလဲအတွက် သဘောတူညီမှု ရရှိဖို့ ကြိုးစားတာလည်း မရှိဘူးလို့ အတိုက်အခံတွေက စွပ်စွဲထားပါတယ်။

မျိုးဆက်သစ်တိုက်လေယာဉ်တွေကိုတော့ ဂျပန်နိုင်ငံနဲ့ ကာကွယ်ရေး သဘောတူညီမှုယူထားတဲ့ ၁၅ နိုင်ငံအတွက်သာ အကန့်အသတ်နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.