ကုန်တင်သင်္ဘောတွေ တိုက်ခိုက်မှုမှာ အီရန်ပါဝင်နေတယ်လို့ ကန်အစိုးရ ပြော

0
54

ဝါရှင်တန်၊ ဇန်နဝါရီ ၂၄

ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်အဖွဲ့ရဲ့ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုမှာ အီရန်ပါဝင် နေတယ်လို့ အမေရိကန်ရေတပ် အရှေ့အလယ်ပိုင်းတပ်မှူးက AP သတင်းဌာနကိုပြောပါတယ်။

ပင်လယ်နီနဲ့ ဧဒင် ပင်လယ်ကွေ့မှာ ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုတစ်ခုချင်းစီအတွက် အီရန်က ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ရေတပ်ရဲ့ ပဉ္စမမြောက် ရေယာဉ်အုပ်စုတပ်မှူး ရေတပ်ဒုဗိုလ်ချုပ် ဘရဒ်ကူးပါးက ဆိုခဲ့တာပါ။

ဟူသီအဖွဲ့က ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်မှုတွေဟာ မိမိတို့မျိုးဆက်နှစ်ခုအတွင်း ပိုမိုဖြစ်ပွားနေတယ်လို့ ကူးပါးက ပြောခဲ့ပြီး သူတို့ဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင်အီရန်နဲ့ ဆက်နွယ်တဲ့ တိုက်ခိုက်မှုတွေဟာ အရင်က ပါရှားပင်လယ်ကွေ့နဲ့ ဟောမုဇ့် ရေလက်ကြားမှာသာ ဖြစ်ပွားခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ အရှေ့အလယ်ပိုင်းကိုပါ ပိုမို ကျယ်ပြန့်လာနေတာဖြစ်တယ်လို့ သိရပါတယ်။

ဟူသီအဖွဲ့က အမေရိကန်အလံထောင်ထားတဲ့ သင်္ဘောတစ်စင်းကိုတိုက်ခိုက်ခဲ့တယ်လို့ ပြောဆိုထားပေမယ့် အမေရိကန်ဘက်ကတော့ ဒီပြောဆိုချက်နဲ့ပတ်သက်ပြီး ပယ်ချထားပါတယ်။

အာရှနဲ့ အရှေ့အလယ်ပိုင်းက စွမ်းအင်နဲ့ကုန်စည်တွေအတွက် အရေးပါတဲ့လမ်းကြောင်းတစ်ခု ဖြစ်တဲ့ အီဂျစ်နဲ့ ဆူးဇ်တူးမြောင်းကို ဦးတည်သွားတဲ့ ရေလမ်းကြောင်း တလျှောက် ခုတ်မောင်းလာတဲ့ သင်္ဘောတွေကို အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီအဖွဲ့က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတည်းက တိုက်ခိုက်မှု ၃၄ ကြိမ်အထိပြုလုပ်ထားတာပါ။

လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တည်းက ဆာနားမြို့ကို ထိန်းချုပ်ထားပြီး ယီမင်အစိုးရအပေါ်ထောက်ခံတဲ့ ဆော်ဒီဦးဆောင်တဲ့ ညွှန်ပေါင်းအဖွဲ့ကို တိုက်ခိုက်နေတဲ့ ဟူသီအဖွဲ့ဟာ ဟားမတ်စ်ကို အစ္စရေးနဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ဝန်ခံထားပါ တယ်။

ဟူသီအဖွဲ့တိုက်ခိုက်နေတဲ့ သင်္ဘောတွေဟာ အစ္စရေးနဲ့ ဆက်စပ်မှုမရှိတဲ့ သင်္ဘောတွေဖြစ်နေတဲ့ အတွက် အမေရိကန်နဲ့ ဗြိတိန်တို့ကလည်း ဟူသီအဖွဲ့ကို လေကြောင်းက လက်တုံ့ပြန်တိုက်ခိုက် တာတွေ ပြုလုပ်ထားပါတယ်။

ကုန်တင်သင်္ဘောတွေဟာ ဟူသီသူပုန်တွေရဲ့ရန်ကြောင့် ရေလမ်းကြောင်းရှောင်ပြီး ခုတ်မောင်း နေရတဲ့အတွက် အချိန်နဲ့ငွေပိုမိုကုန်ကျနေလို့ ကမ္ဘာ့စီးပွားရေးထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.