လက်နက်စွန့်ပြီး ငြိမ်းချမ်းရေးလုပ်ဖို့ အာဏာသိမ်း သမ္မတ ဖိတ်ခေါ်
နေပြည်တော်၊ ဧပြီ ၁၇ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းကြဖို့ အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က ဖိတ်ခေါ်ပါတယ်။ ဒီကနေ့ ဧပြီ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားစဉ် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။ အာဏာသိမ်း သမ္မတက အနာဂတ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ နိုင်ငံတော်တည်ငြိမ်ရေး၊…
