သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းခွင့်ပေးပြီး အတိုင်ပင်ခံပုဂ္ဂိုလ်ကို ထောင်ဒဏ်အနည်းငယ်သာ လျှော့
နေပြည်တော် ၊ ဧပြီ ၁၈ မြန်မာ့နှစ်သစ်ကူးမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ထောင်ဒဏ်အနည်းငယ်သာ လျှော့ပေါ့ပြီး နေအိမ်အကျယ်ချုပ်အဖြစ် ထားရှိမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကနေ အရပ်သားအသွင်ပြောင်း ဦးမင်းအောင်လှိုင်ရဲ့ သမ္မတရုံးကနေ ကြေညာတဲ့ အမိန့်အရ တောင်ငူအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေတဲ့ ဦးဝင်းမြင့်ကို လက်ရှိ ကျခံနေရတဲ့ ပြစ်ဒဏ်တွေကို လျှော့ပေါ့ပြီး…
