ကျားဖြန့်ဂိုဏ်းတွေနဲ့ဆက်စပ်တဲ့ DKBA ခေါင်းဆောင်နှစ်ဦးကို အမေရိကန် ပိတ်ဆို့အရေးယူ
ဘားအံ နိုဝင်ဘာ ၂၁ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေထဲမှာ တိုက်ချမ်း (Tai Chang) ကျားဖြန့်စင်တာကို သတင်းပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုကြေးပေးသွားမယ်လို့ အမေရိကန်က ထပ်မံထုတ်ပြန်ထားအပြီး ရက်ပိုင်းမှာပဲ DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောရွှေဝနဲ့ အမှတ် (၂) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်စောအေဝမ်းကို အမေရိကန်က ပိတ်ဆို့အရေးယူလိုက်ပါတယ်။ အွန်လိုင်ငွေလိမ်ဂိုဏ်း(ကျားဖြန့်)နဲ့ လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်ကူညီပေးနေတယ်လို့ဆိုပြီး…
