October 26, 2026

အမေရိကန်နဲ့ စေ့စပ်ဆက်ဆံတဲ့ စစ်အစိုးရအပေါ် တရုတ်ရပ်တည်ချက် ပြောင်းနိုင်မလား

နေပြည်တော် ၊ အောက်တိုဘာ ၂၇ အာဆီယံနဲ့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမှုကို ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အစိုးရအနေနဲ့ အမေရိကန်အစိုးရနဲ့ စေ့စပ်ဆက်ဆံလာတဲ့အပေါ် တရုတ်အစိုးရရဲ့ ရပ်တည်ချက် ပြောင်းလဲလာနိုင်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာနေပါတယ်။ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က အာဏာသိမ်းမှု ၅ နှစ်တာအတွင်း စစ်ခေါင်းဆောင်တွေနဲ့ စစ်အုပ်စု အပေါင်းအပါတွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တဲ့…

ရွှေကျင်မှာ လေကြောင်းဗုံးကြဲခံရလို့ အရပ်သားနှစ်ဦး သေဆုံး၊ ခြောက်ဦး ဒဏ်ရာရ

ရွှေကျင်၊ အောက်တိုဘာ၂၇ ပဲခူတိုင်း ရွှေကျင်မြို့နယ် အင်းကျိုက်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ နှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက အောက်တိုဘာ ၂၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ အာဏာသိမ်း စစ်တပ်ရဲ့ ဂျက်ဖိုက်တာ…

ထားဝယ်ဒေသမှာ ဝမ်းရောဂါနဲ့ အရေပြားရောဂါဖြစ်ပွားနေ

ထားဝယ်၊ အောက်တိုဘာ ၂၇ ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေမှာ နောက်ဆက်တွဲအဖြစ် ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi အဖွဲ့ထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထားဝယ်ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုနဲ့ မြေပြိုမှုကို အဆိုးရွာဆုံး ကြုံတွေ့ခဲ့တဲ့ လောင်းလုံးမြို့နယ် ကျေးရွာတွေက…

ဥရောပမှာ မုန်တိုင်း တိုက်ခတ်မှုကြောင့် ဓာတ်အား ထောက်ပံ့မှု၊ ဖုန်းလိုင်းနဲ့ လေကြောင်း ခရီးစဉ်တွေ ထိခိုက်

လန်ဒန်၊ အောက်တိုဘာ ၂၆ ဥရောပမြောက်ပိုင်းမှာ အောက်တိုဘာ ၂၅ ရက်က မုန်တိုင်းတွေ ဝင်ရောက် တိုက်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးကာ အိမ်ခြေပေါင်း ၁၅၀၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ပြီး တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။ စကော့တလန် အနောက်တောင်ပိုင်းမှာ အမျိုးသား တစ်ဦးပေါ် သစ်ပင် လဲကျပြီး သေဆုံးခဲ့ပါတယ်။ ပြင်သစ် မြောက်ပိုင်းမှာ မာရသွန် ပြေးပွဲဝင်နေသူ…

သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ဒီမိုကရက်ပါတီအတွက် မဲဆွယ်မှု အတွင်း အိုဘားမားက ထရန့်ကို တိုက်ခိုက်

ဝါရှင်တန်၊ အောက်တိုဘာ ၂၆ အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားက သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ဒီမိုကရက်ပါတီအတွက် မဲဆွယ်ချိန်မှာ အီရန် စစ်ပွဲရဲ့ သက်ရောက်မှုတွေနဲ့ စားဝတ်နေရေး စရိတ်ကြီးမြင့်မှုနဲ့ ပတ်သက်လို့ ထရန့်အစိုးရကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။ လက်ရှိ အစိုးရရဲ့ ရူးမိုက်မှု တချို့ကို အနည်းဆုံး ထိန်းချုပ်နိုင်ဖို့ လက်ရှိ ရွေးကောက်ပွဲဟာ အကောင်းဆုံး အခွင့်အရေး…

မော်လမြိုင်မြို့အတွင်းရှိ နေအိမ်နဲ့ခြံစည်းရိုးတွေ ဆေးသုတ်ဖို့ စည်ပင် ညွှန်ကြား

မော်လမြိုင်၊ အောက်တိုဘာ ၂၆ မွန်ပြည်နယ် မော်လမြိုင်မြို့အတွင်းရှိ နေအိမ်အဆာက်အအုံတွေနဲ့ ခြံစည်းရိုးတွေကို ဆေးသုတ်ဖို့ စစ်တပ် အသွင်းပြောင်း အစိုးရ လက်အောက်ခံ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ညွှန်ကြားလာပါတယ်။ နေအိမ်တွေ ဆေးသုတ်ရာမှာ မိမိနှစ်သက်တဲ့ အရောင်တွေ သုတ်နိုင်ပေမယ့် ခြံစည်းရိုးတိုင်ကို မီးခိုးရောင်၊ ခြံစည်းရိုး အကာမျက်နှာပြင်ကို အဝါနုရောင်သုတ်ဖို့ ညွှန်ကြားထားတာပါ။ နေအိမ်နဲ့ ခြံစည်းရိုးတွေ ဆေးသုတ်ဖို့ ညွှန်ကြားရတာဟာ မြို့တော်အင်္ဂါရပ်နဲ့ညီညွှတ်စေရေးဖို့၊…

ဖာပွန်မှာ စစ်တပ်ဗုံးကြဲမှု ကလေးတစ်ဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

ဖာပွန်၊ အောက်တိုဘာ ၂၆ ကရင်ပြည်နယ် ဖာပွန်မြို့နယ် မယ်နုထာကျေးရွာကို အာဏာသိမ်း စစ်တပ်ရဲ့လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မနက် ၁ နာရီအချိန်လောက်မှာ တောင်ငူလေတပ်က တက်လာတဲ့ ဂျက်ဖိုက်လေယာဉ် တစ်စီးကနေ တိုက်ပွဲမရှိဘဲ မယ်နုထာကျေးရွာကို လေကြောင်းကနေ…

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် မာရီယာ မာချာဒို ပြည်တော် ပြန်ဝင်

ကာရာကတ်စ် ၊ အောက်တိုဘာ ၂၆ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာရီယာ ကော်ရီနာ မာချာဒို ပြည်ပမှာ ၁၀ လကျော်ကြာ တိမ်းရှောင်နေခဲ့ပြီးနောက် ဝရုန်းသုန်းကား နိုင်ငံရေး အခြေအနေ ဖြစ်ပေါ်နေတဲ့ မိခင်နိုင်ငံဆီ ပြန်လာပြီ ဖြစ်ပါတယ်။ “ကျွန်မ ဒီကို ရောက်ပါပြီ။ ရှင်တို့နဲ့ အတူ ရှိနေပါပြီ” လို့ မာချာဒိုက လူမှုမီဒီယာ ပေါ်မှာ…

မြန်မာနဲ့ ပြန်လည် ပေါင်းစည်းရေး အာဆီယံ လာမယ့်လ ဆွေးနွေးမယ်

ဘန်ကောက်၊ အောက်တိုဘာ ၂၆ အာဆီယံက မြန်မာနိုင်ငံကို ဘယ်လို ဆက်ဆံရမလဲဆိုတာ လာမယ့်လအတွင်းကျင်းပမယ့် ညီလာခံမှာ ဆွေးနွေးသွားဖို့ စီစဉ်ထားပါတယ်။ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တွေကို အာဆီယံ ထိပ်သီး အစည်းအဝေးတွေကနေ တားမြစ်ထားခဲ့ပါတယ်။ စစ်တပ်ထောက်ခံတဲ့ အစိုးရနဲ့ ဆက်ဆံရေး တိုးချဲ့ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုကို ထောက်ခံ ကြိုဆိုကြောင်း ထိုင်းအစိုးရကလည်း ပြောထားပါတယ်။ ထိုင်း…