ဝါရှင်တန်၊ အောက်တိုဘာ ၂၆
အမေရိကန် သမ္မတဟောင်း ဘားရက် အိုဘားမားက သက်တမ်းဝက် ရွေးကောက်ပွဲ မတိုင်ခင် ဒီမိုကရက်ပါတီအတွက် မဲဆွယ်ချိန်မှာ အီရန် စစ်ပွဲရဲ့ သက်ရောက်မှုတွေနဲ့ စားဝတ်နေရေး စရိတ်ကြီးမြင့်မှုနဲ့ ပတ်သက်လို့ ထရန့်အစိုးရကို တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။
လက်ရှိ အစိုးရရဲ့ ရူးမိုက်မှု တချို့ကို အနည်းဆုံး ထိန်းချုပ်နိုင်ဖို့ လက်ရှိ ရွေးကောက်ပွဲဟာ အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်လို့ အိုဘားမားက အိုဟိုင်းယိုးမြို့မှာ အောက်တိုဘာ ၂၄ ရက်က ပြောပါတယ်။
ဒီအတောအတွင်း အမေရိကန် သမ္မတ ထရန့်က ဂျော်ဂျီယာပြည်နယ်မှာ ကျင်းပခဲ့တဲ့ သူ့အစိုးရရဲ့ လူဝင်မှု ကြီးကြပ်ရေးနဲ့အခွန်ဆိုင်ရာ လူထု စုဝေးမှုအတွင်း မိမိတို့ အနေနဲ့ အမေရိကန်ရဲ့ ရွှေရောင်ခေတ်ကာသို့ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
နိုဝင်ဘာ ၃ ရက် သက်တမ်းဝက် ရွေးကောက်ပွဲ ရလဒ်တွေက ထရန့်ရဲ့ လက်ကျန် သက်တမ်းအတွင်း လွှတ်တော်ကို ဘယ်ပါတီက ထိန်းချုပ်နိုင်မလဲ ဆိုတာ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။
စောစောစီးစီး မဲပေးမှုတွေ စတင်နှင့်ပြီး ဖြစ်သလို ထရန့်က အောက်တိုဘာ ၂၄ ရက်က ဖလော်ရီဒါပြည်နယ်မှာ သူရဲ့ ဇနီးနဲ့အတူ မဲထည့်ခဲ့တာ တွေ့ရပါတယ်။
အိုဘားမားက ထရန့်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့ကို ပစ်မှတ်ထားပြီး အိုဟိုင်းယိုးနဲ့ မီယာမီမှာ ပြောကြားရာမှာ အိမ်ဖြူတော်ကို ပြန်လည် နေရာချထားရေး သမ္မတရဲ့ ကြိုးပမ်းမှုကိုလည်း လှောင်ပြောင် ပြောဆိုခဲ့ပါတယ်။
မိမိတို့အနေနဲ့ ထရန့် အစိုးရ လက်ထက်မှာ တစ်ခါမှ မမြင်တွေ့ခဲ့ဖူးတဲ့ ပရမ်းပတာ ဖြစ်မှုတွေ ရက်စက်မှုတွေ မြင်တွေ့နေရတယ်လို့ အိုဘားမားက ပြောပါတယ်။
၂၀၂၄ ခုနှစ်မှာ အမေရိကန်နိုင်ငံသား မဲပေးသူတွေအနေနဲ့ ကိုဗစ် ၁၉ ကြောင့် ဖြစ်ပေါ်နေတဲ့ စီးပွားရေးနဲ့ ငွေဖောင်းပွမှုတွေလို မပြည့်စုံမှုတွေကြောင့် ဒီမိုကရက်တွေကို ငြင်းပယ်ခဲ့တဲ့အပေါ် နားလည်ကြောင်းလည်း အိုဘားမားက ပြောပါတယ်။
ဘယ်သူ့ကို ရွေးချယ်ရမလဲ ဆိုတာ မသိရခင် အရာရာ ဈေးကြီးလွန်းနေပြီလို့ ထင်နေရင်တော့ အခုအချိန်မှာလအရာအားလုံး ဈေးနှုန်းမြင့်မားနေပြီဖြစ်ကြောင်း အိုဘားမားက ဆိုပါတယ်။
ဒီအတောအတွင်း ထရန့်က ရေနံဈေးဟာ ယာယီ မြင့်တက်နေတာ ဖြစ်ပေမယ့် မိမိတို့ နိုင်ငံအနေနဲ့ အမြဲ အားကောင်းသထက် အားကောင်းလာနေတယ်လို့ ပြောထား ပါတယ်။
ရီပက်ဘလေကန် သမ္မတ ထရန့်ဟာ လောင်စာဈေးနှုန်း လျှော့ချရေး ဖိအားတွေနဲ့ ရင်ဆိုင်နေရပြီး ဒဏ်ခတ် ပိတ်ဆို့မှုတွေ အများကြီး လုပ်ထားတဲ့ ရုရှားကိုတောင် ဖြေလျှော့မှုတွေ လုပ်ပြီး ဒီဇယ်တွေ ဝယ်ယူထားပါတယ်။
Ref:BBC

