ဥရောပမှာ မုန်တိုင်း တိုက်ခတ်မှုကြောင့် ဓာတ်အား ထောက်ပံ့မှု၊ ဖုန်းလိုင်းနဲ့ လေကြောင်း ခရီးစဉ်တွေ ထိခိုက်

လန်ဒန်၊ အောက်တိုဘာ ၂၆

ဥရောပမြောက်ပိုင်းမှာ အောက်တိုဘာ ၂၅ ရက်က မုန်တိုင်းတွေ ဝင်ရောက် တိုက်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးကာ အိမ်ခြေပေါင်း ၁၅၀၀၀၀ ကျော် လျှပ်စစ်မီး ပြတ်တောက်သွားခဲ့ပြီး တယ်လီဖုန်းလိုင်းတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။

စကော့တလန် အနောက်တောင်ပိုင်းမှာ အမျိုးသား တစ်ဦးပေါ် သစ်ပင် လဲကျပြီး သေဆုံးခဲ့ပါတယ်။

ပြင်သစ် မြောက်ပိုင်းမှာ မာရသွန် ပြေးပွဲဝင်နေသူ တစ်ဦး အနီး သစ်ပင် လဲကျတာကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။

ဗြိတိန်မှာ လူနေအိမ် ၈၂၀၀၀ ကျော်၊ ပြင်သစ်မှာ ၆၀၀၀၀ ကျော်နဲ့ ဂျာမနီမှာ ၁၀၀၀၀ ကျော် လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်ခဲ့ရပါတယ်။

စကော့တလန် အနောက်ပိုင်း ဒေသ တချို့မှာ လေတိုက်နှုန်း တစ်နာရီ ကီလိုမီတာ ၁၃၅ နှုန်း ရှိကြောင်း သိရပါတယ်။

မုန်တိုင်း တိုက်ခတ်မှုအတွင်း လူနေအိမ်ပေါင်း ၄ သိန်းကျော် ဓာတ်အား ပြတ်တောက်ခဲ့တယ်လို့ ဗြိတိန် စွမ်းအင် ကွန်ရက် အဖွဲ့အစည်းက ပြောပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုနဲ့အတူ အခုနှစ် ကြုံနေရတဲ့ အယ်လ်နီညို ရာသီဥတုကြောင့် အများကြီး ပိုပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေနဲ့ ထပ်ပြီး ရင်ဆိုင်နိုင်ရတယ်လို့ ပညာရှင်များက သတိပေးထားပါတယ်။

မုန်တိုင်း တိုက်ခတ်မှုကြောင့် လေပြင်း တိုက်ခတ်သလို မိုးများ ရွားသွန်းမှုကြောင့် ဂျာမနီမှာလည်း လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။

မုန်တိုင်းတွေကြောင့် ဥရောပမြောက်ပိုင်းဒေသတဝန်း လေကြောင်း ခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရပါတယ်။

ဂျာမနီနိုင်ငံ အော်စတင်မြို့မှာ လူနေအိမ် ၁၀၀၀၀ လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဥရောပ မုန်တိုင်းတွေဟာ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံတို့ကိုလည်း ထိခိုက်စေခဲ့ပါတယ်။
Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.