October 23, 2026

စစ်အာဏာသိမ်း (၂၀၉၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၆၀၀)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၂၃ AAPP ရဲ့ အောက်တိုဘာ ၂၂ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၉၀) ရက်အတွင်း ပြည်သူ (၈၆၀၀) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၁၉၉) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၈၅)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မွန်အပါအဝင် တောင်ပိုင်းက ပြည်သူတွေ လူသားမလုံခြုံမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရ

မော်လမြိုင် ၊ အောက်တိုဘာ ၂၃ မြန်မာပြည်တောင်ပိုင်းဒေသက ပြည်သူတွေဟာ လူတစ်ဦးချင်းစီရဲ့ လူမှုစီးပွားနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် လူသားမလုံခြုံမှု အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်တဲ့ ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာန RICE ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အခုနှစ် ပထမ ၆ လတာအတွင်း မြန်မာပြည်တောင်ပိုင်း‌ဒေသတချို့မှာ လူသားလုံခြုံရေးဆိုင်ရာ သုတေသနတစ်ရပ်ကို…

မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ် ပိုက်စိပ်တိုက်ဖမ်းဆီးနေ

မြဝတီ၊ အောက်တိုဘာ ၂၃ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ်က ပိုက်စိပ်တိုက် ဖမ်းဆီးနေတာကြောင့် ထိုင်းကုန်ပစ္စည်း သယ်ယူပို့ဆောင်ဖို့ ပိုမိုကျပ်တည်းလာတယ်လို့ ကုန်သည်အသိုင်းအဝိုင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တရားမဝင်ကုန်စည်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကရင်ပြည်နယ် ဘားအံ ကော့ကရိတ် မြဝတီမြို့တွေမှာရှိတဲ့ ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းဆီးမှုတွေဟာ ဒီနောက်ပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာနေပြီး ပစ္စည်းတွေသိမ်းဆည်းတဲ့အပြင် လူတွေကိုပါ ပြန်ရွေးယူလို့မရတော့ဘဲ ဖမ်းဆီးထောင်ချနေပါတယ်။…