မော်လမြိုင် ၊ အောက်တိုဘာ ၂၄

မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးအဖြစ်ကနေ အနားပေးလိုက်တဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရဲ့ အရံအင်အားထံ ပို့ဆောင်လိုက်တယ်လို့ စစ်အစိုးရနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တရားမဝင် ကုန်သွယ်မှုတွေမှာ လာဘ်ပေးလာဘ်ယူမှုနဲ့ နာမည်ကြီးနေတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်အစား ဗိုလ်မှူးကြီး ရဲထွဋ်အား ပြောင်းလဲခန့်အပ်လိုက်တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက အောက်တိုဘာ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

နယ်လုံဝန်ကြီး အပြောင်းအလဲ ပြုလုပ်မှုနဲ့ ပတ်သက်ပြီး စစ်တပ် အသွင်းပြောင်း အစိုးရအဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိပေမယ့် နိုင်ငံရေးလေ့လာသုံးသပ်သူတွေက စီနီယာ၊ဂျူနီယာပြောင်းတဲ့ သဘောသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရားထူးကနေ အနားပေးခံရတဲ့ ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ တရားမဝင် ကုန်သွယ်မှုတွေမှာ လာဘ်ပေးလာဘ်ယူမှုကြောင့် တိုင်ကြားခံထားရသူတစ်ဦးလည်း ဖြစ်ပါတယ်။

စစ်အစိုးရအဖွဲ့က အပြောင်းအလဲ ပြုလုပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ် နယ်လုံဝန်ကြီး ခုနှစ်ဦးမှာ ရန်ကုန်၊ချင်းနဲ့မွန်ပြည်နယ်တို့ဟာ တိုက်ပွဲ မပြင်းထန်တဲ့ ဒေသတွေ ဖြစ်ပါတယ်။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်နေ့မှာ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပြီး သက်တမ်းအနေနဲ့ ၄ နှစ်ကျော် ရှိခဲ့တာပါ။

ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ တာဝန် ထမ်းဆောင်စဉ်ကာလအတွင်း တရားမဝင် ကုန်သွယ်မှုတွေမှာ လာဘ်ငွေ အများအပြား ရယူတာ၊ စစ်ဆေးရေးဂိတ်တွေကနေ လစဉ်ငွေကျပ် သိန်းထောင်နဲ့ချီ ရရှိခဲ့ပါတယ်။

စစ်အစိုးရနဲ့နီးစပ်သူတွေရဲ့ အဆိုအရ ဗိုလ်မှူးကြီး ကျော်စွာမြင့်ဟာ နယ်လုံဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တဲ့ လေးနှစ်ကျော်အတွင်း ငွေကျပ်သိန်းပေါင်း သိန်းနဲ့ချီ ချမ်းသာသွားနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.