October 10, 2026

ပနားမားနိုင်ငံမှာ ၇ ဒသမ ၇ ပြင််းအားရှိ ငလျင်လှုပ်ခတ်ပြီး အဆောက်အအုံတွေ ပြိုကျပျက်စီး

ပနားမားစီးတီး အောက်တိုဘာ ၁၀ အမေရိကအလယ်ပိုင်းဒေသက ပနားမားနိုင်ငံမှာ အောက်တိုဘာ ၉ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပြီး ပနားမားအပါအဝင် အနီးဝန်းကျင်နိုင်ငံတွေမှာ ဆူနာမီသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။ အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ရဲ့ ထုတ်ပြန်ချက်အရ ငလျင်ဟာ အောက်တိုဘာ ၉ ရက် ဒေသစံတော်ချိန်…

ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့သမီး မသိမ့်ဝင်းထက်ကို အမေရိကန်က အရေးယူပိတ်ဆို့မှု ရုပ်သိမ်း

နေပြည်တော် အောက်တိုဘာ ၁၀ မြန်မာ စစ်အစိုးရနဲ့ ဆက်နွှယ်မှုရှိတယ်လို့ စွပ်စွဲခံထားရတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စု ပိုင်ရှင် ဦးသိန်းဝင်းဇော်ရဲ့ သမီးဖြစ်သူ မသိမ့်ဝင်းထက်ကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့မှုစာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။ မသိမ့်ဝင်းထက်ကက အမေရိကန်အစိုးရကို တရားစွဲဆိုထားပြီးနောက် အောက်တိုဘာ ၉ ရက်မှာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မသိမ့်ဝင်းထက်ကို အရေးယူပိတ်ဆို့ခံထားရသူများစာရင်း (SDN List) ကနေ ပယ်ဖျက်ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ ၂၀၂၄…