နယူးဒေလီ ၊အောက်တိုဘာ ၁၀

အိန္ဒိယ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ နုတ်ထွက်ရေး တောင်းဆိုနေတဲ့ လူငယ်တွေရဲ့ ဆန္ဒပြပွဲကို ကာကွယ်ဖို့ ဒေလီမြို့ မြို့လယ်ခေါင်ကို အောက်တိုဘာ ၁၀ ရက်က ပိတ်ထားပါတယ်။

ရဲနဲ့ စစ်တစ်ပိုင်း လက်နက်ကိုင် တပ်ဖွဲ့ဝင် ထောင်နဲ့ချီ ကင်းလှည့်နေပြီး ရထားဘူတာရုံတွေ ပိတ်ထားသလို မိုဘိုင်း အင်တာနက်လိုင်းတွေ ဆိုင်းငံ့ထားပြီး ဈေးတွေ ပိတ်ထားပါတယ်။

ပိုးဟပ် လူငယ် လှုပ်ရှားရေး အဖွဲ့က တိုက်တွန်းထားတဲ့ ဆန္ဒပြပွဲမှာ ဆန္ဒပြသူ ထောင်ပေါင်းများစွာ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။

မဲပေးသူ စာရင်းကို ပြန်လည် ပြင်ဆင်ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင် အကြီးအကဲ ဂျီယန်နက်ရှ် ကူးမား ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

မဲပေးသူ စာရင်းကို ပြန်လည် ပြင်ဆင်လိုက်တာကြောင့် ဝန်ကြီးချုပ် နရန်ဒရာ မိုဒီရဲ့ BJP ပါတီအတွက် အကျိုး ရှိစေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ဆန္ဒပြပွဲ စီစဉ်သူတွေက ဒီမိုကရေစီကို ကယ်တင်မယ့် ဆန္ဒပြပွဲအဖြစ် ပြောဆိုထားတဲ့ ဆန္ဒပြပွဲကို အကြီးမားဆုံး ဆန္ဒပြပွဲတွေထဲက တစ်ခု ဖြစ်လာစေဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။

ကူးမားရဲ့ လက်ထောက်အရာရှိတွေက မေးခွန်း ထုတ်ခဲ့ကြပြီး မဲစာရင်း ပြန်လည် ပြင်ဆင်မှုနဲ့ ပတ်သက်လို့ ကူမားရဲ့ လုပ်ရပ်ကို သဘောမတူကြကြောင်း Indian Express သတင်းစာက ဖော်ပြခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်က ဆန္ဒပြပွဲတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

မဲစာရင်း ပြင်ဆင်မှုကြောင့် မဲပေးသူ သန်း ၁၃၀ လောက် မဲစာရင်းက ဖယ်ရှားခံခဲ့ရပါတယ်။

ကော်မရှင် အကြီးအကဲ ကူးမားက မှတ်ချက် မပေးသေးပေမယ့် ရွေးကောက်ပွဲ ကော်မရှင်နဲ့ BJP ပါတီတို့က အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

BJP ပါတီက မိုဒီရဲ့ လူကြိုက်များမှုနဲ့ အိန္ဒိယ စီးပွားရေး ဖွံ့ဖြိုးမှုတို့ဟာ သူတို့ရဲ့ ရွေးကောက်ပွဲအပေါ် အဓိက ကြီးစိုးထားနိုင်မှု ဖြစ်တယ်လို့ ပြောပါတယ်။

အတိုက်အခံ ပါတီတွေဟာ ရွေးကောက်ပွဲ အနိုင်မရနိုင်တာကြောင့် နိုင်ငံကို တလွဲယုံကြည်အောင် လုပ်ဆောင်နေတယ်လို့ BJP ပါတီက ပြောပါတယ်။

ဒါပေမဲ့လည်း အတိုက်အခံ အုပ်စုရဲ့ နေ့တိုင်းနီးပါး ဆန္ဒပြမှုတွေကြောင့် မိုဒီအတွက် နိုင်ငံရေး စိန်ခေါ်မှု အသစ် တစ်ခု ထွက်ပေါ်လာပါတယ်။ စာမေးပွဲ မေးခွန်းလွှာ ပေါက်ကြားမှုနဲ့ ပတ်သက်လို့ အလားတူ ဆန္ဒပြပွဲတွေကြောင့် ပညာရေးဝန်ကြီး နုတ်ထွက်သွားခဲ့ရပြီးနောက် လပိုင်းအကြာမှာ ဆန္ဒပြပွဲတွေထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.