October 9, 2026

စစ်အာဏာသိမ်း (၂၀၇၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၅၁၃)ဦးထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ ၉ AAPP ရဲ့ အောက်တိုဘာ ၈ ရက်အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၇၆) ရက်အတွင်း ပြည်သူ (၈၅၁၃) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၂၀၇၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၃၇၃)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။…

မြန်မာစစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေအတွက် မလေးရှားအစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတချို့ ကြံရာပါနေ

နေပြည်တော် ၊ အောက်တိုဘာ ၉ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ လေကြောင်းစစ်ဆင်ရေးတွေအတွက် မလေးရှားအစိုးရနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတချို့ဟာ ကြံရာပါပတ်သက်သူတွေအဖြစ် Justice For Myanmar (JFM) က အောက်တိုဘာ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။ အာဆီယံထဲ ပြန်လည်ဝင်ဆံ့နိုင်ဖို့ နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ…

မွန်စစ်လွှတ်တော်မှာ အုပ်ချုပ်ရေးမှူးတွေ ပြန်ရွေးဖို့အဆို ရှုံးနိမ့်

မော်လမြိုင် ၊ အောက်တိုဘာ ၉ စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အများဆုံး လွှမ်းမိုးထားတဲ့ မွန်ပြည်နယ် လွှတ်တော်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ဥပဒေနဲ့အညီ ပြန်လည်ရွေးချယ်ရေး အဆို မဲခွဲဆုံးဖြတ်ရာမှာ အရေးနိမ့်သွားပါတယ်။ ဒီအဆိုကိုတော့ အောက်တိုဘာ ၅ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ကျိုက်ထိုမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော်…

ကော့ကရိတ် မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

ကော့ကရိတ်၊ အောက်တိုဘာ ၉ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ထီဖိုးစံကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်တပ်တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီးနဲ့ လေယာဉ်ဗုံးကြဲမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၇ ထိန်းချုပ်နယ်မြေ နဘူးမြို့နယ် ထီဖိုးစံကျေးရွာမှာ KNLA တပ်ဖွဲ့နဲ့ စစ်တပ်တို့အကြား…