smart

မော်လမြိုင် ၊ အောက်တိုဘာ ၁၀

မွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ဦးစီးဌာနက အကျင့်ပျက် လဝက ဝန်ထမ်း ၈၄ ဦးကို အရေးယူထားတယ်လို့ စစ်တပ် အသွင်းပြောင်း ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ ချောင်းဆုံမြို့နယ် အမှတ် ၂ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းသန်းရဲ့ အကျင့်ပျက် လဝက ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ မေးခွန်းအပေါ် ဖြေကြားခဲ့တာပါ။

ဗိုလ်မှူးကြီး ကျော်စွာမြင့်က အခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာ ၂၀ ရက်နေ့ထိ အကျင့်ပျက် လဝက ဝန်ထမ်းတွေထဲက အရာထမ်း ၂၉ ဦး၊ အမှုထမ်း ၅၅ ဦးကို နိုင်ငံ့ဝန်ထမ်း ဥပဒေနဲ့ အရေးယူဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လဝကရုံးက ပွဲစား ၇၆ ဦးကို ပြစ်ဒဏ်ချမှတ်ပြီး အရေးယူထားသလို ပွဲစား ၃၃ ဦးကိုလည်း အမှုဖွင့် တရားစွဲဆိုထားတယ်လို့ ပြောပါတယ်။

စစ်အစိုးရက အကျင့်ပျက် လဝက ဝန်ထမ်းတွေကို အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုပေမယ့် မြေပြင်မှာတော့ လဝက ဝန်ထမ်းတွေဟာ ပြည်သူတွေဆီကနေ အကြောင်းပြချက် အမျိုးမျိုးနဲ့ ငွေကြေးတောင်းယူမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနကလည်း လဝက ဝန်ထမ်းတွေ ပြည်သူတွေဆီကနေ ငွေကြေးတောင်းခံရင် တိုင်းကြာနိုင်တယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.