ကျိုက်ထိုမှာ စစ်တပ်က လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှု ဆက်တိုက်လုပ်ဆောင်နေ
ကျိုက်ထို၊ စက်တင်ဘာ ၃၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အခုလ စက်တင်ဘာနောက်ဆုံးအပတ်အတွင်း အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့လေကြောင်းဗုံးကြဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ စက်တင်ဘာ ၂၂ ရက်နေ့ကနေ စက်တင်ဘာ ၂၉ ရက်နေ့အထိ ကျိုက်ထိုမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်၊ အသေခံဒရုန်းနဲ့တိုက်ခိုက်မှု ငါးကြိမ်၊ လက်နက်ကြီး…
