ကျောက်တော်မြို့ ဗုံးကြဲမှု လက်တုံ့ပြန်မယ်လို့ AA ပြော၊ သေဆုံးသူ ၄၉ ဦးအထိ ရှိလာ
ကျောက်တော်၊ စက်တင်ဘာ ၂၉ အရပ်သားပြည်သူ အများအပြား အစုံလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို လေကြောင်းဗုံးကြဲမှု ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေကို လက်တုံ့ပြန်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA / AA က ထုတ်ပြန်ပါတယ်။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA / AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနဲ့ အိန္ဒိယဈေးအနီးဝန်းကျင်ကို အာဏာသိမ်း စစ်တပ်က မနေ့…
