ကျောက်တော်၊ စက်တင်ဘာ ၂၈
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနဲ့ အိန္ဒိယဈေးအနီးဝန်းကျင်ကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာတယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်တပ်ဟာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်လောက်မှာ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနဲ့ အိန္ဒိယဈေးအနီးဝန်းကျင်ကို တိုက်လေယာဉ်နဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချသွားတာပါ။
လေကြောင်းဗုံးကြဲမှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ၃၃ ဦး ရှိနေပြီး ဒဏ်ရာရသူ ၃၆ ဦးအထိ ရှိကာ သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင်တယ်လို့ AA က အသိပေးထုတ်ပြန်ထားပါတယ်။
ဒီဗုံးကြဲမှုဟာ အာရက္ခဒေသအတွင်း စစ်တပ်ရဲ့ လေကြောင်းအကြမ်းဖက်တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေထဲမှာ မြောက်ဦး ပြည်သူ့ဆေးရုံးကြီး တိုက်ခိုက်ခံရမှုနောက် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးမှု အများဆုံးဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

