September 28, 2026

အားကောင်းတဲ့ မုန်တိုင်းငယ် ကျိုက်ထိုမြို့သို့ စတင်ဝင်ရောက်၊ အညိုရောင်အဆင့် သတ်မှတ်

ကျိုက်ထို၊ စက်တင်ဘာ ၂၈ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့ တောင်ဘက်မှ စတင်ဖြတ်ကျော်နေပြီး အညိုရောင်အဆင့် သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့ ည ၇ နာရီအချိန်မှာ သတင်းထုတ်ပြန်ပါတယ်။ မိုးဇလရဲ့ ည ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ မွန်-တနင်္သာရီကမ်းရိုးတန်းတို့မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ…

ထရန့်က တရုတ်ထံ လက်နက်တွေ ရောင်းချဖို့ ကမ်းလှမ်းခဲ့ကြောင်း အမေရိကန် အရာရှိ ပြော

ဝါရှင်တန် စက်တင်ဘာ ၂၈ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန်ထုတ် လက်နက်တွေ ဝယ်ယူလိုသလားလို့ မေးမြန်းခဲ့ဖူးကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ်ပါဒူးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ မေးခဲ့တာလဲ၊ ရှီကျင့်ဖျင်က ဘယ်လိုပြန်ဖြေခဲ့သလဲဆိုတာကိုတော့ သံအမတ် ပါဒူးက မပြောပါဘူး။ စက်တင်ဘာ ၂၇ ရက် Fox News နဲ့ အင်တာဗျူးမှာ…

ထိုင်းမှာ ရေဘေးကြောင့် အနည်းဆုံး လူ ၈ ဦးသေဆုံး

ဘန်ကောက် စက်တင်ဘာ ၂၈ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ရပ်ကွက်အများအပြား ရေလွှမ်းမိုးနေကာ တချို့နေရာတွေမှာ ရေခါးလယ်အထိ မြင့်တက်နေပါတယ်။ ရေဘေးသင့်ပြည်သူ ထောင်ပေါင်းများစွာလည်း ယာယီကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွှေ့နေရတယ်လို့ ရိုက်တာသတင်းဌာန က စက်တင်ဘာ ၂၈ ရက်မှာ ဖော်ပြပါတယ်။ ဘန်ကောက်မှာ ပြီးခဲ့တဲ့သီတင်းပတ် ၂ ရက်ကနေ ၃ ရက်အတွင်း မိုးရေချိန် ၃၂၀…

ကျောက်တော်မြို့ ဗုံးကြဲခံရလို့ သေဆုံး ၃၃ ဦးအထိ ရှိလာ

ကျောက်တော်၊ စက်တင်ဘာ ၂၈ ရခိုင်ပြည်နယ် ကျောက်တော်မြို့ ကစ္ဆပနဒီတံတားနဲ့ အိန္ဒိယဈေးအနီးဝန်းကျင်ကို အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူ ၃၃ ဦးအထိ ရှိလာတယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်လောက်မှာ ကျောက်တော်မြို့…

လောင်းရှည်နဲ့ ကန်ပက်လက်ကြားက ကျေးရွာတွေ လေကြောင်း တိုက်ခိုက်ခံရ

မကွေး စက်တင်ဘာ ၂၈ မကွေးတိုင်း လောင်းရှည်မြို့နယ်နဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်ကြားက ကျေးရွာတွေကို စက်တင်​ဘာ ၂၆ ရက်ကစလို့ အာဏာသိမ်း စစ်တပ်ကလေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဆောမြို့နယ်​မှာ နေထိုင်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လောင်းရှည်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်ကြားက ရင်းကဲ၊ ငှက်ချောင်နဲ့ မဆာတွီကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။…

တနင်္သာရီတိုင်း ရေကြီးမြေပြိုမှုကြောင့် သေဆုံးပျောက်ဆုံးသူ များလာ

ထားဝယ်၊ စက်တင်ဘာ ၂၈ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ ဖြစ်ပွားနေတဲ့ ရေကြီးမြေပြိုမှုကြောင့် သေဆုံးပျောက်ဆုံးသူ ဆယ်နဲ့ချီ ရှိနေပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၂၆ ရက်နေ့ကစလို့ ထားဝယ်ခရိုင်ရဲ့ လောင်းလုံး၊ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားနေပါတယ်။ ရေကြီးမြေပြိုမှုကို လောင်းလုံးမြို့နယ်မှာ အဆိုးဝါးဆုံး ခံစားနေရတာ…

မော်လမြိုင်မြို့အနီး ရောက်နေတဲ့ မုန်တိုင်းငယ်ကို အနီရောင်အဆင့် သတ်မှတ်

မော်လမြိုင် စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ် ရောက်ရှိလာကာ လက်ရှိမှာ မော်လမြိုင်မြို့ရဲ့ တောင်ဘက် ရေမိုင် ၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ စစ်အစိုးရလက်အောက်ခံ မိုးဇလ ဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲဲဲဒီ မုန်တိုင်းငယ်ဟာ မုတ္တမကွေ့အနီးကနေ ဖြတ်ကျော်နိုင်တာကြောင့် အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။ မုန်တိုင်းငယ်ဟာ…

၂၀၂၆ ရွေးကောက်ပွဲ တရားဝင်မှုအရေး ထိုင်း တရားရုံး ဆုံးဖြတ်ဖို့ရှိ

ဘန်ကောက်၊ စက်တင်ဘာ ၂၈ ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲ တရားဝင် ဖြစ်မှု အရေး စိန်ခေါ်မှုနဲ့ ပတ်သက်လို့ ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက စက်တင်ဘာ ၂၈ ရက်မှာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ တရားဆုံး ဆုံးဖြတ်ချက်က ရွေးကောက်ပွဲ ရလဒ် တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် ရလဒ် အားလုံးအပေါ် သံသယရှိလာစေမှာ…

စစ်သည်တော်ကျင့်ဝတ်တွေနဲ့ စစ်ဥပဒေတွေ ပြင်ဆင်ဖို့ MSFC ဆုံးဖြတ်

မော်လမြိုင် ၊ စက်တင်ဘာ ၂၈ မွန်ပြည်ဖက်ဒရယ်‌ကောင်စီ MSFC က‌နေ ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်တွေနဲ့ စစ်ဥပဒေတွေကို လိုအပ်တဲ့ ပြင်ဆင်ချက်တွေနဲ့ ဖြည့်စွက်ချက်တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ စက်တင်ဘာ ၂၆ ရက်က သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာမှာ MSFC ရဲ့ ဦးဆောင်မှုနဲ့ ကာကွယ်ရေးဌာနအောက်ရှိ တပ်ဖွဲ့တွေနဲ့ ပြည်ထဲရေးဌာနအောက်ရှိ…

ညှိနှိုင်းဆွေးနွေးမှုတွေကပဲ စစ်ပွဲကို အဆုံးသတ်နိုင်လိမ့်မယ်လို့ အီရန် ပြော

တီဟီရန်၊ စက်တင်ဘာ ၂၈ အီရန်နဲ့ အမေရိကန်ကြား ပဋိပက္ခကို ညှိနှိုင်းဆွေးနွေး အဖြေရှာမှုနဲ့ပဲ အဆုံးသတ် နိုင်မှာ ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဟောမု့ဇ် ရေလက်ကြား ပြန်လည် ဖွင့်လှစ်ရေး အဆိုပြုချက်ကို သမ္မတ ဒေါ်နယ် ထရန့်က လူသိရှင်ကြား ပယ်ချလိုက်ပြီးနောက် အခုလို ပြောဆိုချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အီရန်ရဲ့ အဆိုပြုချက်ကို…