July 2026

စစ်အာဏာသိမ်း (၂၀၀၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၁၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၃၁ AAPP ရဲ့ ဇူလိုင်၃၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၀၆) ရက်အတွင်း ပြည်သူ (၈၂၁၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၆၀၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၇၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

မိန့်ခွန်းခြွေမှုမှာတင် လမ်းဆုံးသွားတဲ့ ရက် ၁၀၀ စီမံချက်

နေပြည်တော် ၊ ဇူလိုင် ၃၁ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ဟာ ဇူလိုင် ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် အကျိုးရလဒ်ကတော့ ထူးခြားပြောင်းလဲသွားတာ မရှိဘူးလို့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရပ်သားအုပ်ချုပ်တဲ့ အသွင်ဆောင်ဖို့ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့…

လောင်းလုံးမှာ စစ်ကြောင်းဝင်နေလို့ ဒေသခံ ၈၀၀၀ ကျော် တိမ်းရှောင်နေရ

လောင်းလုံး၊ ဇူလိုင် ၃၁ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အာဏာသိမ်း စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူလူထု ၈၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၅၀၀ လောက်ရှိတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်း သုံးကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ် မြို့ဟောင်း၊…

ကျိုက်ထိုမှာ ဝါဆိုလပြည့်နေ့ အလည်သွားကြတဲ့ လူငယ် ၇ ဦး စစ်မှုထမ်း အဖမ်းခံရ

ကျိုက်ထို၊ ဇူလိုင် ၃၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပေ ၈၀ လမ်းထိပ် ဓမ္မာရုံအနီးမှာ ဝါဆိုလပြည့်နေ့ အလည်သွားကြတဲ့ လူငယ် ၇ ဦး စစ်မှုထမ်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၂၀ ကျော်ပါဝင်တဲ့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင် ၂၉ ရက်နေ့က ပေ ၈၀ လမ်းထိပ်…

ဂျပန်က အပူဒဏ် ကာကွယ်ရေး အအေးပေး အခန်းငယ်တွေ ဖန်တီး

တိုကျို၊ ဇူလိုင် ၃၀ နွေရာသီ အပူချိန် ပြင်းထန်လာမှုကြောင့် အများပြည်သူ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေ ပိုများလာနေချိန် ဂျပန် ထုတ်လုပ်သူတွေက အန္တရာယ်ရှိတဲ့ အပူချိန်နဲ့ ထိတွေ့မှုကနေ အလျင်မြန်လည် သက်သာစေရေး ကူညီဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ အအေးပေး အခန်းလေးတွေကို မိတ်ဆက်လိုက်ပါတယ်။ စက်မှုလုပ်ငန်းဆိုင်ရာ ထောက်ပံ့ရေး Trusco Nakayama နဲ့ ရေခဲသေတ္တာကုမ္ပဏီ Sanden…

YouTuber လွှန်ဆိုလို သေဆုံးမှု စုံစမ်းစစ်ဆေးရေး ထိုင်းသံရုံး အရာရှိတွေ ဂျော်ဂျီယာသို့ သွားရောက်

ဘန်ကောက်၊ ဇူလိုင် ၃၀ ထိုင်း လက်ထောက် ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖျူအန်ကက်ကွေးက လွှန်ဆိုလိုလို့ လူသိများပြီး ဘိုဝန်တတ် ပန်ဆောက်လို့ အမည်ရတဲ့ ထိုင်းလူမျိုး ခရီးသွား YouTuber သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း သူ့ရဲ့ မိသားစုကို ဖော်ပြ ပြောဆိုခဲ့ပါတယ်။ သူသေဆုံးမှု အခြေအနေကို စုံစမ်း စစ်ဆေးဖို့ ထိုင်းသံရုံး အရာရှိတွေဟာ ဂျော်ဂျီယာနိုင်ငံဆီကို…

ဖက်ဒရယ်ခြေလှမ်းအတွက် အသွင်ကူးပြောင်းရေးမူဘောင် အသင့်ဖြစ်ပြီလား

မော်လမြိုင် ၊ ဇူလိုင် ၃၀ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတိုက်ပွဲကနေ စနစ်အပြောင်းအလဲကို ဦးတည်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုတင်သဘောတူညီမှု ရယူထားမယ့် မူဘောင်တစ်ခု လိုအပ်နေပါတယ်။ ဒီအတွက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားပြီးတဲ့ကာလအလွန် အားလုံးလက်ခံနိုင်မယ့် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေကို မရေးဆွဲခင် အသွင်ကူးပြောင်းရေးကာလမှာ အုပ်ချုပ်ရေး စာတမ်းအဖြစ် ကျင့်သုံးနိုင်ဖို့ ဖြစ်ပါတယ်။ လက်ရှိမှာ တော်လှန်ရေးအင်အားစုတွေအချင်းချင်း စုပေါင်းရေးဆွဲထားကြတဲ့ ဖက်ဒရယ်အသွင် ကူးပြောင်းရေးအစီအမံများဆိုင်ရာ အခြေခံဥပဒေ…

ပုလော-မြိတ်လမ်းပိုင်းက နေရာတချို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်

ပုလော၊ ဇူလိုင် ၃၀ တနင်္သာရီတိုင်း ပုလောမြို့နယ် ပုလော – မြိတ် ပြည်ထောင်စုလမ်းပိုင်းက နေရာတချို့ကို အာဏာသိမ်း စစ်တပ် ပြန်လည်ထိန်းချုပ်လိုက်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၃၀၀ ကျော်ပါတဲ့ အာဏာသိမ်း စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့ကစလို့ ပုလော – မြိတ် ပြည်ထောင်စုလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်…

ပင်လယ်နီမှာ ဟူသီအဖွဲ့ရဲ့ အန္တရာယ်ကို တားဆီးရေး ဆော်ဒီက နိုင်ငံတကာညွှန့်ပေါင်း အဖွဲ့ ဖွဲ့ဖို့ ကြိုးပမ်း

ရီးယာ့ဒ်၊ ဇူလိုင် ၃၀ ပင်လယ်နီက ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ယီမင်နိုင်ငံရှိ ဟူသီ အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးရေး ဆော်ဒီအာရေးဗီးယားက နိုင်ငံတကာ ညွှန့်ပေါင်း အဖွဲ့ဖွဲ့စည်းဖို့ ကြိုးပမ်းနေကြောင်း အဲဒီ ဆွေးနွေးမှုများနဲ့ နီးစပ်သူတွေက ရိုက်တာသတင်းဌာနသို့ ပြောပါတယ်။ ညွှန်ပေါင်း အဖွဲ့ဖွဲ့စည်းရေး အပြီးသတ် မဆောင်ရွက်ရသေးပေမယ့် ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ အဲဒီ သတင်းရင်းမြစ်တွေက…

မြဝတီ ဖလူးတိုက်ပွဲမှာ DKBA တပ်ဖွဲ့ဝင်တွေ မပါဖို့ အမိန့်ထုတ်

မြဝတီ၊ ဇူလိုင် ၃၀ ကရင်ပြည်နယ် မြဝတီမြို့နယ် တောင်ပိုင်း ဖလူးဒေသမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေအတွင်း ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေ မပါဖို့ DKBA ဗဟိုစစ်ဌာနချုပ်ရုံး(ဆုံဆည်းမြိုင်)က တားမြစ်အမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဇူလိုင် ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အဲဒီအမိန့်အရ DKBA တပ်ဖွဲ့ဝင်တွေအနေနဲ့ ဖလူးဒေသတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခမှာ မပါဝင်ကြဖို့နဲ့…