A file image from March 2, 2024, shows the Chinese-flagged VLCC supertanker Cosnew Lake, which exited the Red Sea via the Bab el-Mandeb Strait on July 23, 2026. VLADIMIR TONIC/Handout via REUTERS THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. NO RESALES. NO ARCHIVES. MANDATORY CREDIT VERIFICATION: - Reuters confirmed the identity of the oil tanker as "COSNEW LAKE" (IMO: 9804289) by the stern, mast and name on the hull of the managing company that matched archive imagery. - The date was verified by original file metadata. - The location where it was taken was not verified.

ရီးယာ့ဒ်၊ ဇူလိုင် ၃၀

ပင်လယ်နီက ဖြတ်သန်းသွားတဲ့ သင်္ဘောတွေကို ယီမင်နိုင်ငံရှိ ဟူသီ အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးရေး ဆော်ဒီအာရေးဗီးယားက နိုင်ငံတကာ ညွှန့်ပေါင်း အဖွဲ့ဖွဲ့စည်းဖို့ ကြိုးပမ်းနေကြောင်း အဲဒီ ဆွေးနွေးမှုများနဲ့ နီးစပ်သူတွေက ရိုက်တာသတင်းဌာနသို့ ပြောပါတယ်။

ညွှန်ပေါင်း အဖွဲ့ဖွဲ့စည်းရေး အပြီးသတ် မဆောင်ရွက်ရသေးပေမယ့် ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ အဲဒီ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားချိန် ပင်လယ်နီမှာ တင်းမာမှုတွေ မြင့်တက်လာတာကြောင့် ကမ္ဘာ့စီးပွားရေး ထပ်မံထိခိုက်နိုင်ခြေ ရှိနေပါတယ်။

ဆော်ဒီအာရေးဗီးယားကို ရေကြောင်း ပိတ်ဆို့လိုက်ပြီလို့ ဟူသီ အဖွဲ့က ဇူလိုင် ၂၀ ရက်မှာ ကြေညာခဲ့တာပါ။

ဆော်ဒီအာရေးဗီးယား ခေါင်းဆောင်တွေဟာ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ယီမင် အပေါ် မတရား ဖိနှိပ်နဲ့ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တာကြောင့် မိမိတို့ရဲ့ အရင်းအမြစ်များ လျော့ကျခဲ့ပြီး အလုံးစုံ ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဟူသီ အဖွဲ့က စွပ်စွဲထားပါတယ်။

အဲဒီနောက်ပိုင်း ပင်လယ်နီရှိ ဆော်ဒီသင်္ဘောတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဟူသီ အဖွဲ့က ပြောပါတယ်။

စီးပွားဖြစ် ပြေးဆွဲတဲ့ သင်္ဘောတွေကို အန္တရာယ်ပြုဖို့ အသုံးပြုနေတဲ့ ယီမင်နိုင်ငံရဲ့ ဟိုဒိုင်ဒါ ဆိပ်ကမ်းရှိ ဟူသီအဖွဲ့ရဲ့ စစ်ဖက်ဆိုင်ရာ အဆောက်အဦတွေကို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဆော်ဒီက တုံ့ပြန်ခဲ့ပါတယ်။

မှတ်ချက်ပြုပေးဖို့ နိုင်ငံတကာ ဆက်ဆံရေး ဆော်ဒီ စင်တာကို ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ ရေလမ်းကြောင်း ပိတ်ဆို့မှုကြောင့် အီရန်ကို တိုက်ခိုက်တဲ့အနေနဲ့ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ပိုမို ကျယ်ပြန့်တဲ့ စစ်ပွဲအတွင်း အမေရိကန်နဲ့ မဟာမိတ်တွေအပေါ် တိုက်ခိုက်တဲ့ စစ်မျက်နှာ အသစ် တစ်ခု ပွင့်လာခဲ့ပါတယ်။

ပင်လယ်ကွေ့ထက် ကျော်လွန်တဲ့ ရေပြင်တွေဆီ စွမ်းအင်နဲ့ တခြား ထောက်ပံ့ရေး ပစ္စည်းတွေ ပိုဆောင်မယ့် သင်္ဘောတွေကို အီရန်က တိုးမြှင့် တိုက်ခိုက်နေတာကြောင့် ရေနံဈေးနှုန်း မြင့်တက်လာနေပါတယ်။

အမေရိကန်-အီရန် စစ်ပွဲအတွင်း ဒီလို စစ်မျက်နှာ တိုးလာမှုကို ရှောင်ရှားဖို့ ပင်လယ်ကွေ့ နိုင်ငံတွေ ကြိုးပမ်းနေကြပြီး ဒါက သူတို့ ပါဝင် တိုက်ခိုက်ရမယ့်စစ်ပွဲ မဟုတ်ဘူးလို့ ယုံကြည်ထားကြပြီး သူတို့ ဆွဲသွင်း မခံရစေဖို့ ဆန္ဒရှိကြောင်း အကြိမ်ကြိမ် ပြောဆိုထားပြီး ဖြစ်တယ်လို့ Al Jazeera သတင်းထောက် ဗစ်တိုးရီးယား ဂါတန်ဘီက ပြောပါတယ်။

ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆဲလ် အယ်လ် ဆောက်ဒ်ဆီကို ကာတာ၊ ကူဝိတ်နဲ့ ဘာရိန် နိုင်ငံခြားရေးဝန်ကြီးတို့က ဖုန်းနဲ့ ဆက်သွယ်ပြီး တင်းမာမှု လျှော့ချရေး ဆက်လက် ကြိုးပမ်းဖို့ အရေးကြီးကြောင်း ပြောကြားခဲ့ကြတယ်လို့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီးရုံးရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ယီမင်ရှိ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရအဖွဲ့ရဲ့ ဝန်ကြီး တစ်ဦးက ဟူသီအဖွဲ့ဟာ အီရန်ရဲ့ လမ်းညွှန်မှုနဲ့ ပင်လယ်နီနဲ့ ဘတ်အယ်မန်ဒက် ရေလက်ကြားက ဖြတ်သန်းတဲ့ သင်္ဘောတွေကို အဖိုးအခ ကောက်ခံတဲ့ စနစ် စတင်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီ လုပ်ရပ်ကြောင့် ဟူသီ အဖွဲ့ရဲ့ လက်နက်ကိုင် အဖွဲ့နဲ့ အကြမ်းဖက် လုပ်ရပ်တွေအတွက် အမြဲ ဝင်ငွေ ရရှိစေတဲ့ အရင်းအမြစ် ဖြစ်လာဖြစ်ပြီး ကမ္ဘာမှာ ဗျူဟာ အကျဆုံး ရေလမ်းကြောင်းတွေက တစ်ခုကို ဝင်ငွေ ရင်းမြစ်အဖြစ် ပြောင်းလဲဖို့ ကြိုးပမ်းနေတာကြောင့် အန္တရာယ်ရှိတဲ့ အရှိန်မြင့်တက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ပြည်ထဲရေးဝန်ကြီး မွမ်မာ အယ်လ်အာယာနီက ပြောပါတယ်။

ဒီအတောအတွင်း အမေရိကန် စစ်သားတွေကို အီရန်က တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် အီရန်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

အခုသီတင်းပတ် အတွင်း တိုက်ခိုက်မှုများ ရက်အတော်ကြာ ငြိမ်သက်သွားခဲ့ပြီးနောက် အမေရိကန်ရဲ့ ကြီးမားတဲ့ တိုက်ခိုက်မှုတွေ ပြန်လည် စတင်ခဲ့တာ ဖြစ်ပါတယ်။

Ref:Reuters/BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.