ဂျပန်က အပူဒဏ် ကာကွယ်ရေး အအေးပေး အခန်းငယ်တွေ ဖန်တီး
တိုကျို၊ ဇူလိုင် ၃၀ နွေရာသီ အပူချိန် ပြင်းထန်လာမှုကြောင့် အများပြည်သူ ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုတွေ ပိုများလာနေချိန် ဂျပန် ထုတ်လုပ်သူတွေက အန္တရာယ်ရှိတဲ့ အပူချိန်နဲ့ ထိတွေ့မှုကနေ အလျင်မြန်လည် သက်သာစေရေး ကူညီဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ ရွှေ့ပြောင်းနိုင်တဲ့ အအေးပေး အခန်းလေးတွေကို မိတ်ဆက်လိုက်ပါတယ်။ စက်မှုလုပ်ငန်းဆိုင်ရာ ထောက်ပံ့ရေး Trusco Nakayama နဲ့ ရေခဲသေတ္တာကုမ္ပဏီ Sanden…
