မနီလာ၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၊ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး ထရီဆာ ပီ လာဇာရိုက အခုနှစ် စတုတ္ထသုံးလပတ် ကာလအတွင်း မြန်မာ နိုင်ငံသို့ လူသားချင်း စာနာထောက်ထားရေး ခရီးစဉ် သွားရောက်ဖို့ စီစဉ်ထားကြောင်း ပြောပါတယ်။

အခုနှစ် အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်ရဲ့ ကိုယ်စားလှယ်တွေနဲ့ အရှေ့တောင်အာရှ တဝှမ်းက ဂျာနယ်လစ်တွေ တွေ့ဆုံကြတဲ့ အာဆီယံ မီဒီယာအစီအစဉ် ဖြစ်တဲ့ ၁၀ ကြိမ်မြောက် အာဆီယံ မီဒီယာဖိုရမ်အတွင်း သူ့ရဲ့ အတည်ပြုချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

အခုနှစ် အာဆီယံ ဥက္ကဋ္ဌဟာ မကြာသေးခင် နှစ်တွေအတွင်း လက်တွေ့အကျိုး ဖြစ်ထွန်းမှုတွေထဲက တစ်ခု ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တယ်လို့ မစ္စစ် လာဇာရိုက ပြောပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက် တင်းမာမှုတွေ၊ အရှေ့အလယ်ပိုင်း ဒေသတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ တောင်တရုတ် ပင်လယ်အတွင်း ထိရောက်မှုရှိတဲ့ လိုက်နာရမယ့် စည်းကမ်းတွေ သတ်မှတ်ရေး ကြိုးပမ်းမှုတွေ၊မြန်မာ့ပြဿနာ ဖြေရှင်းရေး ကြိုးပမ်းမှုတွေဟာ အလျင်အမြန် ပြောင်းလဲနေတဲ့ ကမ္ဘာ့ပထဝီ နိုင်ငံရေး အခြေအနေတွေ ဖြစ်ပေါ်နေချိန်မှာ ကိစ္စအားလုံး ဖြစ်လာတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဇူလိုင် ၁၂ ရက်က ဘန်ကောက်မြို့မှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေနဲ့ အာဆီယံဝန်ကြီး အလွတ်သဘော တွေ့ဆုံမှုနဲ့ ပတ်သက်လို့ ပြောကြားရာမှာ မစ္စစ် လာဇာရိုက မြန်မာနိုင်ငံသို့ လူသားချင်း စာနာ ထောက်ထားရေး ခရီးစဉ် ယခုနှစ် စတုတ္ထ သုံးလပတ် ကာလအတွင်း သွားရောက်ဖို့ စီစဉ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားသလဲဆိုတာကို သူက မပြောပေမယ့် အသေးစိတ်ကို ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံးနဲ့ စီစဉ်နေဆဲ ဖြစ်တယ်လို့ ဖြေကြားပါတယ်။

ဒါပေမဲ့ အဲဒီ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပြည်သူတွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပေးပို့ရေး ဖြစ်တယ်လို့ သူက ပြောပါတယ်။

လောလောဆယ် မိမိတို့အနေနဲ့ အကူအညီ ပေးရေး ဦးစားပေးနေရာတွေကို ရွေးချယ်နေဆဲ ဖြစ်ပြီး သြဂုတ်လလောက်မှာ ကူညီထောက်ပံ့ရေး ရွေးချယ်ထားတဲ့ နေရာဒေသတွေကို ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်ကြောင်းသူက ဖြည့်စွက် ပြောဆိုပါတယ်။

စတုတ္ထမြောက် သုံးလပတ် ကာလအတွင်း သွားရောက်ဖို့ စီစဉ်ထားပြီး ပူးပေါင်းဆောင်ရွက်နိုင်ရေး ရန်ကုန်မြို့ရှိ မိမိတို့ သံရုံးကို ဖြေရှင်းခိုင်းထားကြောင်းလည်း သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် သူ့ရဲ့ လုပ်နိုင်စွမ်းအတွင်း သူ့အနေနဲ့ သတိဆက်ထားဖို့ လိုအပ်ပြီး တောင်းဆိုမှုတွေ မပြုလုပ်မိအောင် ရှောင်ရှားဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရှိရေးဟာ အာဆီယံ အဖွဲ့အတွက် အရေးပါလိမ့်မယ်လို့ မစ္စစ် လာဇာရိုက ဆိုပါတယ်။

သူနဲ့ တွေ့ဆုံခွင့်ရရင် မိမိတို့ကို ကမ္ဘာမြေပုံပေါ် ပြန်လည် ရောက်ရှိလာစေမှာ ဖြစ်လာကြောင့် အာဆီယံအတွက် အရမ်း ကောင်းလိမ့်မယ်လို့ မစ္စစ် လာဇာရိုက ပြောပါတယ်။

မြန်မာ ပြဿနာ ဖြေရှင်းရေး အာဆီယံရဲ့ ကြိုးပမ်းမှုများ တစ်သတ်မတ်တည်း ဖြစ်စေရေး မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တစ်ဦး ခန့်အပ်နိုင်ဖို့လည်း အာဆီယံက ကြိုးပမ်းနေပါတယ်။

ဒီအတောအတွင်း လာမယ့် သြဂုတ်လမှာ မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်ဖို့ ရှိနေပြီး နှစ်နိုင်ငံ နယ်စပ်က တရုတ် ထောက်ပံ့ပေးထားတဲ့ မိုင်းတွင်းများကြောင့် မြစ်ရေး ညစ်ညမ်းမှုကိစ္စနဲ့ ပတ်သက်လို့ ဖိအားပေးသွားမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောထားပါတယ်။

အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရေး အကြိမ်ကြိမ် တောင်းဆိုထားပေမယ့် သူ့ကို ကောင်းကောင်း စောင့်ရှောက်ထားတယ်လို့ပဲ မြန်မာဖက်က တုံ့ပြန်ထားပါတယ်။

လောလောဆယ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ပြောင်းရွှေ့ချထားတယ်လို့ စစ်ခေါင်းဆောင်တွေက ပြောထားပေမယ့် ဘယ်နေရာမှာထိန်းသိမ်းထားကြောင်း မသိရပါဘူး။

ကမ္ဘာတဝှမ်းမှာတော့ သူ့ရဲ့ သားဖြစ်သူ ကိုထိန်လင်း အပါအဝင် လူပေါင်းများစွာက ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြဖို့ တောင်းဆိုနေကြပါတယ်။
Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.