သံဖြူဇရပ်မှာ လေဆင်နှာမောင်းတိုက်လို့ နေအိမ် ၄၀ ဝန်းကျင် ပျက်စီး
သံဖြူဇရပ်၊ ဇူလိုင် ၁၂ မွန်ပြည်နယ် သံဖြူဇရပ်မြို့ အောင်ဇေယျနဲ့အောင်သုခရပ်ကွက်တွေမှာ ဇူလိုင် ၁၀ ရက် ညက လေဆင်နှာမောင်းတိုက်လို့ နေအိမ် ၄၀ ဝန်းကျင် ပျက်စီးခဲ့တယ်လို့ မြို့ခံ ကူညီဆောင်ရွက်ပေးနေ သူတွေထံကနေ သိရပါတယ်။ ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီ မိနစ် ၃၀ ခန့်မှာ မိုးသည်းထန်စွာရွာသွန်းပြီး လေဆင်နှာမောင်းတိုက်ခတ်တာ…
