ဆိုးလ်၊ ဇူလိုင် ၁၀

မြောက်ကိုရီးယားက နျူကလီးယား တပ်ဖွဲ့ကို အရည်အသွေးရော၊ အရေအတွက်ပါ အင်အားတိုးမြှင့်သွားမှာဖြစ်ပြီး တောင်ကိုရီးယားအပေါ် အဓိကထားတဲ့ စစ်ထောက်လှမ်းရေး အေဂျင်စီရဲ့ အခန်းကဏ္ဍကိုလည်း တိုးမြှင့်သွားမှာ ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၁၀ ရက်မှာ ဖော်ပြပါတယ်။

ပြိုးယမ်းဟာ သူတို့ရဲ့ နျူကလီးယား စီမံကိန်းနဲ့ ပတ်သက်လို့ ကျယ်ပြန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပြီး ၁၉၅၀ ကနေ ၁၉၅၃ ခုနှစ်အထိ ကိုရီးယား နှစ်နိုင်ငံ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ ငြိမ်းချမ်းရေး သဘောတူညီမှုမရဘံ အဆုံးသတ်ခဲ့တာ ဖြစ်တာကြောင့် တောင်နဲ့ မြောက် စစ်ဖြစ်နေဆဲ သဘော ဖြစ်ပါတယ်။

မြောက်ကိုရီးယားက တောင်ကိုရီးယားဟာ သမ္မတ လီဂျေးမြောင် လက်ထက်မှာ ရန်အလိုဆုံး ရန်သူ ဖြစ်ပြီး မိမိတို့ရဲ့ နျူကလီးယား လက်နက်ပိုင်ဆိုင်ထားတဲ့ အခြေအနေကို ပြန်ပြောင်းလဲလို့ မရဘူးလို့ ပြောဆိုထားပါတယ်။

ဇူလိုင် ၉ ရက်မှာ ကျင်းပခဲ့တဲ့ မြောက်ကိုရီးယား အာဏာရပါတီ ဗဟို စစ်ရေး ကော်မတီ အစည်းအဝေးမှာ သက်ဆိုင်ရာ ကိစ္စရပ်တွေကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဒီ အစည်းအဝေးမှာ မြောက်ကိုရီးယား နျူကလီးယား တပ်ဖွဲ့ကို အရည်အသွေးရော အရေအတွက်ပါ အားကောင်းအောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း KCNA သတင်းဌာနက ရေးပါတယ်။

တောင်ကိုရီးယားနဲ့ ပတ်သက်လို့ တာဝန်ပေးထားတဲ့ အထွေထွေ ကင်းထောက်ရေးနဲ့ ထောက်လှမ်းရေး ဗျူရိုရဲ့ လုပ်ဆောင်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့လည်း အဲဒီ အစည်းအဝေးက တိုက်တွန်းခဲ့ပါတယ်။

အဲဒီ ထောက်လှမ်းရေးဌာနဟာ ရန်သူတွေရဲ့ အန္တရာယ် ပေးလာနိုင်ခြေကို ထိန်းချုပ်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပြီး ထောက်လှမ်းမှုတွေကို အခြေခံကျတဲ့ နည်းလမ်းနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ KCNA က ဖော်ပြထားပါတယ်။

မြောက်ကိုရီးယားရဲ့ နောက်ဆုံးလုပ်ရပ်က ကိုရီးယား နှစ်နိုင်ငံကို ရန်လိုတဲ့ နိုင်ငံတွေအဖြစ် သဘောထားကြောင်း ဖော်ပြနေတယ်လို့ အမျိုးသား ပြန်လည် ပေါင်းစည်းရေး ကိုရီးယား အင်စတီကျု အကြီးတန်း သုတေသီ ဟွန်မင်းက ပြောပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.