ဒူဘိုင်း၊ ဇူလိုင် ၁၁

အီရန်နဲ့ အပစ်အခက် ရပ်စဲရေး သဘောတူညီမှု ထပ်ပြီး အသက်ဝင်တော့မှာ မဟုတ်ပေမယ့် အီရန်နဲ့ ထပ်မံ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။

ပြီခဲ့တဲ့ လကတည်းက အမေရိကန်နဲ့ အီရန်ကြား တိုက်ရိုက် ဆွေးနွေးမှု တစ်ခုမှ မရှိခဲ့ကြောင်း လေ့လာသူတွေက ပြောပါတယ်။

အခု သီတင်းပတ်အတွင်း အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိနေချိန် ကာတာက ကြားဝင် ညှိနှိုင်းပေးတဲ့ နိုင်ငံအနေနဲ့ ဆောင်ရွက်နေပါတယ်။

ဟောမု့ဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ ရေနံတင် သင်္ဘော ၃ စီးကို အီရန်က တိုက်ခိုက်တာကြောင့် အမေရိကန်က တိုက်ခိုက်မှုတွေ ပြန်လည် ပြုလုပ်ပြီးနောက် အီရန်က ဒေသတွင်း အမေရိကန် စစ်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အီရန်က ဆွေးနွေးမှုတွေ ဆက်လက် ပြုလုပ်ရေး တောင်းဆိုနေပေမယ့် မိမိတို့ အနေနဲ့ အပစ်အခတ် ရပ်စဲမှု ပြီးဆုံးပြီ ဖြစ်ကြောင်း ထရန့်က ပြောပါတယ်။

တူရကီမြို့တော် အန်ကာရာမှာ ကျင်းပခဲ့တဲ့ နေတိုးအဖွဲ့ ထိပ်သီးဆွေးနွေးပွဲ အတွင်း ထရန့်က အီရန်နဲ့ ညှိနှိုင်းနေရာတာဟာ အချိန်ဖြုန်းနေတာပဲ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ဆွစ်ဇာလန်မှာ တစ်ကြိမ် ဆေးနွေးခဲ့ပြီး နောက်ပိုင်း ထပ်မံ ဆွေးနွေးမှု မရှိတော့ဘူးလို့ သိရပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ လူမှုမီဒီယာ ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ အီရန်က တုံ့ပြန်မှု မရှိသေးပါဘူး။

ဒါပေမယ့် အီရန် ညှိနှိုင်းရေးမှုး မိုဟာမက် ဘာခါ ခါလီဘတ်က အီရန် လက်နက်ချ အရှုံးခံမှုနဲ့ စစ်ပွဲ အဆုံးသတ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လက ရရှိခဲ့တဲ့ နားလည်မှု စာချွန်လွှာကို ချိုးဖောက်ရင် အီရန်အနေနဲ့ အင်အား အားလုံးထုတ်ပြီး တိုက်ခိုက်သွားမယ်လို့ သူက ပြောဆိုထားပါတယ်။

အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ ခါမေနီရဲ့ အလောင်းကို မြေချနေချိန်မှာ တိုက်ခိုက်မှုတွေ အပြန်အလှန် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.