ကိဗ်၊ ဇူလိုင် ၁၁
အမေရိကန်က ယူကရိန်းကို အဆင့်မြင့် လက်နက်တွေ ထုတ်လုပ်ခွင့် ပေးလိုက်ပြီးနောက် ယူကရိန်းက Patriot လေကြောင်း ကာကွယ်ရေးစနစ် ထုတ်လုပ်ရေး ကူညီပေးဖို့ ဂျပန် ကုမ္ပဏီ မစ်ဆူဘီရှိကို အကူအညီတောင်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဒီလန်စကီးက Patriot ဒုံးကျည် ထုတ်လုပ်ခွင့် လိုင်စင်ရထားတဲ့ လက်တစ်ဆုပ်စာ ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်တဲ့ မစ်ဆူဘီရှီ ကုမ္ပဏီနဲ့ လက်တွဲ အလုပ်လုပ်ဖို့ စိတ်ဝင်စားကြောင်း အခု သီတင်းပတ်အတွင်း ပြောကြားထားပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းအနေနဲ့ လေကြောင်း ကာကွယ်ရေး လက်နက်တွေ အသည်းအသန် လိုအပ်နေကြောင်း ဇီလန်စကီးက ပြောထားတာ ကြာပြီ ဖြစ်ပါတယ်။
မစ်ဆူဘီရှီ ကုမ္ပဏီ ထုတ်လုပ်နေတာတွေကို မိမိတို့ သိထားကြောင်းနဲ့ Patriot ဒုံးကျည်စနစ် ထုတ်လုပ်ရာမှာ အလွန် မြင့်မားတဲ့ စံနှုန်းကို ထိန်းသိမ်းထားနိုင်တဲ့ ကုမ္ပဏီ ဖြစ်ကြောင်း ဇီလန်စကီးက ဇူလိုင် ၉ ရက်မှာ ပြောပါတယ်။
အမေရိကန်ရဲ့ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်တာကြောင့် ကုမ္ပဏီ တစ်ခုအနေနဲ့ ကိုယ်ပိုင် ပဲ့ထိန်းဒုံးကျည် ကာကွယ်ရေး စနစ် တီထွင် ထုတ်လုပ်နိုင်တယ်လို့ ယူကရိန်းသမ္မတက ဆိုပါတယ်။
မိမိတို့အနေနဲ့ ယူကရိန်းမှာ အဒီလို လက်နက် စနစ်မျိုး ထုတ်လုပ်နိုင်တာ မြင်တွေ့လိုပေမယ့် ဂျပန်ရဲ့ ဆန္ဒရှိမှုအပေါ် မူတည်နေတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
အန်ကာရာမြို့မှာ ကျင်းပခဲ့တဲ့ နေတိုးအဖွဲ့ ညီလာခံ ပြင်ပမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းကို Patriot ဒုံးဖျက်ဒုံး ထုတ်လုပ်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။
မိမိတို့ အနေနဲ့ Patriot ဒုံးကျည် ထုတ်လုပ်ခွင့် ပေးမှာ ဖြစ်တာကြောင့် လုံလုံလောက်လောက် မပေးဘူးလို့ စောဒက မတက်သင့်ကြောင်း ထရန့်က ပြောထားပါတယ်။
ဒါပေမဲ့ အမေရိကန် ခေါင်းဆောင်က အသေးစိတ် ပြောကြားတာ မရှိသေးဘဲ စိန်ခေါ်မှုတွေ အများကြီး ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
ယူကရိန်းသို့ အမေရိကန်က အရင် ပေးပို့ဖူးခဲ့တဲ့ Patriot ဒုံးကျည် ကာကွယ်ရေး စနစ်ဟာ ရုရှားရဲ့ ပိုများလာနေတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ရေး ယူကရိန်း အတွက် တစ်ခုတည်းသော ကာကွယ်ရေး လက်နက်စနစ် ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီ လေကြောင်းရန် ကာကွယ်ရေး စနစ် ထုတ်လုပ်နိုင်ရေး ယူကရိန်း အနေနဲ့ တစ်နှစ်လောက် အချိန်ယူရနိုင်တယ်လို့ စစ်ရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။
အဲဒီ လေကြောင်း ကာကွယ်ရေး စနစ်ကို ပြည်တွင်းမှာ ထုတ်လုပ်ထားပြီး ဖြစ်တဲ့ ဂျာမနီက ယူကရိန်းကို ကူညီပေးနိုင်တဲ့ နိုင်ငံ ဖြစ်ကြောင်းလည်း စစ်ရေး လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ယူကရိန်းက တစ်နှစ်ကို Patriot ဒုံးကျည် ၃၀ ထုတ်လုပ်ဖို့ စီစဉ်ထားပေမယ့် ဂျပန် ပါဝင်မယ့် အခန်းကဏ္ဍကိုတော့ မသိရသေးပါဘူး။
Ref:Reuters

