July 31, 2026

စစ်အာဏာသိမ်း (၂၀၀၆)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၁၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၃၁ AAPP ရဲ့ ဇူလိုင်၃၀ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၀၆) ရက်အတွင်း ပြည်သူ (၈၂၁၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၆၀၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၇၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

မိန့်ခွန်းခြွေမှုမှာတင် လမ်းဆုံးသွားတဲ့ ရက် ၁၀၀ စီမံချက်

နေပြည်တော် ၊ ဇူလိုင် ၃၁ အာဏာသိမ်း စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ် အသွင်းပြောင်း အစိုးရရဲ့ ရက် ၁၀၀ စီမံချက်ဟာ ဇူလိုင် ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် အကျိုးရလဒ်ကတော့ ထူးခြားပြောင်းလဲသွားတာ မရှိဘူးလို့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရပ်သားအုပ်ချုပ်တဲ့ အသွင်ဆောင်ဖို့ တပ်ချုပ်ရာထူးကို စွန့်လွှတ်ပြီး ကိုယ်တိုင်ခန့် သမ္မတဖြစ်လာတဲ့…

လောင်းလုံးမှာ စစ်ကြောင်းဝင်နေလို့ ဒေသခံ ၈၀၀၀ ကျော် တိမ်းရှောင်နေရ

လောင်းလုံး၊ ဇူလိုင် ၃၁ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်မှာ အာဏာသိမ်း စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူလူထု ၈၀၀၀ ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၅၀၀ လောက်ရှိတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်း သုံးကြောင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကစလို့ လောင်းလုံးမြို့နယ် မြို့ဟောင်း၊…

ကျိုက်ထိုမှာ ဝါဆိုလပြည့်နေ့ အလည်သွားကြတဲ့ လူငယ် ၇ ဦး စစ်မှုထမ်း အဖမ်းခံရ

ကျိုက်ထို၊ ဇူလိုင် ၃၁ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပေ ၈၀ လမ်းထိပ် ဓမ္မာရုံအနီးမှာ ဝါဆိုလပြည့်နေ့ အလည်သွားကြတဲ့ လူငယ် ၇ ဦး စစ်မှုထမ်း ဖမ်းဆီးခံလိုက်ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၂၀ ကျော်ပါဝင်တဲ့ စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေဟာ ဇူလိုင် ၂၉ ရက်နေ့က ပေ ၈၀ လမ်းထိပ်…