July 28, 2026

စစ်အာဏာသိမ်း (၂၀၀၄)ရက်အတွင်း သတ်ဖြတ်ခံရသူ (၈၂၁၁) ဦးအထိရှိလာ

မော်လမြိုင်၊ ဇူလိုင်၂၉ AAPP ရဲ့ ဇူလိုင်၂၈ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၂၀၀၄) ရက်အတွင်း ပြည်သူ (၈၂၁၁) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၁၅၉၆) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၉၀၇၆)ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး ရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ(၇၂) ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

ဘီးလင်းမှာ တစ်ပတ်အတွင်း လူငယ် ၁၇ ဦး အဖမ်းခံရ

ဘီးလင်း၊ ဇူလိုင် ၂၉ မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ဘက်က တစ်ပတ်အတွင်း လူငယ် ၁၇ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကာလအတွင်းမှာ မြို့တွင်းလမ်းတွေနဲ့ကျေးရွာချင်းဆက်လမ်းတွေပေါ်မှာ စစ်တပ်က လူငယ်တွေကို ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။ အရင်လို ညဘက် ဖမ်းဆီးတာမျိုးမဟုတ်ဘဲ ညနေအချိန် အလုပ်ပြန်တဲ့လူငယ်တွေကို…

ဆောမြို့နယ်က တိုက်ပွဲမှာ စစ်တပ်ရဲ့ စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ

မကွေး ဇူလိုင် ၂၉ မကွေးတိုင်း ဆောမြို့နယ်မှာ တိုက်ပွဲ ဖြစ်ပွားပြီး အာဏာသိမ်းစစ်တပ်ထံက စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိတယ်လို့ မကွေးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်ပါတယ်။ ဇူလိုင် ၁၆ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ လောင်းရှည်တိုက်နယ်ကနေ ဆောမြို့ကို ဦးတည်ထွက်ခွာလာတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုတွေအတွင်း အာဏာသိမ်းစစ်တပ်ဘက်က အထိနာလို့ ဆုတ်ခွာထွက်ပြေးစဉ်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေက…

ပုလောမှာ ရိက္ခာပြန်ယူတဲ့ စစ်ရှောင်အမျိုးသား အာဏာသိမ်းစစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံး

ပုလော ဇူလိုင် ၂၉ တနင်္သာရီတိုင်း ပုလောမြို့နယ် ဘိုင်းပြင်ရွာမှာ ရွာကို ရိက္ခာပြန်ယူတဲ့ စစ်ရှောင်အမျိုးသား တစ်ဦး သေနတ်နဲ့ အပစ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။ ဇူလိုင် ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှာ ကျေးရွာကနေ စစ်ရှောင်နေရတဲ့ ရွာခဲ အမျိုးသား ၃ ဦးဟာ ကျေးရွာကို…

ဟောမု့ဇ်ရေလက်ကြားကို အီရန် ထိန်းချုပ်ထားသလို ဟူသီအဖွဲ့က ပင်လယ်နီကို ထိန်းချုပ်ဖို့ ဆန္ဒရှိနေ

ဆာနာအာ၊ ဇူလိုင် ၂၈ ကမ္ဘာ့လောင်စာ တင်ပို့မှုအတွက် အရေးပါတဲ့ ဟောမု့ဇ် ရေလက်ကြားကို အီရန် ထိန်းချုပ်ထားသလို ယီမင်နိုင်ငံရှိ ဟိုသီ အဖွဲ့ကလည်း ပင်လယ်နီ သင်္ဘော လမ်းကြောင်းကို ထိန်းချုပ်ဖို့ ဆန္ဒရှိနေကြောင်း ယီမင် ထိပ်တန်း သံတမန်က ပြောပါတယ်။ ဟူသီ အဖွဲ့က အီရန်ရဲ့ လုပ်ရပ်အတိုင်း ပုံစံတူ ကူးချဖို့ လုပ်ဆောင်နေတာကြောင့် ပင်လယ်နီရှိ…

ဆိုက်ဘာ လိမ်လည်မှုအတွက် သေဒဏ်ပေးမယ့် ဥပဒေ မြန်မာ အတည်ပြု

နေပြည်တော်၊ ဇူလိုင် ၂၈ မြန်မာ စစ်တပ်ထောက်ခံတဲ့ လွှတ်တော်က ကျားဖြန့်လုပ်ငန်းတွေမှာ လူတွေကို ထိန်းသိမ်းထားတာ ဒါမှမဟုတ် အကြပ်ကိုင်ပြီး အကြမ်းဖက် ပို့ဆောင် အလုပ်လုပ်ခိုင်းသူတွေအပေါ် သေဒဏ်ချမှတ်မယ့် ဥပဒေကို ဇူလိုင် ၂၈ ရက်မှာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ နေပြည်တော်မှာ ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ပူးပေါင်း ကျင်းပခဲ့တဲ့…

ရထားပေါ်မှာ အော်ဟစ်ဆူညံခဲ့တဲ့ ဒေါ်မြသန်းပါ ၅၄ ဦးကို ဒဏ်ငွေ တစ်သိန်းစီ အမိန့်ချ

မော်လမြိုင်၊ ဇူလိုင် ၂၈ မော်လမြိုင်-ရန်ကုန် လေအေးပေးစက်ပါ လူစီးအမြန် ရထားပေါ်မှာ ခရီးသည်တွေ စိတ်အနှောင့်အယှက်ဖြစ်အောင် အော်ဟစ်ဆူညံခဲ့တဲ့ ဒေါ်မြသန်းပါ ၅၄ ဦးကို ဒဏ်ငွေ တစ်သိန်းစီသာ အမိန့်ချမှတ်လိုက်တယ်လို့ တရားနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်လမြိုင် ဆရာမကြီး ဒေါ်မြသန်းပါ ၅၄ ဦးကို မနေ့ ဇူလိုင် ၂၇ ရက်နေ့က မော်လမြိုင်မြို့နယ် တရားရုံးကနေ…

DKBA ကျောက်ခတ် ကျားဖြန့်ဆိုက်ကို စစ်တပ် ဝင်စီး

မြဝတီ၊ ဇူလိုင် ၂၈ ကရင်ပြည်နယ် မြဝတီမြို့နယ် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ်ဒေသရှိ ကျားဖြန့်ဆိုက် ဝင်ရောက်စီးနင်းမှုမှာ ကျားဖြန့်လုပ်သား ၇၇၇ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်တပ် အသွင်းပြောင်း အစိုးရက ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်နယ်မြေ ကျောက်ခတ် ကျားဖြန့်ဆိုက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့မှာ စစ်တပ်စစ်ကြောင်းက…

အမေရိကန် နိုင်ငံသား ၃ ဦးမှာ ၁ ဦးကပဲ အီရန်အပေါ် တိုက်ခိုက်မှုတွေကို ထောက်ခံ

ဝါရှင်တန်၊ ဇူလိုင် ၂၈ အီရန် စစ်ပွဲကို အမေရိကန်နိုင်ငံသား ၃ ဦးမှာ ၁ဦးကပဲ ထောက်ခံကြောင်း Reuters/Ipsos စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒါက ငါးလကြာ ပဋိပက္ခအတွင်း စောစောပိုင်းရက်တွေကထက် ထောက်ခံမှု အနည်းဆုံး အနေအထားကို ရောက်ရှိလာတာ ဖြစ်ပြီး သမ္မတ ဒေါ်နယ် ထရန့် အနေနဲ့ သူ့ရဲ့ ရည်မှန်းချက်တွေကို ရှင်းလင်း ဖော်ပြဖို့…

ပါကစ္စတန်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတွေ လှေတွေနဲ့ထွက်ပြေးရ

မူရစ်ကီ၊ ဇူလိုင် ၂၈ ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ကျေးရွာတွေမှာ မုတ်သုန်မိုး သည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ကျေးရွာတွေ ရေနစ်မြုပ်နေစဉ် ဇူလိုင် ၂၇ ရက်က ဒေသခံတွေဟာ အိုးအိမ်များ စွန့်ခွာပြီး လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ စေတနာ့ ဝန်ထမ်းများက မော်တော်ဘုတ်တွေနဲ့ ဒေသခံတွေကို ဘေးကင်းရာ ရွှေ့ပြောင်း ပေးနေတာကို အေအက်ဖ်ပီ ဂျာနယ်လစ်တွေ မြင်တွေ့ခဲ့ရပါတယ်။…