ကျောက်ကြီးမှာ စစ်တပ်လက်နက်ကြီးကျလို့ မိသားစု သုံးဦး သေဆုံး
ကျောက်ကြီး၊ ဇွန် ၂ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ဝဲဒေါခိုကျေးရွာမှာ စစ်ကော်မရှင်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မိသားစု သုံးဦး သေဆုံးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက် KPSN က ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ မေ ၃၀ ရက်နေ့က ကျောက်ကြီးအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၂၆၄ ခြေလျင်တပ်ရင်းကနေ လက်နက်ကြီး ၁၅၅ မမ တစ်လုံး…
